Covid-19 လူနာများကို လက်ခံကုသပေးနေတဲ့ ဧရာဝတီကိုဗစ်စင်တာကို အလှူငွေ သိန်း (၁၀၀) လှူဒါန်းခဲ့တဲ့ တင်မိုးလွင်

Covid-19 လူနာများကို လက်ခံကုသပေးနေတဲ့ ဧရာဝတီကိုဗစ်စင်တာကို အလှူငွေ သိန်း (၁၀၀) လှူဒါန်းခဲ့တဲ့ တင်မိုးလွင်

ချစ် ပရိတ်သက်ကြီးရေ နိုင်ငံကျော် အစီ အစဉ် တင်ဆက် သူတစ်ယောက် ဖြစ်သလို မော်ဒယ်လ် တစ်ယောက်လည်း ဖြစ်တဲ့ တင်မိုးလွင် ကတော့ နာမည်ကြီး ပွဲ အခမ်းအနား တွေမှာပါဝင် တင်ဆက် ပေးသ လို မော်ဒယ်လ်သင်တန်းတွေ ကို လည်း ဦးစီး ဖွင့်လှစ် ပေးနေ သူ တစ်ယောက် ပဲ ဖြစ်ပါတယ်။

တင်မိုးလွင် ကတော့ အခုဆိုရင် အသက် အရွယ် တစ်ခုကို ရောက်ရှိနေပြီ ဆိုပေမယ့်လဲ သူမရဲ့ရပ်တည်ရာ နယ်ပယ်မှာ တော့ အောင် မြင်နေဆဲ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ တင်မိုးလွင်က သူမ လှူဒါန်းဖြစ်ခဲ့တဲ့ အလှူလေး တစ်ခုကို အခုလိုပဲ ပြန်ပြောပြ လာပါတယ်။

“COVID19 ယာယီကုသရေးဌာန ဧရာဝတီစင်တာကို အလှူငွေကျပ် သိန်း(၁၀၀) ပေးအပ် လှူဒါန်းခဲ့ပါတယ်ရှင်။ ကုသစောင့်ကြပ်ကြည့်ရှု ခံမည့် သူများအား ထားရှိပြီး ကုသရေး၊ စားသောက်ရေး၊ လုံခြုံမှု ရှိရေးနဲ့ အထွေထွေ လိုအပ်ချက် များကို ကူညီဆောင်ရွက်ပေးနေတဲ့ ဧရာဝတီဖောင်ဒေးရှင်းကို အထူးကျေးဇူး တင်ရှိပါတယ်ရှင်။ ကမ္ဘာအဝှမ်း ကပ်ရောဂါများ ကင်းစင်ပါစေ။

(၇) ရက် သားသမီး အပေါင်း နှလုံး စိတ်ဝမ်း အေးချမ်းကြ ပါစေရှင်..”ဆိုပြီး ပြောပြ လာပါတယ်။ တင်မိုးလွင်ကတော့ လက်ရှိ တကမ္ဘာလုံး ခံစားနေရတဲ့ ကိုဗစ်ရောဂါ အတွက် တက်နိုင်တဲ့ဘက်ကနေ တတက်တအား ပါဝင် လှူဒါန်း ကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း တင်မိုးလွင်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာသာဓု ခေါ်ဆိုပေးကြ ပါဦးနော်။ ပရိသတ်ကြီး အားလုံးလည်း သာ ယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရ ပါတယ်။ Source: Tin Moe Lwin ‘s fb