ဆေးရုံ ဝေးတာကြောင့် ကွယ်လွန် သွားခဲ့ရတဲ့ ဇနီးသည် အတွက် ရည်စူးပြီး ၂၂ နှစ်တိုင် လမ်းဖောက်ခဲ့တဲ့ အမျိုးသား

ဆေးရုံ ဝေးတာကြောင့် ကွယ်လွန် သွားခဲ့ရတဲ့ ဇနီးသည် အတွက် ရည်စူးပြီး ဘယ်သူမှ မထင်မှတ် ထားလောက်တဲ့ အရာ တစ်ခုကို လုပ်ဆောင်ခဲ့တဲ့ အမျိုးသား

Dashrath Manjhi ဆိုတဲ့ အမျိုးသားဟာ လူအများက မဖြစ်နိုင်တဲ့ အရာကို လုပ်ခဲ့လို့ သူ့ကို အရူးလို့တောင် လှောင်ပြောင်ခံခဲ့ရပါတယ်။သူဟာ ဘာစက်ယန္တရားမှ မပါဘဲ လက်လုပ် ပစ္စည်းတွေနဲ့ ၂၂ နှစ်လုံးလုံး ကျောက်တောင်ကိုဖြိုပြီး လမ်းဖောက်လုပ်ခဲ့လို့ပဲဖြစ်ပါတယ်။

အန္ဒိယနိုင်ငံတောင်ပိုင်း Biharပြည်နယ်Gehlourဆိုတဲ့ မြို့လေးမှာ ဇာတ်မဲ့လူမျိုးတွေ အများအပြားနေထိုင်ပါတယ်။အန္ဒိယမှာ ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားတဲ့ အစဉ်အလာရှိခဲ့ပြီးယခုအချိန်ထိလည်း လူတန်းစား ခွဲခြား ဆက်ဆံမှုတွေ ရှိနေပါသေးတယ်။ ဇာတ်နိမ့်၊ ဇာတ်မြင့်ပေါ် မူတည်ပြီးအကျိုးခံစားခွင့်၊ အခွင့်အရေးတွေက မတူပါဘူး။

ဒါပေမဲ့ Dashrath Manjhiကတော့ဇာတ်မဲ့သူတစ်ယောက်ဖြစ်ပါတယ်။မျိုးရိုးမရှိတဲ့ လူတန်းစားတစ်ဦးဖြစ်တာကြောင့် မြို့နဲ့ အလှမ်းဝေးတဲ့နေရာမှာ နေရပြီး သူတို့နေထိုင်တဲ့နေရာမှာ ဆေးရုံ၊ ကျောင်း၊ လျှပ်စစ်မီးစတဲ့ အခြေခံလိုအပ်ချက်တွေ မရှိပါဘူး။ မြို့နဲ့ သူတို့ နေထိုင်ရာ ရွာကြားမှာ ကျောက်တောင် တွေ ခြားထားပြီး သွားလာရ ခက်ခဲပါတယ်။

အဲ့ဒီအချိန်မှာ ဇနှီးသည် နေမကောင်းဖြစ်ပြီး ဆေးရုံကို အချိန်မှီမပို့လိုက်နိုင်တာကြောင့် မသေဆုံးသင့်ပဲသေဆုံးခဲ့ရပါတယ်။ မြို့နဲ့ ရွာကို ၇၀ မီတာလောက် ဝေးကွာတာကြောင့် ဆေးကုသမှု အချိန်မှီမခံယူလိုက်နိုင်ဘဲ သေဆုံး သွားခဲ့တဲ့ ဇနီးသည် အတွက် ရင်ကျိုး မရဖြစ်ခဲ့ရပါတယ်။

ဒါ့ကြောင့် Dashrath Manjhi က သူ့ မှာ ရှိ တဲ့ ဆိတ်သုံးကောင် ကို ရောင်းချပြီး တောင်ကို ထွင်းထုဖို့ လိုအပ်နေတဲ့ ပစ္စည်းကိရိယာတွေ ဝယ်လိုက်ပါတယ်။ အဲ့ဒီနောက် သူဟာ ၁၉၆၀ ခုနှစ်ကနေ ၁၉၈၂ ခုနှစ်ထိ ၂၂ နှစ်လုံးလုံး အလုပ်အားတဲ့ ညနေဘက်နဲ့ ညဘက်တွေမှာ ဒီတောင်ကို ထွင်းထုပါတယ်။

မာကျောတဲ့ ကျောက်တုံးတွေ အလွယ်တကူ ထွင်းထုနိုင်ဖို့ အတွက် ကျောက်တုံးတွေအပေါ်မှာ မီးရှို့ချလိုက်ပြီး ထိုကျောက်သားအပေါ် ရေထပ်ဖြန်းချလိုက်ပါတယ်။ ထိုအခါ ကျောက်သားတွေ အက်လာပြီး အလွယ်တကူ ထွင်းထု နိုင်ခဲ့ ပါတယ် ။ နောက်ဆုံးမှာတော့ သူဟာအမြင့်၂၅ပေရှိတဲ့ ကျောက်တောင်ကြီးကို ဖြိုဖျက်ပြီး အကျယ် ပေ၃၀၊အရှည် ပေ၃၆၀ ရှိတဲ့ လမ်းကို ဖောက် လုပ်နိုင်ခဲ့ပါတယ်။

ကျောက်တောင်ကိုဖောက်ထွင်းလိုက်တဲ့Dashrath Manjhi လမ်းဟာ မြို့နဲ့ ယခင် ကထက်တော့ ပိုးပြီး နီးသွားခဲ့ ပါတယ်။ သူဖောက်ခဲ့တဲ့ လမ်းအတွက် နိုင်ငံတော်က အသိ အမှတ်ပြု ချီးကျူးခြင်းကို ခံရပြီး အများပြည်သူတွေကလည်း “တောင်လူသား” ဆိုပြီး အသိအမှတ်ပြုခဲ့ကြပါတယ်။

ဒါ့အပြင့် Dashrath Manjhi ဟာမိမိတို့နေထိုင်တဲ့ ရွာလေးအတွက် အခြေခံ လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးဖို့ အစိုးရထံ အသနားခံစာ တင်ခဲ့ ပါတယ်။ Dashrath Manjhi ဟာ သူပြုလုပ်ခဲ့တဲ့ကောင်းမှုတွေကို အပြည့်အဝ မခံစားလိုက်ရဘဲ ၂၀၀၇ ခုနှစ်မှာ ကင်ဆာ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ ပါတယ် ။ ဒါပေမဲ့ ဇနီးသည် အပေါ်မှာ ချစ်တဲ့ စိတ်ကြောင့် နောင်လာ နောင်သားတွေ အ တွက်၊ ရပ်ရွာအတွက်အများကြီး အကျိုးပြု ပေးသွားတာတော့ တကယ့်ကို လေးစားချင်စရာကောင်းပါတယ်။ credit