ကမ္ဘာကျော် ရိုးရွိက်ကားတွေကို အမှိုက်သိမ်းကားအဖြစ် အသုံးပြုစေခဲ့သူ

ကမ္ဘာကျော် ရိုးရွိက်ကားတွေကို အမှိုက်သိမ်းကားအဖြစ် အသုံးပြုစေခဲ့သူ

ဒီဖြစ်ရပ်ကတော့ အိန္ဒိယနိုင်ငံ Alwar နယ်က မဟာရာဇာ Jai Singh နဲ့ကမ္ဘာကျော် Rolls-Roycesကုမ္ပဏီကြား နာမည် ကျော်ခဲ့တဲ့ ဖြစ်ရပ်ပါ ။ မဟာရာဇာရဲ့ နာမည် အပြည့်အစုံက Sir Jai Singh Prabhakar ဖြစ်ပြီး သူဟာ အိန္ဒိယ Alwar နယ်ပိုင် မဟာရာဇာ တစ်ဦးအဖြစ် ၁၈၉၂ ခုနှစ်ကနေ ၁၉၃၇ ခုနှစ်အထိ အုပ်ချုပ် ခဲ့ပါတယ်။

သူဟာပညာအလွန်တော်ပြီး အနောက်နိုင်ငံတွေကို မကြာခဏ ခရီး သွားလေ့ရှိသူဖြစ်သလို အသုံးအဖြုန်းကြီးသူ အဖြစ်လည်း နာမည် ကြီးပါတယ်။ အဲဒီအချိန်တုန်းကအိန္ဒိယဟာ အင်္ဂလိပ်လက်အောက်မှာရှိ နေခဲ့ပေမယ့် မဟာရာဇာတွေ ကတော့ မိမိတို့နယ်မှာ အထိုက်အလျှောက် အာဏာရှိနေဆဲ ချမ်းသာနေကြဆဲ ဖြစ်ပါတယ်။ သူနဲ့ ကမ္ဘာကျော် ရိုးရွိုက် ကားကုမ္ပဏီ နဲ့ ပတ်သတ်ပုံ ကတော့ ဒီလိုပါ။၁၉၂၀ ၀န်းကျင်မှာ မဟာရာဇာ Jai Singh ဟာ အင်္ဂလန်နိုင်ငံလန်ဒန်မြို့ကို ရောက်ရှိနေခဲ့ပါတယ်။

တစ်နေ့မှာသူဟာ လမ်းလျှောက်ရင်း ရိုးရွိုက်ကား အရောင်းပြခန်းထဲကို ၀င်ကြည့်မိခဲ့ ပါတယ်။ သူ ၀တ်ထားတာက ပုံမှန် အင်္ဂလိပ်လူမျိုးတွေ လိုမျိုး အ၀တ်အစားပဲ ဖြစ်ပါတယ်ဗျာ ။ သူဟာ ကားတွေ နားမှာ ရပ် နေတဲ့ ၀န်ထမ်း တစ်ယောက် ကို ကားရဲ့ အချက် အလက်တွေနဲ့ စျေးနှုန်းတွေကို မေးမြန်းခဲ့ ပါတယ် ။ ဒါပေမယ့်သူဟာ အင်္ဂလိပ်လို အ၀တ်အစား ၀တ် ထားတဲ့ အိန္ဒိယ တစ်ယောက်ဆိုတာကို သိသွားပြီးတဲ့နောက် ၀န်ထမ်းဟာ သူမေးတာကိုမဖြေတဲ့အပြင် သူ့ကိုပြခန်းအပြင်ဘက်ကို တွန်းထိုးထုတ်ခဲ့ပါတယ်တဲ့ဗျာ ။

အဲဒီအချိန်က အင်္ဂလိပ်တွေဟာ သူတို့လက်အောက်ခံ နိုင်ငံတွေက လူမျိုးတွေကို အဆင့်အတန်း ခွဲခြားလေ့ရှိပြီး နှိမ်ချ ဆက်ဆံကြပါတယ်။ အဲဒီမှာတင် မဟာရာဇာ က တော် တော်ကို နာကျည်းသွားပါတယ် ။ အဲဒီ နောက်တော့ သူက ဟိုတယ်ကို ပြန်လာခဲ့ပါတယ်။ ပြီးတော့ အိန္ဒိယ ပြည်နယ် တစ်ခုရဲ့ မဟာရာဇာ တစ်ဦးအနေနဲ့ ရိုးရွိုက်ကား အရောင်းပြခန်းဆီကို လာမယ်လို့ တရား၀င် စာပို့လိုက်ပြီး အဲဒီကားအရောင်းပြခန်းကို ထပ်သွားခဲ့ပါတယ်။

မဟာရာဇာ တစ်ဦးရဲ့၀တ်စုံပြည့်နဲ့လက်၀တ် ရတာနာတွေ ၀တ်ကာ နောက်လိုက် နောက်ပါတွေ ခေါ်ပြီးသွားခဲ့တာပါ။ ဒီတစ်ခါမှာတော့ ပထမ တစ်ခေါက်ကနဲ့ မတူတော့ပါဘူး။ အရောင်းပြခန်းရဲ့ တာ၀န်အကြီးဆုံးသူတွေက သူ့ကိုကောဇာနီ ခင်းပြီး ကြိုဆိုပါတယ်။

အိန္ဒိယရဲ့ မဟာရာဇာ တွေဟာ အလွန်ချမ်းသာတယ် ဆိုတာကို သိထားကြလို့ပါ။ ၀န်ထမ်းတွေ အားလုံး ကတော့ ကောဇောနီ ရဲ့ တစ် ဖက်တစ်ချက်မှာ ဦးခေါင်းတွေငုံ့ပြီး ရပ်နေကြ ပါတယ်။ အဲဒီထဲမှာ ပထမ တစ်ခေါက်က မဟာရာဇာကို မတူမတန်သလို ဆက်ဆံခဲ့တဲ့ ၀န်ထမ်းလည်း ပါပါတယ်။ မဟာရာဇာကတော့ အဲဒီအဖြစ်ကို လုံး ၀မပြောပဲ ကားတွေ ကိုသာ လှည့်ပတ် ကြည့်ရှု့ရင်း မေးမြန်းနေခဲ့ပါတယ် ။ အဲဒီ အချိန်က ရိုးရွိုက်ကား အမျိုးအစားက ၆ မျိုး ရှိပါတယ် ။ မဟာရာဇာဟာ ၆ စီးစလုံးကို ၀ယ်ယူလိုက်ပါတယ်။ ကား ၆ စီးစလုံးရဲ့ တန်ဖိုးသာမက အိန္ဒိယအထိ အရောက်ပို့ဆောင်ခ ကိုပါ ငွေချက်ချင်း ချေခဲ့ပါတယ်။

အိန္ဒိယကို ပြန်ရောက်တဲ့အခါမှာတော့ မဟာရာဇာဟာ မြို့အုပ်ချုပ် ရေးအဖွဲ့ကို ခေါ်ယူ တွေ့ဆုံခဲ့ ပါတယ်။ အဲဒီနောက်တော့ သူ၀ယ်ယူ လာတဲ့ ရိုးရွိုက်ကား ၆ စီးကို ပေးလိုက်ပြီး မြို့အမှိုက်သယ်ကားအ ဖြစ် အသုံးပြုစေပါတယ်။ မဟာရာဇာရဲ့အမိန့်ကြောင့် ကမ္ဘာကျော်တန်ဖိုးကြီး ရိုးရွိုက် ဇိမ်ခံကား တွေဟာ အမှိုက် သယ်ကား အမှိုက်သိမ်းကားတွေ ