အကယ်ဒမီများ ဆုရှင် ဦးရန်အောင်က (၅၄) နှစ်ပြည့်မွေး နေ့မှာ ဧရာဝတီစင်တာ (ရန်ကုန်) အတွက် မွေးနေ့အလှူအဖြစ် ငွေကျပ်သိန်းနှစ်ရာ လှူဒါန်း

အကယ်ဒမီများရှင် ဦးရန်အောင်က (၅၄) နှစ်ပြည့်မွေး နေ့မှာ ဧရာဝတီစင်တာ (ရန်ကုန်) အတွက် မွေးနေ့အလှူအဖြစ် ငွေကျပ်သိန်းနှစ်ရာ လှူဒါန်း

နိုင်ငံကျော် အကယ်ဒမီများရှင် ရန်အောင်ကတော့ အနုပညာသက် တမ်း နှစ်သုံးဆယ်ကျော်အတွင်း အောင်မြင်မှု အရှိန် အဟုန် လုံးဝကျဆင်းသွားခြင်း မရှိပဲ ဒီနေ့ဒီအချိန်ထိ ပရိသတ်ကြားမှာ လွှမ်းမိုးထားနိုင်တဲ့ ပြည်သူချစ် အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။

ယနေ့ဒီဇင်ဘာလ (၁၄) ရက်နေ့ကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေချစ်ကြတဲ့ အကယ်ဒမီများရှင် ရန်အောင်ရဲ့ အသက် (၅၄) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ရန်အောင်က သူ့ရဲ့ မွေးနေ့မှာ ဧရာဝတီကိုဗစ်ကုသရေးစင်တာကို ငွေကျပ်သိန်း(၂၀၀) လှူဒါန်းခဲ့ကြောင်း အခုလိုပြောပြလာပါတယ်။

”မင်္ဂလာပါ” ချစ်သူ ခင်သူ မြတ်နိုးသူများရေ..💙💙💙 ဒီနေ့ ကျွန်တော့်ရဲ့ “၅၄”နှစ်ပြည့်မွေးနေ့ပေါ့..🎂🎂🎂မွေးနေ့ရောက်တိုင်း ပထမဆုံးသတိရမိတာအမေ့ကိုပါ။ ဒီနှစ်တော့ အမေ့အတွက် ရွှေပုတီး📿(စိပ်ပုတီး)လေးကန်တော့မလို့ အော်ဒါမှာထားလိုက်တယ်။ (အမေကတော့ပီတိတွေဖြစ်လို့ပေါ့)🥰🥰🥰🥰🥰”

ဒီနှစ် လှူရလို့ စိတ်ထဲ ပျော်မိတာ နောက်တစ်ခုတော့ အခုဖြစ်နေတဲ့ Covid-19 တိုက်ဖျက်ရေး အတွက် ဧရာဝတီစင်တာ မှာ လော လောလတ်လတ် Live Sale အလုပ်လုပ်ရင်း လှူဖို့စုထားတဲ့ငွေလေး လှူလိုက်ရလို့ပါပဲ။ အဲ့လိုလှူနိုင်အောင် အလုပ်တွေ အပ်ကြတဲ့ စိန်ရွှေရတနာ ကုန်ပစ္စည်း ပိုင်ရှင် များရော ကြည့်ရှု ဝယ်ယူ ကြသူ ရတနာ ချစ်သူ အားလုံးရော၊ အားပေး ကြည့်ရှုကြသူ ပရိသတ်အ ပေါင်းနှင့်WE LOVE YAN AUNGအဖွဲ့မှ ချစ်သူများရော၊ ကျွန်တော့ကို ထာဝရ အားပေးကြတဲ့ အနုပညာ ချစ် ပရိသတ်များ အားလုံးရဲ့ကုသိုလ် အလှူဆိုလည်း မမှားပါဘူးခင်ဗျာ။

ဒါကြောင့် ယနေ့ စေတနာ သုံးတန်ဖြင့် နှစ်နှစ် ကာကာ လှူဒါန်းတဲ့ အလှူအတွက် ၃၁ ဘုံမှာရှိရှိသမျှ လူ နတ် ဗြမ္မာ သတ္တဝါအပေါင်းကို အမျှ ပေးဝေပါတယ်။ မရသူ မရှိ ရကြပါစေဗျာ။ ” ဆိုပြီး မျှ ဝေ ပေးလာ ပါတယ်။ ပရိသတ် ကြီးလည်း ရန်အောင်ရဲ့ ကုသိုလ်လေးကို ထပ်တူဝမ်းမြောက်စွာ သာဓုခေါ်ဆို ပေးကြပါဦးနော်။အ ကယ်ဒမီများရှင် ရန်အောင်ကတော့“မယ်သီတာလို မိန်းကလေး”၊ “ပုဂံမှာ သာတဲ့လ”၊ “အလင်းဖျော့ကောင်းကင်”၊ “ညမင်းသား”၊ “မောဟမျဉ်းပြိုင်များ”၊ “ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီဆု (၆) ဆုတိတိရရှိထားတာ ဖြစ်ပါတယ် ။ ယနေ့ (၅၄) နှစ်ပြည့် မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ အများအကျိုးဆောင်ရွက်နိုင်ပါစေ ကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက် ပါတယ်နော်။ source: Yan Aung’s fb

Add a Comment

Your email address will not be published. Required fields are marked *