ဖေ့ဘွတ်ကနေ ဖူးစာဆုံဖက်စေခဲ့တာကြောင့် လက်ထပ်သွားခဲ့တဲ့ အဘွားအိုနဲ့ အသက် နှစ်ဆယ်ကျော်အရွယ်ကောင်လေး

ဖေ့ဘွတ်ကနေ ဖူးစာဆုံဖက်စေခဲ့တာကြောင့် လက်ထပ်သွားခဲ့တဲ့ အဘွားအိုနဲ့ အသက် နှစ်ဆယ်ကျော်အရွယ်ကောင်လေး

အချစ်မှကာ အသက်ကြီးတာ ငယ်တာ ရုပ်လှတာမလှတာ ဆင်းရဲတာ ချမ်းသာတာ မျိုးတွေ မရှိဘူးဆိုတာ အားလုံးလည်း ကြုံဖူးလို့ သိနေမှာပါ။ လူမှန်ရင်တော့ အချစ်နဲ့ မကင်းနိုင် ကြတာ သဘာဝပဲဖြစ်သလို ဘယ်နေ့ဘယ်အချိန်မှာ ဘယ်လိုလူနဲ့ ဖူးစာပါချစ်ကြိုက်မိမယ်လို့ ကြိုတင် မသိနိုင်ပါဘူး။

အချစ်နဲ့ ဖူးစာက ဆန်းကြယ် ပါတယ် အသက် ၇၀ ကျော် အရွယ် အမျိုးသမီးကြီးတစ်ဦးနဲ့ အသက် ၂၀ ကျော်အရွယ် နိုင်ဂျီးရီးယားနိုင်ငံသားလေးတို့ရဲ့ ချစ်ခြင်းမေတ္တာဟားလည်း အင်တာနက်သုံးစွဲသူတွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေတာ တွေ့ရ ပါတယ်။

အမျိုးသမီးကြီးရဲ့နာမည်ကတော့ Angela ဖြစ်ပြီး သူဟာ မြေး ၆ ယောက်တောင် ရနေပြီဖြစ်တဲ့ အဘွားတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ချစ်စန်းထလာတဲ့အချိန်မှာ CJ လို့ခေါ်တဲ့ ကောင်လေးဟာ သူမကို ဖေ့ဘွတ်ကနေ လာ add ခဲ့ပြီး စကားတွေ ပြောကြရင်းနဲ့ ချစ်သူအဆင့်ကို ရောက်ရှိခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူတို့နှစ်ဦးဟာ အချိန်အကြာကြီးမဆွဲတော့ဘဲ ချစ်သူသက်တမ်း သုံးလမှာတင် လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်။သူတို့ဟာ လက်ထပ်ထိမ်းမြားပြီးတဲ့အထိ နှစ်ကြိမ်သာ အပြင်မှာတွေ့ဖူးတာဖြစ်ပြီး CJ ဟာ Angela ရဲ့တတိယမြောက် ခင်ပွန်းဖြစ်တယ်လို့ သိရပါတယ်။

သူတို့ နှစ်ယောက်ရဲ့ ဖူးစာရေးနဲ့ပတ်သတ်ပြီး Angela ကတော့ “ ကျွန်မကို သူက ကမ္ဘာမှာ အလှဆုံးအမျိုး သမီးတစ်ဦးလို့ ခံစားရ စေတယ် နောက်ပြီး ကျွန်မတို့ အတူ ရှိ ဖို့ အမြန်ဆုံး အတူ နေရ အောင် ဗီဇာရအောင် ထပ်အားတင်းထားရဦးမယ်လို့ ဆိုပါတယ်။

အန်ဂျလာဟာ ခင်ပွန်းဟောင်းနဲ့ (၁၆)နှစ်ကြာ အိမ်ထောင်ရေးကွာ ရှင်းပြီးနောက်မှာ တစ်ကိုယ်တည်း ဘဝနဲ့ ရပ်တည် နေတာ ဖြစ်ပြီး အထီးကျန် နေချိန် မှာတော့ ယခု လို နိုင်ဂျီရီးယားသား CJ နဲ့ ချစ် ကျွမ်း ဝင်မိခဲ့တာဖြစ်ပြီး နောက်ဆုံး အချစ်ကို ဖန်းတီးနိုင်ခဲ့ တာပဲဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ အချစ်မှာတော့ အသက်အရွယ်ကလည်း အဓိကမကျပါဘူး ၊ ပိုက်ဆံကလည်း အဓိကမကျပါဘူး၊ အဓိက ကတော့ သူတို့ နှစ်ဦးလုံးရဲ့ နှလုံးသားမှာ ဖြစ်တည်လာတဲ့ အချစ် တွေကြောင့်ပဲ ယခုလို လက်တွဲနိုင် ခဲ့တာပဲ ဖြစ်ပါ တယ်။ source: You Know What

Tags: