၇) တန်းကတည်းက ခင်မင်ခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းကို ခင်မင်မှု(၁၉)နှစ်ပြည့် အဖြစ် လက်စွပ်လှလှလေးတွေ လက်ဆောင်ပေးခဲ့တဲ့ ဖွေးဖွေ

(၇) တန်းကတည်းက ခင်မင်ခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းကို ခင်မင်မှု(၁၉)နှစ်ပြည့် အဖြစ် လက်စွပ်လှလှလေးတွေ လက်ဆောင်ပေးခဲ့တဲ့ ဖွေးဖွေး

နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူ တစ်ဦး ဖြစ်ပြီး သူမရဲ့ပီပြင်တဲ့ သရုပ်ဆောင်စွမ်းရည်တေကြောင့် အနုပညာသက်တမ်း ၁၀ နှစ်အတွင်းမှာ အကယ်ဒမီဆုကြီး(၃)ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိထားတဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ပေးအပ်ချီးမြှင့်တဲ့Asia Special Award ဆုကြီးကိုလည်း ရရှိပိုင်ဆိုင်ခဲ့ ပါသေးတယ်။

ပရိသတ်တွေ အတွက် အလုပ် တွေကို လုပ်ရင်း တဖြည်းဖြည်းအ သက်ရလာတဲ့ ဖွေးဖွေးက တစ်ကိုယ်တည်း အပျိုကြီး အဖြစ် အနု ပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင် နေဆဲ ဖြစ်ပါတယ် ။ မိ သားစုနဲ့ သူငယ်ချင်း တွေကို အရမ်း ခင်တွယ်တဲ့ ဖွေးဖွေးက အခုတစ်ခါမှာလည်း (၇) တန်း ကတည်းက ခင်မင်ခဲ့တဲ့ အချစ်ဆုံးသူ ငယ်ချင်း စာရေးဆရာမ မာရင်ရင်ကို ခင်မင်မှု(၁၉)နှစ်ပြည့်အဖြစ် လက်ဆောင်လေးတွေ ပေးခဲ့တယ်လို့ သိရပါတယ်။

မာရင်ရင်က “7 တန်းနှစ်လောက်က စတားကိုလာ တစ်ထုပ်တူတူသောက် ၊ မြိုင်ဟေဝန်၅၀ တန်ဘာဂါပိစိတစ်လုံး နှစ်ယောက်ခွဲစား ပုံတွေအတူဆွဲ ရန်ဖြစ်လိုက်ချစ်လိုက် စိတ်ကောက်လိုက် ပြန်တည့်လိုက်နဲ့ ၁၉ နှစ်ရှိသွားပြီ 😘 အဖွေးပေးတဲ့ မနက်ခင်းလက်ဆောင် 😍😍😍😍” ဆိုပြီး ဖွေးဖွေး ပေးတဲ့ လက်ဆောင် လက်စွပ်လှ လှလေးတွေကို ပြသလာပါတယ်။

ဖွေးဖွေးကတော့ သူမနဲ့ အလယ်တန်း ကတည်းက ယခုထိခင်မင်ရတဲ့သူငယ်ချင်း အိမ်ထောင်ကျ ကလေးမိခင်ဖြစ်သွားပေမယ့်လည်း သူငယ်ချင်းအပေါ် သံယောဇဉ်ရှိပြီး အချစ်မလျော့သွားတဲ့ သူငယ် ချင်းကောင်းတစ်ယောက်ပါပဲ။ ဖွေးဖွေးတို့ သူငယ်ချင်းနှစ်ယောက် ခင်မင်မှု (၁၉) နှစ် ပြည့် မှသည် နောက်နှစ်တွေ အများကြီး ဆက် လက် ပြီးတော့ ချစ်သွား နိုင်ပါ စေနော်။ source : cele connection