ဇာတ်ကားတွေရိုက်ဖို့ ကြီးမားကျယ်ဝန်းတဲ့(၁၂) ဧက လောက် အကျယ်ရှိတဲ့ စတူဒီယိုခြံကြီးကို တည်ဆောက် နေကြောင်း ထုပ်ပြောပြလာခဲ့တဲ့ နေထူးနိုင်

ဇာတ်ကားတွေ ရိုက်ဖို့ ကြီးမား ကျယ်ဝန်းပြီး (၁၂) ဧက လောက် အကျယ်ရှိတဲ့ စတူဒီယိုခြံကြီးကို တည်ဆောက် နေကြောင်း ထုတ်ကြွားခဲ့တဲ့ နေထူးနိုင်

သရုပ်ဆောင်နေထူးနိုင် ဟာဆိုရင် မြန်မာဗီဒီယိုတစ်ခေတ်မှာ အက်ရှင် ဇာတ်လမ်းကောင်းများ သာမက ပညာပေး ဇာတ်လမ်းများကိုပါ ပါဝင် ရိုက်ကူးခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ် ပါ တယ်။ပရိသတ်ကြီးတို့ရေ အရင်ကာလ ဗီဒီယို ဇာတ်ကားတွေ ခေတ်စားစဉ်က အက်ရှင်ဇာတ်လမ်းကောင်း တွေနဲ့အတူ ပရိသတ်ရဲ့ တစ်ခဲ နက် လက်ခံအားပးမှုကို ရရှိလာခဲ့သူဖြစ်ပါတယ်။

အခုဆိုရင် နေထူးနိုဟာ ချစ်ရတဲ့ ဇနီးချောလေး၊ သားသမီးတွေနဲ့အတူ သာသာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပြီး အနုပညာအလုပ်တွေကိုလည်း ပုံမှန်စဉ်ဆက်မပြတ် လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

သရုပ်ဆောင် နေထူးနိုင်က အင်တာဗျူးလေးမှာတော့ ရေနံချောင်းမြို့မှာ(၁၂)ဧကအကျယ်ရှိတဲ့Studioခြံကြီးတစ်ခုကို ဇာတ်ကားတွေရိုက်ကူးလို့ရအောင် တည်ဆောက်ထားပြီး သူ့အနေနဲ့ နိုင်ငံခြားက လူတွေလို လုံလောက်တဲ့ ငွေကြေးနဲ့ ဈေးကွက်မျိုး မရှိပေမယ့် တတ်နိုင်တဲ့ ငွေကြေးနဲ့တတ်နိုင်တဲ့ ဈေးကွက်မှာ အဆင်ပြေဖို့ ကြိုး စားနေတယ် ဆိုတဲ့အကြောင်း ကို ရှင်းပြ ပြောဆို လာခဲ့တာပဲ ဖြစ်ပါတယ်။

နေထူးနိုင်က (၁၂) ဧက အကျယ် ရှိတဲ့ အဆိုပါ Studio ခြံကြီးကို ရေနံချောင်းမြို့မှာ တည်ဆောက် ထားခဲ့တာ ဖြစ်ပါတယ်။ အစကတော့ ဇနီး ဖြစ်သူရဲ့ “ခေတ်တစ်ရာသူ” ရှောက်ပေါင်း နဲ့ ဒါဏ်ကြေလိမ်းဆေး အတွက် လိုအပ်တဲ့ အပင်တွေကို စိုက်ပျိုးနိုင်ဖို့ရာ ဝယ်ယူထားခဲ့တာဖြစ်ပြီး အခုလို ကိုဗစ်ကပ်ရောဂါကြောင့် နောက် (၁) နှစ်၊ (၂) နှစ်ခန့်မျှ ရပ်ဝေးခရီးထွက်ပြီး ဇာတ်ကားရိုက်ကူးရာမှာ အခက်အခဲ ရှိနိုင်တဲ့ အတွက် Studio ထဲ မှာပဲ ရိုက် ကူးနိုင်အောင် တည်ဆောက်လိုက် တာလို့ နေထူးနိုင်က ဆိုပါတယ်။

ဒီ Studio ထဲမှာဆိုရင် အိမ်တွေ၊ ရွာတွေနဲ့ ရေကန်ကြီးတွေ ပါရှိပြီး မြင်းတွေလည်း မွေးထားတယ်လို့ ပြောပြ ခဲ့ပါတယ် ။ အခုဆိုရင် အိမ် ၄ ၅ လုံးလောက်တော့ တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ပြီး နိုင်ငံခြားကလူတွေ ရိုက်ကူးပုံကို အတုယူပြီး အိမ်တစ်လုံးမှာ မျက် နှာစာစသည်ဖြင့် လှည့်ပြောင်းရိုက်ကူးနိုင်ရန် စီစဉ်ထားတဲ့အတွက် တကယ်တမ်းက အိမ် ၄ ၅ လုံး ဆိုပေမယ့် လှည့်ပြောင်း ရိုက်မယ်ဆိုရင်တော့ အိမ် ၁၀ လုံးစာလောက် ရိုက်ကူးနိုင်တယ် လို့လဲ ပြောပြလာ ပါတယ်။

