နှင်းတောကိုဖြတ်ပြီး ကျောင်းသွားရလို့ ရေခဲချောင်း ဆံပင်ပုံစံဖြစ်နေတဲ့ ကလေးငယ်

နှင်းတောကိုဖြတ်ပြီး ကျောင်းသွားရလို့ ရေခဲချောင်း ဆံပင်ပုံစံဖြစ်နေတဲ့ ကလေးငယ်

အသက် (၁၀)နှစ် အရွယ်သာ ရှိသေးတဲ့ တရုတ် ကလေးငယ်လေးဟာ နှင်းတောကြီးကို ဖြတ်ပြီး သုံးမိုင်အဝေးက စာသင်ကျောင်းဆီကို နေ့စဉ်သွားရောက် နေရပါတယ်။

ကလေးရဲ့အမည်ကိုတော့ သတင်းမှာ ထုတ်ဖော်ရေးသားထားခြင်း မရှိပေမယ့် သူ့ကို Snowflake Boy လို့ လူမှုကွန်ယက် ပေါ်မှာ တင်စားခေါ်ဝေါ်နေကြ ပါတယ်။

အဲဒီ ကျောင်းသားလေးဟာ တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်စီရင်စု၊ Ludian ကောင်တီ Xinjie မြို့နယ် ထဲမှာ နေထိုင်သူဖြစ်ပြီး၊ အလွန် အေးလှတဲ့ အာတိတ် စက်ဝန်း အတွင်း မှာ ကျရောက် နေတဲ့ ဒေသဖြစ်လို့ အပူချိန်ဟာ “0”ဒီဂရီအောက်မှာသာ ရှိတဲ့ ဒေသပါ။အခုလည်း အဆိုပါ ကောင်လေးဟာ အနှုတ်(၉)ဒီဂရီအထိ ကျဆင်းနေတဲ့ ရေခဲမှတ်အောက်မှာ သုံးမိုင်အဝေးက ကျောင်းကို သွားရောက်ရပါတယ်။

ဒါကြောင့် သူ့ခေါင်းပေါ်ကိုတင်သမျှ နှင်းခဲတွေဟာ မိနစ်ပိုင်းအတွင်း ရေခဲအချောင်းတွေပုံစံ ပြောင်းသွားပြီး၊ သူ့ခေါင်းပေါ်မှာ ထိုးထိုးထောင်ထောင်ပါဘဲ။

သူရဲ့ ရေခဲဦးထုပ် ပုံစံ ထိုးထိုး ထောင်ထောင် ဖြစ်နေတာ လေးကို ကျောင်းအုပ် ဆရာကြီး Fu Heng ကိုယ်တိုင် ရိုက်ယူခဲ့ကာ လူ မှုကွန်ယက်မှာ ဖြန့်ဝေခဲ့ပါတယ်။ Fu ဟာအခုကာယကံရှင်ကောင်လေးတက်ရောက်နေတဲ့ Zhuanshanbaoအမည်ရမူလတန်းကျောင်းရဲ့ ကျောင်းအုပ်ပါ။

ကလေးမှာ ပြင်းထန်လှတဲ့ အအေးဒဏ်ကြောင့် အသားပဲ့(ပက်)တဲ့ ဝေဒနာ တွေ ကိုလည်း ခံစား နေရ ရှာပြီး၊ လက်တွေ၊ ခြေထောက်တွေဟာအက်ကွဲကြောင်း ဒဏ်ရာတွေ ဖြစ်လို့နေပါတယ်။ ကျောင်းအဝင်ဝတံခါးကိုလည်း ဆရာကြီး Fu က မှတ်တမ်း တင်ထားပြီး၊ ကလေးတွေဟာ ဆင်းရဲတဲ့ အတွက် လုံလောက်တဲ့ အဝတ်အစားနဲ့ နွေးထွေးမှုကို မရကြဘူးလို့ ဆိုပါတယ်။ credit

Tags: