(၃) နှစ်ဆက်တိုက် လူရွှင်တော်ဥက္ကဌရာထူးကို ပိုင်ဆိုင်ထားတဲ့ ဒိန်းဒေါင်

(၃) နှစ်ဆက်တိုက် လူရွှင်တော်ဥက္ကဌရာထူးကို ပိုင်ဆိုင်ထားတဲ့ ဒိန်းဒေါင်

ပရိတ်သက်ကြီးရေ လူရွှင်တော်ဒိန်းဒေါင်ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေစတင်သိရှိခဲ့တာပါ။ ဒိန်းဒေါင်ဟာ ရုပ် ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီ ကြော်ငြာတွေ မှာ ဟာ သ သရုပ်ဆောင် တစ်ယောက် အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

ယခုလက်ရှိမှာတော့ ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ ဒိန်းဒေါင် ကတော့ မြန်မာာနိုင်ငံ လူရွှင်တော်များ အသင်းရဲ့ ဥက္ကဌ ရာထူးကို (၃) နှစ်ဆက်တိုက် ရွေးချယ် ခံလိုက်ရတာ ဖြစ်တယ်လို့ ပြန်ကြားရေးမှူးဟောင်း ကိုကောင်းကျော်က ပြောပါတယ်။ မြန်မာ နိုင်ငံ လူရွှင်တော်များအသင်းရဲ့ဥက္ကဌ အသစ်ကိုတော့ ဒီဇင်ဘာလ (၁၁)ရက်နေ့တုန်းကရွေးချယ် တင်မြှောက်လိုက်ပြီလို့သိရပါတယ်။ ဥက္ကဌ ရာထူး ကိုတော့ လူရွှင်တော် ဒိန်းဒေါင်ကပဲ ဆက်လက် တာ ဝန်ကို ထမ်းဆောင်သွားမှာဖြစ်တယ်လို့ လူရွှင်တော်အသင်းရဲ့ ပြန် ကြားရေးမှူးဟောင်း ကိုကောင်းကျော်က ပြောပါတယ်။

“ကိုဒိန်းဒေါင်က လူရွှင်တော်အသင်း စဖွဲ့ကတည်းက သူက ဥက္ကဌ တစ်ဦးပါ ။ ပထမ သက်တမ်းရော၊ ဒုတိယ သက်တမ်းရော ဥက္ကဌ ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီနှစ်လည်း ပြန်ရွေးချယ်တော့လဲ ဦးဒိန်းဒေါင်ကပဲ ဥက္ကဌ ပြန်ဖြစ်သွားပါတယ်။ (၃) နှစ်ဆက်တိုက် ဥက္ကဌပေါ့နော်။

လူရွှင်တော် အသင်း စတင် တည်ထောင်တာက လူရွှင်တော် သက် ကြီးတွေကို တစ်နှစ်တစ်ကြိမ်တတ်နိုင်သမျှကန်တော့မယ်၊ ထောက် ပံ့မယ်၊ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်တဲ့ အခါ မှာလည်း ဦးတို့ အသင်းကတတ်နိုင်တဲ့ လုပ်အားဒါန၊ ငွေအားဒါနလှူတာတွေ၊ ရန်ပုံငွေ ရှာပေးတာတွေတော့ လုပ်ပေးဖြစ်တယ်” လို့ သူက ဆိုပါတယ်။

၂၀၂၀ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် အထိ လူရွှင်တော် အသင်း ဥက္ကဌ တာဝန်ကို ထမ်းဆောင်သွားမယ့် လူရွှင်တော်ဒိန်းဒေါင် ကတကယ်ကို စေတနာ ကောင်းမွန် တဲ့ ဥက္ကဌ တစ်ဦး ဖြစ်တယ် လို့လည်း ကိုကောင်းကျော်က ပြောပါတယ်။

“ကိုဒိန်းဒေါင်က နဂိုကတည်းက စိတ်စေတနာ ကောင်းပြီးသားပါ။ သူကိုယ်တိုင် ကလည်း လူရွှင်တော် အသင်းကြီးအဆင်ပြေအောင် တတ်နိုင်သမျှ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကြိုးစား ဆောင် ရွက်ပေးနေပါတယ်။ ရှေ့ဆက်ပြီးတော့ မျှော်လင့်ချက်ဆိုတာထက် ဒီ ပရဟိတ အသင်းကြီး ရေရှည် တည်တံ့ဖို့၊ ခိုင်မြဲဖို့ ၊ နှစ်စဉ် ကန် တော့ နိုင်ဖို့အတွက် ကြိုးစား ဆောင်ရွက်စေချင်တဲ့ သဘောပါပဲ” လို့ ဆက်လက် ပြောပြလာပါတယ်။

လူရွှင်တော် အသင်းရွေးကောက်ပွဲကိုတော့ ဒီဇင်ဘာလ (၉) ရက်နေ့ကပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ ရွေးချယ်တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိ လူရွှင်တော် အသင်းမှာ တာဝန်ထမ်းဆောင်မယ့် သူတွေကတော့ ဦးဒိန်းဒေါင် (ဥက္ကဌ)၊ ကိုအုန်းသီး (ဒုဥက္ကဌ) ၊ ကိုပိုးလေး (အတွင်းရေးမှူး ၁) ၊ ကိုကံပွင့် (အတွင်းရေးမှူး ၂) ၊ ကိုချက်ကြီး (ဘဏ္ဍာရေးမှူး) ၊ ကို ချစ်ချော (စာရင်းစစ်)၊ ကိုမျောက်ရှုံး (စည်းရုံးရေးမှူး)၊ ကို စိစိ နဲ့ ကိုစူပါတို့ကတော့ အဖွဲ့ဝင်တွေ၊ ကိုစိန်ပန်းသီး(ပြန်ကြားရေး)၊ ကိုအောင်ချစ် (တွဲဖက်ပြန်ကြားရေး) အဖြစ် ပါဝင်ထားတယ်လို့ သိရပါတယ်။

ဒိန်းဒေါင် ကတော့ အခုလက်ရှိမှာ ကိုယ်ပိုင် ဇာတ်သဘင်ကို တည် ထောင်ထားတာ ဖြစ်ပေမယ့် ကိုဗစ်ကာလကြောင့် နယ်လှည့် ဖျော် ဖြေရေးတွေ ရပ်နား ထားတယ်လို့ သိရပါတယ်။ ဒိန်းဒေါင်ကတော့ အလှူအတန်း တွေကို မကြာခန ပြုလုပ်လေ့ ရှိသူ ဖြစ်တယ်ဆိုတာပရိတ်သတ်ကြီးလဲ အသိပါ ။ ဒိန်းဒေါင် တစ်ယောက် ဒီထက် မက ပရဟိတ လုပ်ငန်းတွေကို ပိုလုပ်ဆောင် နိုင်ပါစေလို့ဆုတောင်းပေး လိုက်ပါတယ်နော်။ source: DUWUN