မေမေစီးချင်နေတဲ့ သိန်း(၄၁၈) သိန်းတန်ကားသစ်ကြီးကို အကြိုမွေးနေ့လက်ဆောင်အဖြစ် အမှတ်တရဝယ်ပေးခဲ့တဲ့ နေဒွေး

မေမေစီးချင်နေတဲ့ သိန်း(၄၁၈) သိန်းတန်ကားသစ်ကြီးကို အကြိုမွေးနေ့လက်ဆောင်အဖြစ် အမှတ်တရဝယ်ပေးခဲ့တဲ့ နေဒွေး

ယောကျာ်းပီသပြီး တည်ကြည်ခန့်ညားတဲ့ သရုပ်ဆောင် နေဒွေးက တော့ ပရိသတ်ချစ်တဲ့ အနုပညာရှင် တစ်ယောက် အဖြစ် သာမက အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေး လုပ်ငန်းတွေ ဘက်မှာ လဲအောင်မြင်နေတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

နေဒွေး ကတော့ မိဘတေရဲ့ စီးပွားရေး လုပ်ငန်း ဖြစ် တဲ့ ဆန်စက်လုပ်ငန်းကို ဦးစီး ဦးကိုင် လုပ်ကိုင်နေပြီး လုပ်ငန်းကလည်း နေဒွေးရဲ့လက်ထက်ရောက်မှာ ပိုပြီးအောင်မြင်လာပြီး လုပ်ငန်းတွေ တိုးချဲ့လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

နေဒွေးကတော့ သူရှာဖွေလို့ရသမျှ ပစ္စည်းဥစ္စာတွေကို ကျေးဇူးရှင်မေမေလိုအပ်တာတွေ ဖြည့်ဆည်းပေးသလို အလှူအတန်း ကုသိုလ်ဒါနတွေပြုလုပ်ရင်း အကျိုးရှိရှိ အသုံးချသူပဲ ဖြစ်ပါတယ် ။ အလှူ အတန်းလဲ မကြာခန ပြုလုပ်လေ့ရှိပါတယ်။

ယခုပြောပြပေးမယ့် အကြောင်းရာလေး ကတော့ နေဒွေးက မကြာခင် ဇန်နဝါရီလ (၆) ရက်နေ့မှာ ကျရောက် တော့မယ့် ကျေးဇူးရှင်မေမေရဲ့ မွေးနေ့အတွက် သိန်းလေးရာကျော်တန်ကားကြီး မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ အကြောင်းပါတယ်။

နေဒွေးက “Pre Happy Birthday Present အတွက် ချစ်မေမေ စီးချင်နေတဲ့ BEIJING X7 ကားသစ်ကြီး ဝယ်ပေး လိုက်ပြီ❤️ မေမေအသက်ရာကျော်ရှည်ပါစေ🙏🏼🙏🏼🙏🏼 မွေးနေ့လက်ဆောင်နောက်တစ်ခုကျန်သေးတယ်မေမေ🤫” ဆိုပြီး မေမေစီးချင်နေတဲ့ တန်ဖိုးကြီးကားကြီးကို လက်ဆောင်ပေးပြီး မေမေ့ရဲ့ ဆန္ဒလေးတစ်ခုကို ဖြည့်စည်းပေးခဲ့ကြောင်း ပြောလာပါတယ်။

နေဒွေးကတော့ မိခင်သက်ရှိထင်ရှားရှိတုန်းလေး သူရှိသမျှခွန်အားနဲ့ လုပ်ကျွေးပြုစု ကျွေးမွေးနေတဲ့ သားလိမ္မာတစ်ယောက်ပဲဖြစ်ပြီးမိဘကို သိတတ်တဲ့ နေဒွေးတစ်ယောက် အကယ်ဒမီ ဆုကြီးတွေကို များစွာလည်းရရှိပြီး အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်လာ ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ််။ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက် ပါတယ်နော် ။ ။Source: Nay Dway’s fb