ခိုင်နှင်းဝေရဲ့ရင်သွေးငယ်များဂေဟာမှာ ချစ်သူသက်တမ်း (၅)နှစ်ပြည့်အမှတ်တရ သွားရောက်လှူဒါန်းခဲ့ကြတဲ့ ဝါဆိုမိုးဦးနဲ့ ဖြိုးလေး

ခိုင်နှင်းဝေရဲ့ရင်သွေးငယ်များဂေဟာမှာ ချစ်သူသက်တမ်း (၅)နှစ်ပြည့်အမှတ်တရ သွားရောက်လှူဒါန်းခဲ့ကြတဲ့ ဝါဆိုမိုးဦးနဲ့ ဖြိုးလေး

အဆိုတော် ဖြိုးလေး နဲ့ သရုပ်ဆောင် ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးက တော့ ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ မှာ ချစ်သူ သက်တမ်း(၅) နှစ်ပြည့်ပြီလို့ ဆိုပါတယ်။

အမှတ်တရ အကြို နေ့လေ အဖြစ် ခိုင်နှင်းဝေ ရဲ့ “ရင်သွေးလေးများ ရိပ်မြုံ” ဂေဟာမှာ ငွေကျပ် (၅) သိန်း လှူဒါန်းခဲ့ကြ ပါတယ်။ ဒီအလှူလေးအတွက် ဝါဆိုမိုးဦးရဲ့ ပီတိစကားကို ပြောပြခဲ့ပါတယ်။

“ဒီဇင်ဘာလ (၁၀) ရက်နေ့ မှာ ဆိုရင်ချစ်သူ သက်တမ်း (၅) နှစ်ပြည့်ပြီ။ မခိုင်နှင်းဝေရဲ့ ကလေးများဂေဟာမှာတော့ ဘက်စုံသုံးဖို့အတွက် ငွေသား (၅)သိန်းကို လှူခဲ့တယ်။

အခုလို ကာလမှာ ကလေးတွေ အတွက် လိုအပ်မှု တွေ များမယ်ဆိုတာကိုလည်းသိတယ်၊ အစ်မနဲ့ Facebook မှာ Friend ဖြစ်နေတော့ အစ်မကို ဘာတွေလိုအပ်လည်း မေးရင်းနဲ့ ဘက်စုံ သုံးလို့ရအောင် အလှူငွေလေးပဲ လှူဖြစ်သွားတယ်။

နောက်ထပ် အလှူလေးကလည်း ရွာသားကြီးဘက်ကမိဘမဲ့ဂေဟာ တစ်ခုမှာ လှူဖို့ရှိပါသေးတယ်” လို့ ဆိုပါတယ်။ ဝါဆိုမိုးဦး အနေနဲ့ ချစ်သူသက်တမ်း အမှတ်တရ အလှူလေးကို ခိုင်နှင်းဝေရဲ့ ကလေးများ ဂေဟာမှာ ပြုလုပ်ခွင့်ရတဲ့ ပီတိလေးကို အခုလို ပြောပြလာပါတယ်။ “ အစ်မရဲ့ ဂေဟာကို ပထမဆုံး ရောက်ဖူးတာပါ။

ကလေးတွေ ကိုလည်း ကောင်းကောင်းမွန်မွန်နဲ့ စောင့်ရှောက် ထားတာ တွေ့ရတော့ အရမ်းလည်း ပီတိဖြစ်ရတယ်။ အစ်မကတော့ တ ကယ်ကို အမေအရင်း တစ်ယောက်လိုပဲ စောင့်ရှောက် ထားတာကိုလည်း အမြဲတမ်း တွေ့နေရပါတယ်။

ဒါကြောင့် ဒီကလေးလေးတွေက အစ်မဆီကိုရောက်တာ အရမ်းကိုကံကောင်းတယ်လို့ ဝါဆိုခံစားမိတယ်။အစ်မအတွက်လည်း အရမ်း ဂုဏ်ယူပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့ရဲ့ အချစ်ရေးကိုတော့ ၂၀၁၆ ခုနှစ်လောက်မှာ ပရိသတ်တွေကို တရားဝင် အသိပေးခဲ့ကြတာ ဖြစ်ပါတယ်။

ချစ်သူ သက်တမ်း(၅) နှစ်တာခရီးမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ နဲ့ တည်ဆောက်ထားကြတာဖြစ်ပြီး အနုပညာလုပ် ငန်း တွေမှာလည်း ဖေးမ ကူညီပေး နေကြတာတွေ တွေ့ရသလို အ လှူအတန်းနဲ့ ပတ်သက်လာရင်လည်း အတွဲညီညီ ဆောင်ရွက်လေ့ရှိတဲ့ ချစ်သူ စုံတွဲ တစ်တွဲဖြစ်ပါတယ်။

သူတို့ နှစ်ဦးရဲ့ မင်္ဂလာ သတင်းကိုတော့ နောက် (၃) နှစ် နေမှသာ ပရိသတ်တွေကို အသိပေးသွားမယ်လို့လည်း ဝါဆိုမိုးဦးက ဖြေဆိုထားဖူးပါတယ်။Source : Cele YatKwat