လမ်းတောင်မလျှောက်နိူင်အောင် နာနေတဲ့ ဒူးကျီးပေါင်း အလွယ် တကူ ပျောက်ခဲ့တဲ့နည်း

လမ်းတောင်မလျှောက်နိူင်အောင် နာနေတဲ့ ဒူးကျီးပေါင်း အလွယ် တကူ ပျောက်ခဲ့တဲ့နည်း

လွန်ခဲ့တဲ့ ၄ လလောက် ကထဲက လမ်းတောင်မလျှောက်နိူင်အောင် နာနေတဲ့ ဒူးကျီးပေါင်းတက်တာ အထူးကုနဲ့ပြ/ ဆေးမျိုးစုံသောက်/စက်တွေနဲ့ လေ့ကျင့်ခန်းလုပ် မပျောက်လို့ စိတ်ညစ် နေတာ

သူငယ်ချင်း တစ်ယောက်နဲ့ တွေ့ပြီး သူ့ကိုယ်တွေ့ ဆိုပြီး ညွန်းလို့ မယုံပေမဲ့ စမ်းကြည့်လိုက်တာ တပတ် အတွင်း လုံးဝ နီးပါးပျောက်သလောက် ဖြစ်သွားလို့ ပြန်လည် မျှဝေပါတယ် ။

သူငယ်ချင်း ကတော့ လည်ပင်းကြီးပေါင်း ဇက်လိမ်နေတဲ့ အဆင့်ကို ၄ /၅ ရက်နဲ့ ပျောက်ခဲ့တယ်လို့ နုတ်ပြောလေးနဲ့ မျှဝေလို့ ၃ဦး၄ ဦးလောက်လဲ အဆင်ပြေနေကြ ပါပြီ ။ ဝေဒနာရှိ နေရင်လဲကောင်းစေချင်လို့ ထပ်ဆင့်ဖြန့် ဝေတာပါ ။

ဆေးနည်းက အရမ်းကို ဈေးသက်သာ ပါတယ်။ သုံးကြည့်ပါ ရက်ရှည် အကြိမ်များများ လိမ်းဖို့တော့ လိုပါတယ် ။ကွမ်းစားတဲ့ ထုံးနဲ့အုန်းဆီကို သမအောင် ရောစပ်ပြီး လိမ်းတဲ့ နေရာ ထုံးဖွေးနေဖို့လဲမလိုပါဘူး ထုံး များသွား ရင်လဲ ထုံးက အဖတ်လိုက် ကွာထွက် ပါတယ် ။

အုန်းဆီများသွားရင်လဲ အဝတ်အစားတွေဆီပေပါတယ် ချိန်ဆပြီးရောပါအချိုးအစားအစဉ်ပြေသွားရင် ခြောက်သွားပါတယ် ။ထုံးမကြီးသီးစေ့ ၅ စေ့စာလောက်ကို အုန်းဆီ ၆ စက်/၇ စက် လောက် ထည့်ရင် အတော်ပါဘဲနှစ်ခုစပ်ပြီးရင် ဖြစ်တဲ့နေရာကိုအတော်ကြာပွတ်ပေးဖို့တော့လိုပါတယ်။

ဘေးထွက်ဆိုးကျိုးမရှိပါ ထုံးမပေါက်ပါ ။ကိုယ်တွေ့ပါ စမ်းကြည့်လိုက်ပါ အဆင်ပြေလို့ ကောင်းပါတယ်ဆိုရင် နောက်လူတွေ ထပ်ညွန်းပေးပါ ။အားလုံးသက်သာ ပျောက်ကင်းကြပါစေ။ မူရင်းရေး သား ဖော်ပြပေး သူအား လေးစား စွာဖြင့် ခရက်ဒစ်ပေးပါသည်။