အလောင်းမပုပ်တဲ့ဆေး ထိုးခါနီးလေးမှ အံ့သြဖွယ်ရာ အသက်ပြန်ရှင်လာတဲ့ အမျိုးသား

အလောင်းမပုပ်တဲ့ဆေး ထိုးခါနီးလေးမှ အံ့သြဖွယ်ရာ အသက်ပြန်ရှင်လာတဲ့ အမျိုးသား

အခုဖော်ပြပေးမယ့် အမျိုးသားတော့ Kenyaနိုင်ငံ Kericho က အသက် 32 နှစ် အ ရွယ် Peter Kigen ပဲ ဖြစ်ပါတယ်။

Peter Kigen ဟာ အဆောက်အဦး ပြိုကျ မှုကြောင့် ဒဏ်ရာတွေ ပြင်းထန်စွာ ရရှိခဲ့ကာ သူရဲ့ မိသားစုဝင် တွေက ဆေးရုံကို အ ရေးပေါ် ပို့ဆောင် ပေးခဲ့ကြရ ပါတယ်။

ဆေးရုံ ကို အရောက် မှာတော့ ဆရာဝန် တွေက Peter ကိုကြိုး စားပြီး ကယ်တင်ခဲ့ကျ ပေမယ့် အကြောင်း မထူးတာကြောင့် သေ ဆုံး သွားပြီလို့ အားလုံးက သတ်မှတ်ထားခဲ့ကြ ပါတယ်။

အဲ့ဒီနောက် သုံးနာရီ လောက် ကြာတဲ့ အခါမှာတော့ Peter ရဲ့အ လောင်းကို မပုပ် မသိုးအောင် ဆေး စီရင်ဖို့ လုပ်နေစဥ် အတွင်းမှာပဲ Peter ဟာ အသက် ပြန်ရှင် လာတာကြောင့် အားလုံးကတုန်လှုပ် ခြောက်ခြား သွားခဲ့ရ ပါတယ်။

မပုပ်မသိုးတဲ့ဆေးထိုးမယ့် ဝန်ထမ်းတွေဟာ Peter ရဲ့ ညာဘက်ခြေထောက်ကို ခွဲပြီးဆေးထိုးဖို့ လုပ်နေတဲ့ အချိန် အတွင်း မှာပဲ သူ့ရဲ့ခန္ဓာကိုယ်က စတင် လှုပ်ရှားလာ ခဲ့တာကြောင့် ဆေးထိုးမယ့်ဝန် ထမ်းတွေဟာ အတော်လေးကို ထိတ်လန့်သွားခဲ့ကြ ပါတယ်။

အဲ့ဒီ နောက်မှာတော့ သူတို့ က လဲ ကြောက် ကြောက် လန့် လန့် နဲ့ အော်ဟစ်ရင်း ဆရာဝန် တွေပါသိပီး လာကြည့်ရာကနေ Peter အသက် ပြန်ရှင်လာခဲ့တာကို အတည်ပြုခဲ့ကြ တာပဲ ဖြစ်ပါတယ်။

ဒါဟာ ဖြစ်တောင့် ဖြစ်ခဲလှတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပြီး သေပီး ကာမှ ပြန်ရှင် လာဖို့ ဆိုတာက တော်ရုံ တန်ရုံ ကံ ကောင်းမှုမျိုးနဲ့တော့ မဖြစ်နိုင်ပါဘူး။ credit

Tags: