ဂီတလောကမှာ အချိန်ကြာကြာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေနိုင်ဆဲဖြစ်ကြောင်းကို သက်သေပြလိုက်ပြန်တဲ့ ဝိုင်းစုခိုင်သိန်း

ဂီတလောကမှာ အချိန်ကြာကြာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေနိုင်ဆဲဖြစ်ကြောင်းကို သက်သေပြလိုက်ပြန်တဲ့ ဝိုင်းစုခိုင်သိန်း

ဂီတ လောကမှာ ဆယ်စုနှစ်တစ်ခုကျော် ရပ်တည် အောင်မြင်ခဲ့ပြီး သီချင်း အေးအေးလေး တွေကို စွဲမက်ဖွယ်ကောင်းတဲ့ အသံချိုချိုလေးနဲ့ ပရိတ်သတ်တွေ ရင်ထဲ ရောက်အောင်သီဆိုတတ်တဲ့ အဆို တော် ဝိုင်းစုခိုင်သိန်းကို အားလုံးက သိကြမယ် ထင်ပါတယ်နော်။

သူမဟာ ဂီတလောကမှာသာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ဗီဒီယို ဇာတ်ကားများ စွာကို ရိုက်ကူး အောင်မြင်ခဲ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်နော်။ ဝိုင်းစုဟာ အခုလက်ရှိမှာဆိုရင် အောင်လနဲ့ အတူ သာယာ ပျော်ရွှင်ဖွယ်relationshipတစ်ခုကို တည်ထောင်ထားတာဖြစ်ပါတယ်။

အောင်လနဲ့ ဝိုင်းစုတို့ နှစ်ယောက်လုံးက ဂီတ လောကထဲမှာအောင် မြင်မှုတွေ ကိုယ်စီ ရရှိထားကြ သလို ဝိုင်းစုဟာလည်း ယနေ့ချိန်ထိတိုင် သီချင်းသစ် တွေနဲ့ ပရိသတ် တွေရဲ့ ချစ်ခင် အားပေးမှုကို အ ပြည့်အ၀သိမ်းပိုက်ထားနိုင်နေတာလည်း တွေ့ရပါတယ်နော်။

မကြာသေးမီ က ဝိုင်းစုဟာ သူမရဲ့ Facebook စာမျက်နှာ မှာ “ချစ်ဆုံးတွေပေးတဲဲ့ ဝိုင်းစုရဲ့ ဘဝမှတ်တိုင် ဆုလေး နောက်တစ်ဆုဒီဆုလေးရဖို့ အတွက် အနယ်နယ် အရပ်ရပ်က တောင်းဆို ပေးကြတဲ့ ချစ်ပရိတ်သတ်ကြီး၊ Wineryလေးတွေနဲ့We Loveအဖွဲ့သားများအားလုံးကို ကျေးဇူးပါရှင့်

ဒီ ဆုလေးကို ချီးမြှင့် ပေးတဲ့ Shwe FM တာဝန်ရှိ လူကြီးမင်းများ ၊ Shwe FM Radio အဖွဲ့သားများအားလုံးနဲ့“ငွေသုန္ဒရီ”သီချင်းလေးကို ရေးသား တီးခတ်ပေးတဲ့ Waiyan Min Thu နဲ့ Mixing and Mastering Ko Ye Zaw Myo တို့ကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်ရှင့်….” ဆိုပြီး ဆုရရှိတဲ့အကြောင်းလေးကို ရေးသားမျှဝေလာခဲ့တဲ့အကြောင်း ကို ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်..။ Waine Su Khaing Thwin’s fb page

Add a Comment

Your email address will not be published. Required fields are marked *