အီရန်၌ ကိုဗစ်-၁၉ ကုသရန်အရက်ပျံသောက်ရာမှ လူ ၇၀၀ ကျော် သေဆုံ

အီရန်၌ ကိုဗစ်-၁၉ ကုသရန်အရက်ပျံသောက်ရာမှ လူ ၇၀၀ ကျော် သေဆုံး

၂၀၂၀၊ ဧပြီ ၂၈ အရက်ပျံသည် ကိုရိုနာဗိုင်းရပ်စ်သည်ကို ပျက်စီးစေသည်သုဆိုကာ သောက်သုံးရာမှ အီရန်နိုင်ငံ၌ လူပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။ ယခုအရေအတွက်က အီရန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် သေဆုံးသူအရေအတွက်ထက် ပို၍ များနေကြောင်း သိရသည်။

အရက်အဆိပ်သင့်မှုကြောင့် သေဆုံးသူအချို့က ဆေးရုံပြင်ပ၌ သေဆုံးခဲ့ခြင်း ကြောင့် သေဆုံးသူအရေအတွက် ကွာဟခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ အကြံပေးတစ်ဉီးဖြစ်သူ ဟူစိန်ဟော့ဆာနီယန်က ပြောကြားသည်။ “လူ ၂၀၀ လောက်က ဆေးရုံတွေရဲ့ပြင်ပမှာ သေဆုံးခဲ့တာဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

ကိုရိုနာဗိုင်း ရပ်စ် ကပ်ရောဂါဖြစ်ပွားနေစဉ် အီရန်နိုင်ငံ၌ အရက်အဆိပ်သင့်မှုမှာ ဆယ်ဆကျော်အထိ မြင့်တက်လာခဲ့သည်ဟု ဧပြီလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အစိုးရ၏ အစီရင်ခံစာတစ်ရပ်အရ သိရသည်။ ဖေဖော်ဝါရီလ ၂၀ ရက်နောက်ပိုင်း အရက်ပျံသောက်သုံးမှုကြောင့် လူ ၅၂၅ ဦးသေဆုံးခဲ့ပြီး ၅၀၁၁ ဦး

အ ရက်အဆိပ်သင့်ခဲ့ကြောင်း အီရန် ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကီယာ နောက်ရှ်ဂျာဟန်ပူက ပြော ကြားခဲ့သည်။ လူ ၉၀ ခန့်မှာ အရက်အဆိပ်သင့်မှုကြောင့် အမြင်အာရုံ ဆုံးရှုံးခဲ့ ရသည်ဟု ၄င်းကဆိုသည်။

ကိုးကား။ ။တိုင်းမ် Ref; Over 700 Iranians Dead From Methanol Poisoning Over False Belief the Chemical Cures COVID-19 PeopleMedia