နေထူးနိုင်က သူ့ရဲ့ Studio ခြံထဲမှာ ရိုက်ကူးပြီး သူ့ရဲ့ NHN Online Application နဲ့ YouTube Channel မှာ ပြသလိုတဲ့ လုပ်ဖော်ကိုင်ဖက်များ လိုက်နာရမယ့် အနုပညာ ဖန်တီးခြင်းဆိုင်ရာ ကျင့်ဝတ်များနဲ့ ပတ်သတ်လို့ နေထူးနိုင်က“အဓိကက တော့နိုင်ံငံရေး၊လူမှုရေးနဲ့ဘာသာရေးဆိုင်ရာများကို မထိခိုက်သော အပြုအမူအပြောအဆို ရိုက်ပြမှုမျိုးကိုတော့ ကျွန်တော်တို့ လက်ခံမယ်။ အကယ်၍ ဘာသာရေးနဲ့ နိုင်ဖငံရေးကို ထိခိုက်လာမယ့် ဖန် တီးမှုမျိုးကိုတော့ ကျွန်တော့်အနေနဲ့ လက်မခံနိုင်ပါဘူး”လို့ပြောပြခဲ့ပါတယ်။

နေထူးနိုင်ဟာဆိုရင် အခုဆို “လှတောသားရဲ့ ဘဝဝက်ပါ” ဆိုတဲ့ ဇာတ်ကို လမ်းတွဲကို ရိုက်ကူးဖို့ စီစဉ် ထားပြီး အကယ်၍ တကယ့် လှတောရွာမှာ သွားရောက်ရိုက်ကူးဖို့ အဆင်မပြေဘူး ဆိုရင်တော့ အဆိုပါ Studio ခြံကြီးထဲမှာ သွားရောက် ရိုက်ကူးမယ်လို့ သိရပါတယ်။ လက်ရှိ ကိုဗစ် ကာလ အနေ အထား တွေအရ social distancing ကို လိုက် နာ ပြီး ဇာတ် လမ်း တွဲ (၂၆) ပိုင်း ကို Studio ခြံကြီးထဲမှာပဲ ရိုက်ကူးနိုင်အောင် စီစဉ်ထားတာ အခုဆိုရင်တော့ setting တွေ၊အိမ်တွေ၊ သူကြီးအိမ်တွေ တည်ဆောက်ပြီးစီးနေပြီလို့ နေထူးနိုင်က ပြောပြပါတယ်။

သူတို့ အနေနဲ့ ကျေးရွာ တွေမှာ ဇာတ်ကားမျိုးစုံ သွားရောက် ရိုက် ကူးတဲ့အခါ တချို့ ကျေးရွာ တွေက အယူ အစွဲတွေ ကြီးမားတဲ့အ တွက် လူသေတဲ့ဇာတ်ဝင်ခန်းတွေ၊ ဓားပြတိုက်တဲ့ဇာတ်ဝင်ခန်းတွေကို သူတို့ဒေသမှာ လာရောက်ရိုက်ကူးတာကို လက်မခံကြတာတွေကို ကြုံဖူးတယ်လို့ နေထူးနိုင်က ပြောပြပါတယ်။

အခုတော့ Studio ထဲမှာ ရိုက်ကူးနိုင်ပြီ ဖြစ်တဲ့ အတွက် အခုလို ပြဿနာတွေ ကြုံတွေ့ရမှာကို စိုးရိမ်စရာ မလိုတော့ ဘူးလို့ နေထူးနိုင်က ဆိုပါတယ်။ ကျေးရွာခန်းတွေ ရိုက်ကူးတဲ့အခါ ပီပြင်သဘာ ဝကျအောင်ခြံကြီးထဲမှာ ထန်းပင်တွေပါစိုက်ထားပြီးတချို့ထန်းပင်တွေဆိုရင် အမြစ်ကနေကးနှုတ်ယူလာပြီး ပြန်စိုက်ထားတာတွေ ရှိတယ်လို့ နေထူးနိုင်က ပြောပြလာတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ သရုပ်ဆောင်နေထူးနိုင်ကတော့ လတ်တလော မှာအနုပညာ လှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတိုလေးတွေလည်း ရိုက်ကူးဖြစ်နေပြီး ရိုက်ကူးရေးအဖွဲ့ဝင်တွေ အားလုံးကို အိမ်မပြန်ပဲ ရုံးမှာပဲ နေထိုင်စေကာ swabယူ စစ်ဆေးမှုများ ပုံမှန်ပြုလုပ်ပြီး ရိုက်ကူးနေတာဖြစ်တယ်လို့ သိရပါတယ်။ နေထူးနိုင် အနေနဲ့ ဒီ ရက်ပိုင်းမှာ နိုင်ငံခြား က ရုပ်ရှင် ဇာတ်ကားများရဲ့ ရိုက်ကူးပုံ နည်းစနစ်တွေကို ဖေ့ဘွတ်ပေါ် မျှဝေ လာခဲ့ပြီး ပရိသတ်၊ မိတ်ဆွေတွေကို သိစေချင်တဲ့ စေတနာနဲ့ ဝေမျှခဲ့တာဖြစ်တယ်လို့ ပြောကြားရင်း အင်တာဗျူးလေးကို အဆုံးသတ် ဖြေကြားပေးခဲ့ ပါတယ်။ Source : MC