အရမ်းကြည်ညိုဖွယ်ရာကောင်းလှတဲ့ မာကိုမာနိုင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး

အရမ်းကြည်ညိုဖွယ်ရာကောင်းလှတဲ့ မာကိုမာနိုင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး

ဂျပန်နိုင်ငံရဲ့ အေးချမ်းတဲ့အလှတရားနဲ့ ချယ်ရီပန်းတွေအကြောင်းကိုပဲ စာဖွဲ့နေမယ်ဆိုရင် တစ်ခြားအရာ တွေကို ပြောစရာမရှိလို့လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ အခုပြောပြမယ့် အကြောင်းက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အကြောင်းပါ။

ဂျပန်နိုင်ငံမှာ တည်ထား ကိုးကွယ်ထားတယ် ဆိုတာသိရင် ချယ်ရီ ပန်းကို စာမဖွဲ့တော့ပါဘူး။ဆာပေါ်ရိုမြို့ရဲ့အပြင်ဘက်မှာတည်ရှိတဲ့ မာကိုမာနိုင် ရုပ်ပွားတော်မြတ်ကြီးဟာ ဂျပန်ပြည် က အလှဆုံးဆိုတဲ့နေရာတွေထဲက တစ်ခုပါ။

ဆယ်စုနှစ်တစ်ခုကြာအောင် ရုပ်ပွားတော်မြတ်ကြီးကို တည်ထားခဲ့ပြီးတဲ့နောက်မှာတော့ ကြည်ညိုဖွယ်ရာ ဖြစ်လာပါတယ်။ တန်ချိန် (၁၅၀၀) အလေးချိန်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ ဉာဏ်တော်ဟာ (၁၃၀)ပေရှိပါတယ်။

တာဝန်ယူ တည်ထားခဲ့တဲ့ ဗိသုကာပညာရှင်ကတော့ တာဒေါင်အန် ဒို လို့ခေါ် ပါတယ်။ သူဟာ ရုပ်ပွားတော်မြတ်ကြီးရဲ့ပတ်ပတ် လည် မှာ လာဗန်ဒါ အပင်တွေကို စိုက်ခဲ့ ပါတယ် ။ ရုပ်ပွားတော် ကြီးကမြေပြင်အထဲကို ရောက်နေတဲ့ ဟန်နဲ့ ပူဇော်ခဲ့ပြီး၊ ထူးခြားတဲ့ ဟန်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဖူးမျှော်သူတွေဟာ ဦးခေါင်းတော်ပိုင်း ကိုပဲ အစပိုင်းမှာ မြင်ရပေမဲ့ တကယ်တမ်း ဘုရား ကိုဖူးရင်တော့ အောက်ခြေမှာ ဝင်စရာလိုဏ် ခေါင်းပေါက်ကရှိပါတယ်။ နှင်းကျသည်ဖြစ်စေ၊ နေပူသည်ဖြစ် စေ အချိန်မရွေးကြည်ညို ဖူးမျှော်လို့ ရနေပြီး၊ ဗုဒ္ဓတောင်ကုန်း ဟာ အ ချိန်မ ရွေး သပ္ပာယ်နေတယ်လို့ သိရပါတယ်။

ဖူးမျှော်ချင်တဲ့ ဘုရားဖူး ဧည့်သည်တွေ အနေနဲ့လည်း ဉာဏ်တော် အမြင့် (၁၃၀) ပေ ရှိတဲ့ မာကိုမာနိုင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကို အဝေးကနေကြည်ညို သဒ္ဒါပွားနိုင်ဖို့တင်ဆက်ပေးလိုက်ရပါ တယ် Credit :MyanmarNote