၇၃ နှစ်​ ​ပေါင်းသင်းလာသည့်​ အဘိုးနှင့်​အဘွား ကိုရိုနာဖြစ်​ကာ နာရီပိုင်းသာခြားပြီး ​သေဆုံးသွား

၇၃ နှစ်​ ​ပေါင်းသင်းလာသည့်​ အဘိုးနှင့်​အဘွား ကိုရိုနာဖြစ်​ကာ နာရီပိုင်းသာခြားပြီး ​သေဆုံးသွား

နှစ်​​ပေါင်း ၇၃ နှစ်​ ​ပေါင်းသင်းလာသည့်​ အဘိုးနှင့်​အဘွား ကိုရိုနာဖြစ်​ကာနာရီပိုင်းသာခြားပြီး ​သေဆုံးသွား​ကြောင်း အ​မေရိကန်​ပြည်​​ထောင်​စု ဝစ္စကွန်​ဆင်​ပြည်​နယ်​ရှိ ​ဆေးရုံက ဆိုသည်​။

တစ်​ဦးနှင့်​တစ်​ဦး အလွန်​ ချစ်​ခင်​ကြသည့်​ အသက်​ ၉၄ နှစ်​နှင့်​ အသက်​ ၉၂ နှစ်​အရွယ်​ ထိုဇနီး​မောင်​နှံနှစ်​ဦးလုံး ကိုရိုနာဗိုင်းရပ်​စ်​ပိုး ကူးစက်​ခံထားရသည်​။

အဘိုးသည်​ အီစ်​တာကာလတွင်​ လဲကျကာထိုအချိန်​ကတည်းက နှစ်​ဦးလုံး ​ဆေးရုံ​ရောက်​လာခဲ့သည်​။ နှစ်​ဦးအနက်​အဘွားသာ ကိုရိုနာ​ကြောင့်​ ​သေဆုံးသွားခြင်းဖြစ်​ကာ

အဘိုးမှာ ဦး​ခေါင်းဒဏ်​ရာပြင်းထန်​မှု​ကြောင့်​ ​သေဆုံးသွားရခြင်းဖြစ်​သည်​။ အလွန်​ချစ်​ကြသည့်​ ထိုနှစ်​ဦးသည်​ တစ်​ဦးနှင့်​တစ်​ဦး နာရီပိုင်းသာခြားကာ ​သေဆုံးသွားကြသည်​။ ချယ်​ရီ (DM,28.4.2020)