ရွာတရွာဖြစ်ပေါ်ဖို့ စုန်း ( ၇ ) ယောက် ရှိဖို့လိုတယ်ဆိုတာက
|ရွာတရွာဖြစ်ပေါ်ဖို့ စုန်း ( ၇ ) ယောက် ရှိဖို့လိုတယ်ဆိုတာက
ရွာတရွာ ဖြစ်ပေါ် လာဖို့ရာ စုန်း ( ၇ ) ယောက် ရှိဖို့လိုတယ်လို့ တ လွဲ အတွေး တွေနဲ့ ကြားဖူးနားဝ ရှိခဲ့တာကို ဗဟုသုတအနေနဲ့ တင်ပါရစေ…”
ယောဒေသမှာ ရွာသစ် တစ်ရွာ တည်ဖို့ရာ စုန်း ( ၇ ) ယောက်လိုတယ် ” တဲ့ လား ငယ်စဉ်က ကြားဖူးနားဝ စကား လေးပါ ။ စုန်းအကြောင်း တွေက အိပ်ယာဝင် ပုံပြင် တွေလို ထူးထူး အခြားခြား အများများ အပြားပြား ကြားရဖူး ပါတယ် ။ တကယ်တွေ့ဖူးသည်ဆိုသည့် ပုဂ္ဂိုလ် တွေကို မေးမြန်း ပြန် တော့လည်း စေ့စေ့ငင ဖြေနိုင်သူဟူ၍ မတွေ့ရသေးပါ။
လက်လှမ်း မီသလောက် ရှာဖွေ ကြည်တော့ ရွာတစ်ရွာ တည်ဖို့ လို အပ်တဲ့ စုန်း (၇) ယောက်က…
စုန်း=> စုန္နော=> ဖြောင့်မှန်သောသူ
(စုန္နောတိဥဇုကတော ဖြောင့်မတ်မှန်ကန်သည့် ပညာရှင်ခုနှစ်ဦး)
ဋီကာကျမ်း
အဲ့ဒီ ခုနှစ်ဦးမှာ
( ၁ ) မြေပညာရှင်ရွာသစ်တည်မည့်နေရာသည် မြေအနေအထားသင့်မသင့် မြေဆီမြေလွှာကို သိရှိကျွမ်းကျင်သူ
(၂) ရေပညာရှင်သောက်သုံးရေ/ရေချို/စိုက်ပျိုးရေးလုပ်ငန်းသုံးရေ/ ရမရကို သိရှိကျွမ်းကျင်သူ
(၃) လေပညာရှင်လေကြောင်း သင့်မသင့် လေငြိမ်အရပ် ဟုတ်/ မဟုတ် စသည့် လေသဘောသဘာဝကို ကျွမ်းကျင်ပါးနပ်သူ
(၄) စီးပွါးရေးပညာရှင်
(၅) ပညာရေး စီမံနိုင်သူ
(၆) ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သူ
(၇) ဆက်သွယ်ရေး ကျွမ်းကျင်သူ ( ရွာတည်မည့် နေရာသည် ရွာ ၏ လိုအပ်ချက်များ အတွက် ဆက်သွယ်သွားလာရန် လွယ်ကူမည့်အချက်အလက် လမ်းကြောင်းကို သိသောသူ )အစရှိသဖြင့် တွေ့ရှိမှတ်သားမိပါတယ်။
ယခုစာကို ဖတ်မိသူ မိတ်ဆွေတွေ အနေနဲ့ ကျွန်တော် မှတ်သားမိ သမျှလေးတွေ ပြန်ဝေမျှတာပါခင်ဗျ။ Ref; -အရှင်စန္ဒကုမာရ ( ရွှေတြိဂံ )