“လိပ်ပြာ” ဇာတ်လမ်းတွဲကနေ Asian Academy Creative Awards ဆုပေးပွဲမှာ ဆု ရရှိ ခဲ့တဲ့ အတွက် ဂုဏ်ယူနေတဲ့ ပန်းရောင်ခြယ်

Asian Academy Creative Awards ဆုပေးပွဲ မှာ “လိပ်ပြာ” ဇာတ်လမ်းတွဲက နေပြီး ဆု ရရှိ ခဲ့တဲ့ အတွက် ဂုဏ်ယူနေတဲ့ ပန်းရောင်ခြယ်

ပန်းရောင်ခြယ် ကတော့ အောင်မြင်မှုတွေကို ရရှိနေတဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်ဘက်ကိုလည်း အောင်မြင်စွာနဲ့လျှောက်လှမ်း လာနိုင်သူ တစ်ယောက်ပါ။

ပန်းရောင် အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင်ခဲ့တဲ့ လိပ်ပြာ-အမှန်တရားရဲ့ဓားတစ်လက် ဆိုတဲ့ ဇာတ်လမ်းတွဲ ကတော့ စင်္ကာပူနိုင်ငံမှာကျင်းပတဲ့ Asian Academy Creative Awards မှာ ဆုတွေ ဆန်ခါတင်စာရင်း ဝင်ခဲ့ပါတယ်။ ပန်းရောင်ကတော့ ဒီဆုပေးပွဲကြီးကို မြန်မာနိုင်ငံကနေပြီး virtually တက်ရောက်ခဲ့တဲ့ပုံရိပ်တွေကို ပရိသတ်တွေ အတွက် မျှဝေ လာခဲ့ပါတယ်။

သူ့ရဲ့ဖေ့ဘွတ်ခ်မှာတော့  “တစ်နေ့ညက Asian Academy Creative Awards ဆုပေးပွဲကို ပန်းရောင်တို့တွေ အားလုံး ကိုယ့်နိုင်ငံကိုယ်ဆီကနေ virtually တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံအတွက်တေးရေး/music producer Daniel Saw က၊ Youn Ni Ko သီဆိုထားတဲ့၊ “လိပ်ပြာ” ရဲ့ ဇာတ်ဝင်တေးဖြစ်တဲ့ “Enemies Of You” သီချင်း နဲ့ အကောင်းဆုံး ဇာတ်ဝင်တေးဆုကို ရရှိသွားခဲ့ပါတယ်။

ပန်းရောင်တို့တွေ အရမ်းကို ဂုဏ်ယူ ပျော်ရွှင်ရပါတယ်။ မကြာခင် “လိပ်ပြာ” Season 2 ကို CANAL+ ကနေ ထုတ်လွှင့်ပြသတော့မှာမို့ စောင့်ကြည့်ပေးပါ” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။ CANAL+ က ထုတ်လွှင့်ခဲ့တဲ့ ဒီ ဇာတ်လမ်းတွဲ ကတော့ ပရိသတ် ကြိုက်နှစ်သက်မှု ရထားပြီး Season 2 လည်း ထွက်ရှိ လာတော့ မှာပါ ။ ဒီ ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်တေးကတော့ အ ကောင်းဆုံး ဇာတ်ဝင်တေးဆု ကို ရရှိခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူစရာပါနော်။ Source: PanYaungChel