Shwe FM မှ တစ်နှစ်တာအတွင်း ပရိသတ်အများဆုံး သီချင်းတောင်းဆိုမှု (အမျိုးသမီး)ဆုကို ရရှိခဲ့တဲ့ ချမ်းမြေ့မောင်ချို

Shwe FM မှ တစ်နှစ်တာအတွင်း ပရိသတ်အများဆုံး သီချင်းတောင်းဆိုမှု (အမျိုးသမီး)ဆုကို ရရှိခဲ့တဲ့ ချမ်းမြေ့မောင်ချို

ပရိတ်သတ်ကြီးရေ ပရိသတ်တွေက မောင်ချိုလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အဆိုတော် ချမ်းမြေ့မောင်ချို ကတော့ Myanmar Idol Season (3) ရဲ့ 1st Runner Up ဆုရှင် တစ်ယောက်ပဲ ဖြစ်တယ် ဆိုတာ ပြောစရာ မလိုလောက်ပါဘူးနော်။

အသက်နှစ်ဆယ်စွန်းစွန်းအရွယ်သာရှိသေးတဲ့ ချမ်းမြေ့မောင်ချိုကတော့ ဂီတလမ်းကြောင်းမှာ အောင်မြင်မှုတွေများစွာနဲ့ ရပ်တည်နေသူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။

ချမ်းမြေ့မောင်ချို ကတော့ သူမရဲ့ ဂီတသက်တမ်း နှစ်အနည်းငယ်အတွင်းမှာ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိခဲ့ပြီး သူမရဲ့ “Eleven” ဆိုတဲ့ အယ်လ်ဘမ် ကိုလည်း ထုတ်လုပ် ထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့ မှာလဲတော့ ပရိတ်သတ်ချစ်တဲ့ မောင်ချိုလေးက Shwe FM မှ တစ်နှစ်တာအတွင်း ပရိသတ်အများဆုံး

သီချင်းတောင်းဆိုမှု (အမျိုးသမီး)ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုကတော့ သူမကိုယ်တိုင်လည်း ထင်မထားလောက်တဲ့ ဆုတံဆိပ်ကို ရရှိခဲ့တာကြောင့် “ဘာပြောရမှန်းတောင်မသိတော့ပါဘူး။

ကျေးဇူးအများကြီးတင်ပါတယ် milestones 🤍 Shwe FM လဲကျေးဇူးတင်ပါတယ် 🤍 ဒီသီချင်းလေးကိုလက်ဆောင်ပေးခဲ့တဲ့ ကိုဟဲလေး ကိုလဲကျေးဇူးအရမ်းတင်ပါတယ်ဗျာ 🤍🤍🤍 ဆက်ပြီး ကြိုးစားပါ ဦးမယ် 🤍” ဆိုပြီး သူမ ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ တဆင့် ဝမ်းသာစကား ပြောလာခဲ့ပါတယ်။

ချမ်းမြေ့မောင်ချို ကတော့ ယခု နှစ် (၂၀၂၀) ခုနှစ် အတွင်း မှာပဲ JOOX က ပေးအပ်တဲ့ ဆု (၂) ဆုကို ရရှိခဲ့ပြီး အခု နှစ်ကုန် ခါနီးအချိန်မှာလည်း ပရိသတ်တွေ ဂုဏ်ယူရအောင် ဆုတံဆိပ်တစ်ခုကို ထပ်မံဆွတ်ခူးနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း မောင်ချိုလေးအတွက် ထပ်တူဝမ်းသာနေကြမယ်ဆိုတာ သေချာပါတယ်နော်။ ပရိသတ်ကြီး အားလုံး ကိုလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ Source: ChanMyae MgCho ‘s fb