တတိယ ဘုရားသခင်နေရာမှာ သစ်ပင်ကိုထားမည် မည်သူမှ ငြင်း နိုင်မည် မထင် ပါ လို့ ဆိုလာတဲ့ အကြောင်း လေးကိုပြန်လည် မျှဝေ လာတဲ့ မင်းသားနေထူးနိုင်

တတိယ ဘုရားသခင်နေရာမှာ သစ်ပင်ကိုထားမည် မည်သူမှ ငြင်းနိုင်မည် မထင် ပါလို့ ဆိုလာတဲ့ အကြောင်း လေးကို မျှဝေ လာတဲ့ မင်းသားနေထူးနိုင်

ရုပ်ရှင်နဲ့ ဗွီဒီယို သရုပ်ဆောင် နေထူးနိုင် ကတော့ ကိုယ်ပိုင် အရည် အချင်းအပြည့်နဲ့ လမ်းသစ်ထွင် ကြိုးစားမှု တွေကြောင့် အောင်မြင်မှုတွေ ရရှိလာသူ တစ်ယောက်ပါ။ ဗွီဒီယိုဇာတ်ကားတွေ များစွာကိုရိုက်ကူးထားပြီး ပရိတ်သတ်ရဲ့ တခဲနက် အားပေးမှုတွေကိုလဲ ရရှိထားဖြစ်ပါတယ် ။ ဒါ့အပြင် ဝါသနာရှင် သရုပ်ဆောင်လေးတွေကိုလည်း မြေတောင်မြှောက်ပေးဖို့ကြိုးစားနေသူတစ်ယောက် လဲဖြစ်ပါတယ်။ စတန့်ဝါသနာရှင်တွေကို မြေတောင်မြှောက်ပေးဖို့ စတန့်စတူဒီယိုတစ်ခုလည်း ဖွင့်လှစ်ခဲ့ပါသေးတယ်။

နေထူးနိုင် ကတော့ နှစ်စဉ် သစ်ပင် စိုက်ပျိုးပွဲတွေ ပြုလုပ်နိုင်ဖို့ရာ ကြိုးပမ်းနေသူ တစ်ယောက်ပါ ။ ချောက်မြို့မှာ သာမက ပခုက္ကူမှာပါ သာယာအေးချမ်းစေရေးအတွက် သစ်ပင်တွေ စိုက်ပျိုးခဲ့ပါသေးတယ်။ မင်းသားချောနေထူးနိုင်က ဒီကနေ့မှာတော့ တတိယဘုရားသခင်နေရာမှာ သစ်ပင်ကို ထားမည်ဆိုပါက မည်သူမှ ငြင်းနိုင်မည်မထင်ကြောင်း ရေးသားခဲ့ပါတယ်။

“တတိယ ဘုရားသခင် နေရာ မှာ သစ်ပင်ကို ထားမည် မည်သူမှ ငြင်းနိုင်မည်မထင်ပါ။ ‘ဦးဇင်းဘုရား ငွေက ဒုတိယဘုရားသခင်ဆိုတော့၊ တတိယ ဘုရားသခင်က ဘာဖြစ် မလဲဘုရား’ ယခုတလော စိတ်စုစည်းမရလို့ စာမရေးဘဲ နေနေသည့်အချိန်။ ကိုရင်တစ်ပါးက ဆီ အပေါက်ရှာသလို လာမေးလေတယ်။ ဟိုတနေ့က စာသင်တုန်း ကိုရင် တွေကို ‘လူငယ် ဆိုတာ အရာရာမှာ စူးစမ်းရမယ်။ မသိရင်မေးရမယ်’လို့ ဒီလိုပြောထားတော့ ဒီကိုရင်ကစူးစမ်းချင်ပြီထင်ပါ့။

ပထမ ဘုရားသခင် ဆိုတာက ‘ဒါကကုသိုလ် ဒါအကုသိုလ်၊ ဒါကပြုလုပ်သင့်သည့် အရာ၊ ဒါက ရှောင်ကြဉ်ရမည့် အရာ၊ ဒါကမည်းညစ်သည့်အမှု၊ ဒါက ဖြူစင်သည့်အမှု”စသဖြင့် ညွန်ပြဆုံးမသော မြတ်စွာဗုဒ္ဓအား သတ္တဝါတို့်ကို ဉာဏ်အလင်းပြသည့် ပထမဘုရား သခင်ဖြစ်ကြောင်းကို အားလုံးလက်ခံ ထားကြသည်၊ ငွေဆိုသည်ကား‘ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး’စသဖြင့် အရေးမှန်သမျှကို ဖြေရှင်းနိုင်သည့်အတွက် ဒုတိယဘုရားသခင်ဟု လူအများက တင်စားထားကြလေသည်။

