အိမ်ပြန်ရောက် နေပြီ ဆိုပေမယ့် ဧရာဝတီ စင်တာကို ပြန်သွားပြီး စေတနာ့ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဦးမယ်ဆိုတဲ့ နေလင်း

အိမ်ပြန်ရောက် နေပြီ ဆိုပေမယ့် ဧရာဝတီ စင်တာကို ပြန်သွားပြီး စေတနာ့ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဦးမယ်ဆိုတဲ့ နေလင်း

နေလင်း ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကား တွေမှာ အရေးပါတဲ့ ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်အဖြစ် သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။

လက်ရှိမှာတော့ နေလင်းက Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ရလို့ ဧရာဝတီ ကိုဗစ်စင်တာမှာ ဆေးကုသမှု ခံယူနေရ တာပဲ ဖြစ်ပါတယ်။

ကိုဗစ်လူနာ ဖြစ်ပေမယ့် ဆရာဝန်ကြီး တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကြောင့် တစ်နေ့ထက် တစ်နေ့ နေကောင်း သက်သာလာတဲ့ နေလင်းက ဆေးရုံ ကနေ ဆင်းလာခဲ့ရပြီ ဆိုပေမယ့်

မကြာခင် အချိန် အတွင်းမှာ ဧရာဝတီ ကိုဗစ် ကုသရေးစင်တာ ကို သွားပြီး စေတနာ့ဝန်ထမ်း အဖြစ် တာဝန် ထမ်းဆောင်ဦးမယ်ဆိုတဲ့အကြောင်းကို ပြောလာပါတယ်။

“ကျွန်တော် အိမ်ကို ပြန်ရောက် ပါပြီ ခင်ဗျာ။ အားလုံး အာလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ဧရာစင်တာမှာ ကျန်ခဲ့သူ အားလုံးကိုလည်း သတိရနေပါတယ် ခင်ဗျာ။

အတွင်းစည်း အပြင်စည်းအားလုံး ဘေးကင်းကြပါစေခင်ဗျာ။ လူ က အပြင် ရောက်သွား ပေမယ့် စိတ်ကတော့ Q မိ နေတုန်း ပါလို့လမ်းကြုံရင် မျက်ဝန်းတစုံကို ပြောပေးကြပါဦးဗျာ ….

P (Positive) ဘဝကနေ Q (Quarantine) ဝင်ရပီး R (Relationship) P Q R မဖြစ်ခဲ့ရ ပေမယ့်😂😂😂 V (Volunteers) Official ဘဝနဲ့ မကြာခင် ပြန်လာခဲ့ပါမယ်ခင်ဗျာ” ဆိုပြီး ပြောလာပါတယ်။

နေလင်းကတော့ ကိုဗစ်စင်တာမှာ (၁၄) ရက် တိတိ ဆေး ကုသမှုခံယူခဲ့ရပြီး အခုဆိုရင် ပကတိ အတိုင်း နေကောင်း ကျန်းမာ နေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် နေလင်းကတော့ သူ့လိုမျိုး ရောဂါ ကူးစက် ခံရတဲ့လူနာတွေကို ကူညီဖို့ စေတနာ့ ဝန်ထမ်းလုပ်အားပေးအဖြစ် သွားရောက်တာဝန် ထမ်းဆောင်ဦးမှာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။Source: celeconnection