ကိုယ်တိုင်လည်း မိခင်ကိုပူပူနွေးနွေးဆုံးရှုံးထားသူမို့ အသိတွေထဲက မိဘဆွေမျိုးတွေ ဆုံးပါးတဲ့ သတင်းတွေကြားရင် စာနာစိတ်နဲ့ မခံစားနိုင်ဘူးဆိုတဲ့ ဆုမြတ်နိုးဦး

ကိုယ်တိုင်လည်း မိခင်ကိုပူပူနွေးနွေးဆုံးရှုံးထားသူမို့ အသိတွေထဲက မိဘဆွေမျိုးတွေ ဆုံးပါးတဲ့ သတင်းတွေကြားရင် စာနာစိတ်နဲ့ မခံစားနိုင်ဘူးဆိုတဲ့ ဆုမြတ်နိုးဦး

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဆုမြတ်နိုးဦးကတော့ သူမ ဝါသနာ ပါတဲ့ အနုပညာ အလုပ်ကို ရွေးချယ်ခဲ့ ပြီး တဲ့နောက် ပရိသတ်တွေကို ခံစားမှု ရသပေါင်းစုံ ပေးစွမ်းနိုင်ဖို့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်း များစွာ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ် ။ ဆုမြတ်နိုးဦးက ပြီးခဲ့တဲ့ မေလအတွင်းမှာပဲ သူမရဲ့မိခင်ကို ဆုံးရှုံးလိုက်ရတာဖြစ်ပြီး အခုဆိုရင် အလုပ် တွေကို အရင်အတိုင်း ဖိဖိစီးစီးလုပ်ကိုင်နေပေမယ့် အသိတွေ ထဲ က မိဘ ဆွေမျိုးတွေ ဆုံးပါးတဲ့ သတင်းတွေ ကြားရင် အမေ့ကို သတိရလို့ မခံစားနိုင်ဘူး ဆိုတဲ့အကြောင်းကို ရင်ဖွင့် ပြောပြလာ ပါတယ်။

“ဒီနှစ်ထဲ ကိုယ့်မိခင်အပါအဝင် ချစ်ခင်ရတဲ့ အသိမိတ်ဆေါတွေရဲ့ မိဘ၊ သွေးသားမောင်နှမတွေ အသီးသီး ဆုံးရှုံးကြရပါတယ်။ ဖုန်းနဲ့ တတန်၊ အထူးသဖြင့် Fb ပေါ်ကတဆင့် ဒီလို မိဘဆွေမျိုးတွေ ဆုံးပါးတဲ့ သတင်းတွေတွေ့လာရင် မခံစားနိုင်ဘူး။ “ငါတို့ခံစားခဲ့ရတုန်း ကလည်း” ဆိုတဲ့ အတွေး တွေ နဲ့ မျက်ရည် က ထိန်းရ ခက်တယ်။ ဒါဟာ တစ်နေ့နေ့ ကြုံတွေ့ရမယ်သိနေပေမယ့် မကြုံဆုံချင်ဘူး။ ဘယ်သူ့ ကိုမှ မခံစားရ စေချင်ဘူး။ ဒီလိုခံစားရမှုဟာ ဘယ် လောက်ခံစားရလဲ ကိုယ်သိ နေတာမို့ ဘယ်လောက်ထိ ဝမ်းနည်းရလဲ ကိုယ်ခံစားဖူးတာမို့ တကယ်တော့ ကမ္ဘာပျက်သွားတာမို့..” ဆိုပြီး ဆို့နစ်စွာ ပြောလာပါတယ်။

ဆုမြတ်နိုးဦး ကတော့ ကိုယ်တိုင်လည်း မိခင်ကို ပူပူနွေးနွေးဆုံးရှုံးထားသူမို့ အသိတွေထဲက မိဘဆွေမျိုးတွေ ဆုံးပါးတဲ့ သတင်းတွေကြားရင် လုံးဝ မခံစားနိုင်ဘူးဆိုတဲ့အကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးရဲ့ မေမေလည်း ကျန်ရစ်သူမိသားစုတွေ ပြုပြုသမျှ ကောင်းမှု တွေကြောင့် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာရှိနေမှာ သေချာ ပါတယ် ။ ပရိသတ်ကြီး အားလုံးလည်း သာ ယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြ ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ Source: Hsu Myat Noe Oo’s fb

Add a Comment

Your email address will not be published. Required fields are marked *