ဇာတ်လမ်း အပြည့် အစုံ ချမပြရ သေးခင်မှာပဲ အားပေးသူ (၁၀) သန်းကျော်သွားခဲ့တဲ့စမိုင်းလ်ရဲ့“သိဘူး ရစ်မယ်”ရုပ်ရှင်ဇာတ်ကား

ဇာတ်လမ်း အပြည့် အစုံ ချမပြရ သေးခင်မှာပဲ အားပေးသူ (၁၀) သန်းကျော်သွားခဲ့တဲ့စမိုင်းလ်ရဲ့“သိဘူး ရစ်မယ်”ရုပ်ရှင်ဇာတ်ကား

ချစ်စရာကောင်းပြီး အလှူအတန်းတွေကို မကြာခဏ လုပ်လေ့ရှိတဲ့ စမိုင်းလ်တို့ မိသားစုလေးကို ပရိသတ်တိုင်းက ချစ်ကြမယ်လို့ ထင်ပါတယ်။ စမိုင်းလ်က တစ်ခေတ် တစ်ခါက ကြော်ငြာတွေ၊ သီချင်း MV တွေမှာ နေရာယူထားနိုင်ခဲ့တာက ပရိတ်သတ်​ကြီးက​ လည်းအသိပါ။ သက်အရွယ်တစ်ခုကို ရောက်ရှိ လာချိန်မှာတော့ ခင်ပွန်းဖြစ်သူနဲ့သာ စီးပွားရေး လုပ်ငန်း တွေကို လုပ်ကိုင် နေလျက် ရှိပြီး အနုပညာအလုပ်တွေ ကိုတော့ ရံဖန်ရံခါမှသာ ပြုလုပ်တော့ တာပဲ ဖြစ်ပါတယ်။

စမိုင်းလ်ကို ချစ်ကြတဲ့ ပရိသတ်တွေ ကတော့ စမိုင်းလ်ရဲ့ နည်းပါးလှတဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှုလေးတွေကိုပါ စိတ်ဝင်စားနဲ့ စောင့်ကြည့် အားပေးကြတာ ဖြစ်ပါတယ်။အခုဆိုရင် Smile အွန်လိုင်းရုပ်ရှင်ရုံဆိုပြီး

ရုပ်ရှင် Application တစ်ခုကိုလည်းထုတ်လုပ်ထားတဲ့ စမိုင်းလ်က ဒီကနေ့မှာတော့ သူမရဲ့ Smile အွန်လိုင်းရုပ်ရှင်ရုံက ပြသမယ့် “သိဘူး ရစ်မယ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပက်သတ်ပြီး အခုလိုပဲ သတင်းကောင်းလေး ပြောလာပါတယ်။

”သိဘူးရစ်မယ် 10million views ဖြစ်သွားတဲ့ အထိ အား ပေးကြတဲ့Smileyများအားလုံးကျေးဇူးအထူးပါရှင် Smileအွန်လိုင်း ရုပ်ရှင်ရုံမှာ အသစ် တင်မဲ့ ဇာတ်ကားလေး ထွက်ရင်လည်း အားပေးကြပါဦးနော်🙏🏼” ဆိုပြီး ပြောပြလာပါတယ်။

စမိုင်းလ် ကတော့ ဇာတ်လမ်း အပြည့်အစုံကို မချပြရသေးခင်မှာပဲ အားပေးသူ (၁၀) သန်းကျော်သွား ခဲ့တဲ့ သူမရဲ့ “သိဘူး ရစ်မယ်” ရုပ်ရှင် ဇာတ်ကားအကြောင်းကို ဝမ်းသာစွာ ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်းစမိုင်းလ်ရဲ့“သိဘူး ရစ်မယ်” ရုပ်ရှင်ဇာတ်ကား ကို Smile အွန်လိုင်းရုပ်ရှင်ရုံမှာ အားပေးကြည့်ရှုဖို့ မမေ့ကြပါနဲ့ဦးနော်။ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်။ Source: Smile ‘s fb