မွေးနေ့မှာ ဝန်ထမ်းတွေကို တန်ဖိုးကြီး ကားလက်ဆောင်တွေ ပေးခဲ့တဲ့ သူဌေးရဲ့ လေးစားဖွယ် ပြောစကား

မွေးနေ့မှာ ဝန်ထမ်းတွေကို တန်ဖိုးကြီး ကားလက်ဆောင်တွေ ပေးခဲ့တဲ့ သူဌေးရဲ့ လေးစားဖွယ် ပြောစကား

ကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်တော့မယ် ဆိုရင် အဲဒီကုမ္ပဏီက ပေး တဲ့ လစာကို အရင် မကြည့်ပဲနဲ့ ဒီကုမ္ပဏီရဲ့ သူဌေးက ဝန်ထမ်းတွေအပေါ် ဂရုတစိုက် ရှိရဲ့လား ၊ ဝန်ထမ်း တွေကို ပြန်ပြီး ကြည့်ရှု့ ရဲ့လား အစရှိတာ တွေကို ကြည့်တတ်ဖို့ လိုပါတယ်။

အခုလဲ ကုမ္ပဏီ တစ်ခုရဲ့ သူဌေးတစ်ဦးဟာ ဝန်ထမ်းတွေကို ဘာမှကြို မပြောထားပဲနဲ့ သူ့မွေးနေ့မှာ ကားတွေကို လက်ဆောင် အဖြစ်ပေးခဲ့ကြောင်းကို Yabaleft Online သတင်းဌာနရဲ့ တင်ပြချက်အရ သိရှိရပါတယ်။နိုက်ဂျီးရီယားနိုင်ငံက စီးပွားရေးလုပ်ငန်းရှင် လည်းဖြစ် influencer တစ်ဦးလည်း ဖြစ်တဲ့ Emeka Okonkwo ဟာ သူ့ရဲ့ မွေးနေ့ ကျင်းပနေတုန်း ဘာမှ မပြောပဲနဲ့ အိမ်ရှေ့က ခြံထဲကို ခေါ်သွားခဲ့ ပါတယ်။

ခြံထဲကို ရောက်တဲ့ အချိန် မှာတော့ သူ့ရဲ့ ဝန်ထမ်း တွေကို ပြောခဲ့တယ်။ မင်းတို့ အတွက် ကားတစ်စီးစီ လက်ဆောင် ပေးဖို့ ငါစီစဉ်ထားတယ်တဲ့။ “ ဒီနေ့က ငါ့မွေးနေ့လေ။ ဒီဝန်ထမ်းတွေက ငါ့ဘဝအတွက် တကယ် အရေးပါတဲ့ သူတွေပဲလေ။ သူတို့ပျော်ရင် ငါလဲပျော်တယ်

အခုလို ငါ့မွေးနေ့မှာ ငါ့အတွက်အရေးပါတဲ့သူတွေကို ပျော်အောင်လုပ်ပေးရတာ ငါက သူတို့ထက်တောင် ပျော်သေးတယ်။ ဒီလူတွေက ငါကုမ္ပဏီစထောင်ကတည်းက ဒီနေ့ဒီအချိန်အထိငါ့အနားမှာ ရှိခဲ့တဲ့ ရဲဘော် ရဲဖက် တွေပါပဲ” လို့ Emeka က ပြော ကြားခဲ့ပါတယ်တဲ့ဗျာ… source : daliycinews