နေမကောင်း ဖြစ်ရင်း ပြည့်ဖောင်း လာတဲ့ မျက်နှာ အခြေ အနေကြောင့် ပရိသတ်တွေရှေ့ရောက်မလာခဲ့ကြောင်း ပွင့်လင်းစွာ ပြောပြလာတဲ့ သက်မွန်မြင့်

နေမကောင်း ဖြစ်ရင်း ပြည့်ဖောင်း လာတဲ့ မျက်နှာ အခြေ အနေကြောင့် ပရိသတ်တွေရှေ့ရောက်မလာခဲ့ကြောင်း ပွင့်လင်းစွာ ပြောပြလာတဲ့ သက်မွန်မြင့်

နိုင်ငံကျော် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ သက်မွန်မြင့် ကတော့ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော် ကတည်းက အနု ပညာ လောကထဲကို ရောက်ရှိ လာခဲ့ကာ ကြော်ငြာ မဂ္ဂဇင်း တွေနဲ့ သီချင်း ဗီစီဒီတွေကို ရိုက်ကူးရင်း ပရိသတ်ရဲ့ အားပေးမှု ကို ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

သက်မွန်မြင့်က အခုဆိုရင် အသက်ရွယ် တစ်ခုကို ရောက်ရှိလို့လာပြီ ဖြစ်ပြီး အိမ်ထောင်ရှင်မ အမျိုးသမီးတစ်ယောက် ဖြစ်နေပြီ ဆိုပေမယ့်လဲ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိ ပိုင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း သက်မွန် တစ်ယောက် ဘယ်လို အ သက်အရွယ်မျိုးပဲရောက်ရောက် ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် အချစ်မလျော့ပဲ အားပေးနေကြဆဲ ဖြစ်ပါတယ်။ ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဆိုလဲ မမှားပါဘူးနော်။

လွန်ခဲ့တဲ့ (၂) နှစ်ကျော် လောက် ကတည်းက ကျန်းမာရေး အခြေ အနေကြောင့် မကြာခဏ နေမကောင်း ဖြစ်နေတဲ့ သက်မွန်မြင့် က လက်ရှိ အချိန်မှာလည်း နေမကောင်းဖြစ်တဲ့ အချိန်တွေ ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလ (၉) ရက်နေ့မှာ ကတော့ သက်မွန်မြင့်က လွမ်းနေကြတဲ့ သူမရဲ့ပရိသတ်တွေအတွက် သတိတရLive လွှင့်ပေးခဲ့ပြီး နေမကောင်း ဖြစ်ရင်း ပြည့်ဖောင်းလာတဲ့ မျက်နှာ အခြေ အနေကြောင့် ပရိသတ်တွေရှေ့ရောက်မလာခဲ့တဲ့ကြောင်း ပွင့်လင်းစွာ ပြောပြလာတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

သက်မွန်မြင့်ကတော့ နေမကောင်းတစ်ခါ ဖြစ်ရင် မျက်နှာကြီးတွေ၊ မျက်လုံးကြီးတွေ မို့အစ် ပြည့်ဖောင်း လာခဲ့ တာကြောင့် သူမကိုယ်သူမ မကြည့်ချင်တဲ့အပြင် ပရိသတ်တွေလည်း ကြည့်ရမှာ အဆင်မပြေဖြစ်မှာစိုးတယ်လို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေ ကတော့ သက်မွန်မြင့် ဆိုတဲ့ ဖြစ်တည်မှုလေးကိုသာ ချစ်ကြတာ (၁၀၀)ရာခိုင်နှုန်း အသေအချာပါပဲနော်။ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆု မွန်ကောင်း တောင်းပေးလိုက်ပါတယ်။ Source: Thet Mon Myint’s fb