ယခုကား တတိယဘုရားသခင်ဆိုတော့ လူပတ်ဝန်းကျင်၏ အရေး ကြီးဆုံး အရာကို ကိုရင်ငယ်အား ပြောပြရ ပေလိမ့်မည်။ ‘သစ်ပင်တွေကို တတိယ ဘုရားသခင်လို့ ခေါ်တယ်လေကိုရင်ရဲ့’၊ဟင် သစ် ပင်တွေက တတိယဘုရားသခင်တဲ့လားဘုရား’၊ ‘အေး ဟုတ်တယ်လေ ကိုရင်ရဲ့။ တို့က သစ်ပင်တွေရှိလို့် အသက် ရှင်နိုင်တာလေ။ ဒီသစ်ပင်တွေ မရှိရင် တို့လည်း ရှိလာမှာ မဟုတ်ဘူးပေါ့’ ၊ ‘သစ်ပင်တွေက အရိပ်ပေးလို့ တတိယဘုရားသခင်လို့ ခေါ်တာလားဘုရား’၊ ‘ဟုတ်တယ် ကိုရင်။ အရိပ်တင်ဘယ်ကမလဲ။

ကိုရင်တို့ ဦးဇင်းတို့ အပါ အဝင် သက်ရှိတွေ အသက် ရှုဖို့ အတွက် အောက်ဆီဂျင် ထုတ်ပေး တယ်လေ။ ‘သြော် အသက်ရှူစရာ ထုတ် ပေးလို့ တတိယ ဘုရားသခင်လို့ ခေါ်တာကိုး’‘ဒါတင် မကသေးဘူး ကိုရင်ရဲ့။ တို့စားနေတဲ့ အသီးအရွက်တွေ။ ဝတ်နေတဲ့အဝတ်အစားတွေက သစ်ပင်တွေက ပေးတာလေ။ မိုးခေါင်တာတို့ရေကြီးတာတို့ကလည်း သစ်ပင်တွေမရှိတော့လို့ ဖြစ်တာပဲ။ တို့အညာက တခြားဒေသတွေထက် ပိုပြီးပူတာက သစ်ပင်တွေနည်းလို့လေ။တောင်ပေါ်တွေမှာကျတော့ သစ်ပင်တွေပေါတော့ တို့အညာလိုမပူဘူးပေါ့။

တောင်ပေါ်မှာတောင် သစ်ပင်တွေအခုတ်များလို့ တချို့စမ်းချောင်းတွေဆို ရေမထွက်ကြတော့ဘူး။ မိုးရေတွေကိုသစ်ပင်တွေက ထိမ်းပေးထားပြီး အမြစ်ကတစ်ဆင့်စမ်းချောင်းဖြစ်တာဆိုတော့သစ်ပင်မရှိတဲ့ အခါ ရေ မထွက်ကြ တော့ဘူးပေါ့’၊ ‘ဒုလ္လဘ ဦးဇင်းကြီးက ပြောပြဖူးတယ် ဘုရား။ အရင်အစိုးရခေတ် ကတဲ့ သစ်ပင်တွေကို ခုတ်ရောင်းကြလို့ အခုမြန်မာနိုင်ငံမှာ ရာသီဥတုဖောက်ပြန်တာတဲ့။ ဟုတ်လားဘုရား’။ ‘ဟုတ်တယ်ကိုရင် ဒါပေမဲ့ ခုတ်ရောင်းတာချည်း မဟုတ်ပြန်ဘူး။

ခေတ်က တိုးတတ်လာတာလည်းပါတယ်။ အရင်က သစ်ပင်တွေရှိတဲ့နေရာမှာ အခု အိမ်တွေ ဖြစ်လာတယ်။ လမ်းတွေဖြစ်လာတယ်။ ကတ္တရာ လမ်းတွေ ဖြစ်ဖို့ တောင်တွေ ဖြိုပြီး ယူရတယ်။

တောင်တွေညပြုံးတော့ သစ်ပင်တွေလည်းပါသွားတာပေါ့’။ ‘ဒါဆို တိုးတတ်လာလို့ ရာသီဥတုတွေ ဖောက်ပြန်ပေါ့နော်ဘုရား’၊ ‘ဟုတ်တယ်ကိုရင်။ ခေတ်က ရှေ့လျှောက် တိုးတတ်လာ ဦးမှာပဲ ။ ဒီတိုးတတ်လာတဲ့ခေတ်ကို အပြစ်ပုံချလို့မရဘူး။

တို့က သစ်ပင်တွေကို ချစ်မြတ်နိုးတတ်ရမယ်။ စောင့်ရှောက်တတ်ရမယ်။ လူမနေတဲ့ နေရာ မြေကွက်လပ် တွေကို သစ်ပင်တွေရှိလာအောင်စိုက်ရမယ်၊ တို့ရှင်မတောင်ဒေသဆိုတာ အပူပိုင်းဒေသလေ အခု သစ်ပင်တွေကို တန်ဖိုးထား တတ်တဲ့ အဖွဲ့စည်း တွေက နည်း စနစ်တကျ သစ်ပင်တွေ ပြန်စိုက်နေကြပြီလေ’၊ ‘တပည့်တော် ရွာပြန်တုန်းကဆို ပူလို့မနေနိုင်ဘူးဘုရား။

သပြေပင်အောက်မှာပဲနေရတယ်တော်တော်ပူတယ်ဘုရား’၊ ‘အေး အဲ့ဒါဆိုရင် ကိုရင်ရဲ့ ခမည်းတော်ကို ခြံဝန်းထဲက မြေကွက်လပ်နေ ရာမှာ သစ်ပင်စိုက်ခိုင်းလေ။ နောက်တခါပြန်ရင် မပူတော့ဘူးပေါ့။ အသီးစားရတဲ့အပင်ကို စိုက်မလား။ အရွက်စားရတဲ့အပင်ကို စိုက်မလား။ အရိပ်ရတဲ့အပင်ကို စိုက်မလား။

ကြိုက်တာစိုက် သစ်ပင်များလေ အပူဒဏ်သက်သာလေပဲ၊ သစ်ပင်တွေနဲ့ ငွေနဲ့က ဘယ်အရာက တန်ဖိုးကြီးလည်းဘုရား၊ သစ်ပင်တွေက တန်ဖိုးကြီး တာပေါ့၊ ဒါဆို သစ်ပင်တွေက ဒုတိယ ဘုရားသခင်ဖြစ်ရမှာပေါ့ဘုရား။ ဘာဖြစ်လို့ တတိယ ဘုရားသခင် ဖြစ်သွားလဲဘုရား သစ်ပင်တွေရဲ့ တန်ဖိုးကို မသိကြလို့ နေမှာပေါ့ ကိုရင်ရယ်။ သစ်ပင်တွေကို တတိယဘုရားသခင်လို့ သက်မှတ်ထားရင်ကိုပဲ မဆိုးလှပါဘူး၊ တင်ပါးဘုရား။

တပည့်တော်လည်း သစ်ပင်တွေကို ချစ်တတ်တယ်ဘုရား၊ ကောင်းတယ်။ ကောင်းတယ်။ ကိုရင်က သစ်ပင်တွေကို ချစ်တတ်ရင် အခုမိုးကုန်ပြီဆိုတော့ သစ်ပင်တွေ ရေဓာတ် ခမ်းတော့မယ် ။ ကိုရင်က ရေလောင်းပေး ။ တွေ့ကရာ သစ်ပင် တွေကို မချိုးနဲ့ မဖဲ့နဲ့ လက်မဆော့နဲ့။ ကြားလား၊ မှန်ပါဘုရား ‘သည် ကိုရင်လေးက နေ့စဉ်ပုံမှန် သစ်ပင်ရေလောင်းရတယ်။

ယခင်က ဆရာတော်ခိုင်းလို့ ရေလောင်းရတယ်ယခုသစ်ပင်တွေကို ချစ်တတ်သည့်စိတ်ဝင်သွားတော့ ရေလောင်းရတာကိုပင်ပန်းတယ်ဟု ထင်တော့မည် မဟုတ်ဟု ယူဆမိလေသည်။ အရှင် ဣန္ဒာစာရ ရေစကြို” ဆိုတဲ့ စာသားလေးကို သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ မျှဝေလာတာဖြစ်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်