သွန်းဆက်လာကန်တော့တဲ့အတွက် ပီတိဖြစ်ပြီး ငိုချင်လာမိတယ် ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ်

သွန်းဆက်လာကန်တော့တဲ့အတွက် ပီတိဖြစ်ပြီး ငိုချင်လာမိတယ် ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ် အချစ်တော် ဇာတ်ပို့ သရုပ်ဆောင်တွေ ဖြစ်တဲ့ ကိုဘင်းနဲ့ နှိုင်းယှဉ် တို့ ဇနီးမောင်နှံကတော့ အလှူ အတန်း တွေ ကို လည်း မ ကြာခန လုပ်လေ့ ရှိပါတယ်။ သီတင်းကျွတ် တုန်းကလည်း စီနီယာအစ်ကို တွေနဲ့ အနုပညာမောင်နှမ အချို့ကို သူမတို့ရဲ့ ချွေးနည်းစာလေးနဲ့ လိုက်လံ ကန်တော့ခဲ့တာ ပရိသတ်တွေ လည်း သိပြီးဖြစ်မှာပါ ။ တူသော အကျိုးပေး တယ်ပဲ ဆို ရ မ လား နှိုင်းယှဉ် တို့ ဇနီး မောင်နှံ ကိုလည်း လာ ရောက် ကန်တော့ ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ရှိလာပါတယ် ။

သူမကတော့ မင်းသမီးချောလေး သွန်းဆက်ပဲဖြစ်ပါတယ် ။ သွန်းဆက်က အိမ်လာကန်တော့မယ် ဆိုတာကို နှိုင်းယှဉ်တို့ ဇနီးမောင်နှံက အားနာပီး ရှောင်ရှောင်နေခဲ့ ပေမယ့် ဒီနေ့ သမီးလာပီ ဆိုတော့ မလာနဲ့ မကြီးပဲ လာခဲ့ပါ့မယ်ဆိုပြီး သွားတော့ မကြီးတို့လင်မယားကိုကန်တော့တာ ရင်ထဲ ငိုချင်လာ မိတယ် ဆိုတဲ့ စာသားလေးနဲ့အ တူ သွန်းဆက် ကန် တော့တဲ့ ပုံရိပ်လေး တွေကို ပရိသတ် တွေကို ဝေမျှ ပေးလာခဲ့ပါတယ် ။

ဒါ့အပြင် သွန်းဆက် ကန်တော့တဲ့ပိုက်ဆံကို သွန်းဆက် နာမည်နဲ့ပဲ ပြန်လှူပေးမယ်နော် လို့လည်း ရေးသားထားပါသေးတယ် ။ငါ့ညီမလေးဘဝတသက်တာလုံး လိုတိုင်းတရပါစေ…မကြီး ၆ ထပ်တိုက်ကို အဂွန်းက ဟိုးကတည်းက အမြဲ တက်လာခဲ့တာအားနာတယ်…

ခုလည်းတက်လာရမှာစိုးလို့ပါ အဂွန်းရယ် လို့လည်း ဆုမွန်ကောင်းလေးပေးထားပါသေးတယ် ။ နှိုင်းယှဉ်မြင့်မိုရ် ကတော့ သွန်းဆက်လေး လာကန်တော့ခဲ့တဲ့ အတွက် အရမ်းကို ပီတိဖြစ်နေမယ်ထင်ပါတယ်နော် ပရိသတ်ကြီးရေ ..။Source : Nhying Myint Moh

Add a Comment

Your email address will not be published. Required fields are marked *