ဇာတ်ပွဲ ကပြီးတော့ ရရှ်ိထားတဲ့ ငွေနဲ့ ဝယ်ယူ ထားတဲ့ ပြိုင်ကားကို ထုတ်ကြွားလိုက်တဲ့ ဟန်ဇာမိုးဝင်းတို့ သူငယ်ချင်းနှစ်ယောက်

ဇာတ်ပွဲ ကပြီး ရရှ်ိထားတဲ့ ငွေနဲ့ ဝယ်ယူ ထားတဲ့ ပြိုင်ကားကိုထုတ်ကြွားလိုက်တဲ့ ဟန်ဇာမိုးဝင်းတို့ သူငယ်ချင်းနှစ်ယောက်

ဇာတ်မင်း သားလေး တင်မောင်ဆန်းမင်းဝင်း က အဖိုးရဲ့ ဇာတ်သ ဘင်ပညာ အမွေတွေကို ဆက်ခံရရှိ ထားသူပဲ ဖြစ်ပါတယ်။ သူဟာရွှေမန်းတင်မောင်ရဲ့ မြေးဖြစ်ပြီး ငယ်စဉ်ကတည်း က ဇာတ် ပွဲများတွင် ကပြ ဖျော်ဖြေခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ဦးလေးတွေ ဖြစ်တဲ့ ဦးချမ်းသာ ၊ ဦးဝင်းမောင် တို့ ဆီက သဘင်ပ ညာတွေကို လေ့လာ မှတ်သား ကာ ကိုယ်ပိုင် ဇာတ် အဖွဲ့ ကို တည် ထောင်ထားတာလည်း ဖြစ်ပါတယ် ။ သူဟာ ချစ်ရတဲ့ ဇနီး ၊ သားလေးနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပါ တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း လောက် ကလည်း ဟာသ လူရွှင်တော် ကဲကဲ ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။ အဲ့ဒါ လေးက ဇာတ်က ပြီးတော့ ရရှိ ထားတဲ့ ငွေတွေ နဲ့ ဝယ်ယူထားတဲ့ ပြိုင်ကားကို ထုတ်ကြွား လိုက်တဲ့ ဟန်ဇာမိုးဝင်း နဲ့ တင်မောင်ဆန်းမင်းဝင်းတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ပုရိပ်လေးကို ပရိတ်သတ်ကြီး အတွက် ပြန်လည် ဝေမျှပေးလိုက်ရ ပါတယ်နော်။

ဆန်းမင်းဝင်းဟာ သူငယ်ချင်းဖြစ်သူ ဟန်ဇာမိုးဝင်းနဲ့အတူ မာလာမြိုင် မိုးရာသီဇာတ်ပွဲကြီးကို သုံးလတိုင်တိုင် အောင်အောင်မြင်မြင်နဲ့ ကျင်းပ ပြုလုပ်ခဲ့နိုင်တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့တောင်း ဆိုချက်အရ ဟေမန်ရာသီဖျော်ဖြေပွဲကြီးကို ဆက်လက်ကပြဖျော် ဖြေသွားဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေပြီပဲ ဖြစ်ပါတယ်။ source:  Myanmarload