ကန်တော့တိုင်း မုန့်ဖိုးပေးတဲ့ ဖွားဖွားကြီးကို ပြောခဲ့တဲ့ သမီးလေးရဲ့စကားတစ်ခွန်းကြောင့် တစ်အိမ်လုံးပွဲကျခဲ့ရတဲ့အကြောင်း ပြောပြလာတဲ့ နန္ဒာလှိုင်

ကန်တော့တိုင်း မုန့်ဖိုးပေးတဲ့ ဖွားဖွားကြီးကို ပြောခဲ့တဲ့ သမီးလေးရဲ့စကားတစ်ခွန်းကြောင့် တစ်အိမ်လုံးပွဲကျခဲ့ရတဲ့အကြောင်း ပြောပြလာတဲ့ နန္ဒာလှိုင်

သရုပ်ဆောင် နန္ဒာလှိုင် ကတော့ ဆယ်စုနှစ် နှစ်ခု မက အနုပညာလောက ထဲမှာ ကျင်လည် ခဲ့တာက ဆယ်စုနှစ် နှစ်ခု မတော့ပါဘူး ကျော့ရှင်းပြီး အပြစ်ဆိုစရာမရှိတဲ့ အလှအပကြောင့်ပဲ နာမည်ကြီးထင်ရှားတဲ့ မင်းသမီးတစ်လက်လဲ ဖြစ်ပါတယ်။

အနုပညာလောကမှာ အောင်မြင်မှုတွေကို ထိပ်ဆုံးကနေ ဆွတ်ခူးနိုင်ခဲ့ ပါတယ် ။ နန္ဒာလှိုင်က အိမ်ထောင်ကျပြီးတဲ့ အချိန်မှာတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး ခင်ပွန်းနဲ့ သမီးလေးတွေအတွက် အိမ်ထောင်ရှင်မကောင်း တစ်ယောက် ပီပီ သစွာနဲ့ မိ သားစုနဲ့ အေးချမ်းသာယာတဲ့ ဘဝဖြတ်သန်းနေထိုင်နေတာလဲဖြစ်ပါတယ်။

သမီးသုံးယောက်ကို မွေးဖွားထားတဲ့ နန္ဒာလှိုင်က ဒီကနေ့မှာတော့ သမီး အငယ်ဆုံးလေး ဇေမဒီလှိုင်လေး ရဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

“ကလေးတွေသူ့ဖွားဖွားကိုကန်တော့ရင်ဖွားဖွားကပိုက်ဆံအသစ်လေးတွေ လဲထားပြီး မုန့်ဖိုး ပေးတယ်❤️မေမေ ကလေး တွေကိုကန်တော့တိုင်း မုန့်ဖိုး မပေးနဲ့ဆိုတော့ငါကနည်းနည်းဘဲပေးတာတဲ့🙏 အဲဒါနဲ့ ကလေးတွေကိုမှာတယ် ကန်တော့လို့ ဖွားဖွားမုန့်ဖိုးပေးရင် အမြဲတမ်းမယူရဘူးနော်လို့😊 အကြီးနှစ်ယောက်က ok ပါတယ်။ မယ်ထွေးလေးက ကန်တော့ပြီးလို့ ဖွားဖွားမုန့်ဖိုးလဲပေးရော ဖွားဖွားသမီးမယူဘူးတဲ့ ဖွားဖွားပိုက်ဆံတွေစုပြီးမေမေ့ကိုပေးလိုက်နော်တဲ့ မေမေ အိမ်ဆောက် မလို့တဲ့ 😂” ဆိုပြီး ဖွားဖွား ပေးတဲ့ မုန့်ဖိုးကို အမေ့ဆီ ကိုတဆင့်ပြန်ပေးခိုင်းတဲ့အကြောင်း သဘောကျစွာနဲ့ ပြောလာတာပဲ ဖြစ်ပါတယ်။

နန္ဒာလှိုင်ရဲ့ သမီးထွေးလေး ဇေမဒီလှိုင်ကတော့ ပြီးခဲ့တဲ့လပိုင်းကမှ အသက် (၆)နှစ် ပြည့်သွားခဲ့တာဆိုပေမယ့် အရမ်းတွေတတ်ပြီး ချစ်စရာ ကောင်းတာပဲနော်။ အရွယ်လေးနဲ့မလိုက်အောင် ချစ်စရာကောင်းပြီး စကားတတ်လွန်းတဲ့ သမီးထွေးလေး မဒီကို ပရိသတ်ကြီး ကလည်း အချစ်ပိုနေကြမယ် ထင်ပါတယ်နော်။ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ရပါတယ်။ source: Nandar Hlaing