ထန်းလျှော်ဖြင့် ရက်လုပ်သည့် ကမ္ဘာ့ ပထမဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီး

ထန်းလျှော်ဖြင့် ရက်လုပ်သည့် ကမ္ဘာ့ ပထမဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီး

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ် တွင်ပါ ပထမဆုံး ဖြစ်နိုင်သည့် ထန်းလျှော် ဖြင့် ဗုဒ္ဓ ရုပ်ပွားတော်ကို ရက်လုပ် နေတာက ပြီးစီးလုအခြေအနေကို ရောက်နေပြီ ဖြစ်ကြောင်း အဆိုပါ ရုပ်ပွားတော်ကို ရက်လုပ် ပူဇော်နေသူများ ထံက ဒီဇင်ဘာလ ၅ ရက်နေ့က သိရပါတယ်။

အဆိုပါ ရုပ်ပွားတော် ကို မန္တလေး တိုင်းဒေသကြီး ၊ ကျောက်ပန်းတောင်းမြို့နယ်၊ ရွာတန်းရှည် ကျေးရွာ ၊ တိုက်သစ် ဘုန်းတော်ကြီးကျောင်းဝန်း အတွင်း ထားရှိ ရက်လုပ်နေတာ ဖြစ်ပြီး လောကမာရ ဇိန် ထန်းဘုရားကြီးဟု ဘွဲ့တော် ကို သတ်မှတ် ထားပြီး ဘုရား ၏ ဉာဏ်တော်မှာ ၂၇ ပေ ရှိကာ ပလ္လင်တော် ပါ ပါက ၃၄ ပေ အမြင့် ရှိပြီး ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသကို လျှောက်ထား သြဝါဒ ခံ ယူ ကာ တည် ထားခြင်းဖြစ် ကြောင်း တော်ဝင်ထန်းအဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ပိုးဖြူက ဒီဇင်ဘာလ ၅ ရက်နေ့ကပြောပါတယ်။

“ရုပ်ပွားတော်မှာဆံတော်က သုံးလိုင်းမြောက်ပဲကျန်ပါတော့တယ်။ အလှူ က ထန်းတောင်သူတွေ ပါတယ်။ နန်းတွေ ထိုးရတာကိုး။ ရွာ သူ ရွာသားတွေ ပါတယ် ။ ထန်းပင် အလှူရှင်တွေ လည်း ပါတယ်။ ထိန်းသိမ်းထားတဲ့ ထန်းပင်တွေက ထန်း လက်တွေကို အန်တီတို့က ခုတ်တယ်။ ထန်းလက် တွေကို ယူပြီးတော့ အန်တီတို့ က ထိုးတာပေါ့နော်။ထန်းတောင်သူတွေ အကုန်လုံးလည်းပါတယ်။ ဒီထန်းပင်တွေ ကို အုပ်စုလိုက်ခုတ်နေတဲ့အချိန် ကြိုး စည်းထားတဲ့အပင်တွေကို အန်တီတို့က ဝယ်ပြီး သိမ်းလိုက်တာကို။

အဲဒီအပင်က ထန်းလက်တွေကယူပြီးတော့ ဘုရားကိို ထိုးတာပေါ့” ဟု အဆိုပါ ဘုရားတွင် ကိုယ်တိုင်နန်းထိုး၍လည်း ကုသိုလ်ယူခဲ့သူ ၎င်းက ဆိုပါတယ်။ ရုပ်ပွားတော်သည် အဆိုပါ အရပ်ဒေသတွင်ရှိသော ထန်းတောင်သူ များကို ကိုယ်စားပြုထား သကဲ့သို့ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အတွက် ဝယ် ထားလိုက်သော ထန်းပင်များ က ထွက်ကုန် ပစ္စည်းများကို သုံးထားခြင်း ဖြစ် ကြောင်း ၎င်းကဆိုပါတယ်။

“ဒီဆင်းတုတော်သည် အဓိပ္ပာယ်တွေအများကြီးကို ယူလာတာပေါ့နော်။ သဘာဝထိန်းသိမ်းတယ်။ နောက်တစ်ခါ ထန်းတောင်သူတွေအားလုံးရဲ့အလှူတွေ ပါသလို သင်တန်းလုပ်ပေးတယ်။သင်တန်းသူတွေ ရက်တတ်လာတယ်။ အန်တီထင်ပါတယ်။ နောက်ထပ် ဘုရားတစ်ဆူကို ထပ်ပြီး ရက်လုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲ ပါတယ်။

ဘာလို့လဲဆိုရင် အားလုံးကိုလက်ချည်းပဲလေ။ ထန်းလျှော်ကို ခုတ်ရ တာလည်း လက်နဲ့ ခုတ်ရ သလို လျှော် သပ်ရ တာလည်း ထန်းတောင်သူ တွေက အရမ်းထက်တဲ့ ဓားနဲ့ သပ်ပေးရတယ်” ဟု ဒေါ်ပိုးဖြူက ပြော ပါ တယ် ။ တိုက်သစ် ဘုန်းတော်ကြီး ကျောင်းတွင် ရှေးဟောင်း ဆင်းတုတော် ၂၅ ဆူ လည်း တည်ရှိ နေကာ အဆိုပါဘုရားသည် ခရီးသွားများ အတွက် စိတ်ဝင်စားဖွယ် နေရာ တစ်ခုလည်း ဖြစ်သွားမည် ဖြစ်ကြောင်း ပြောပြခဲ့ ပါတယ်။

Tags: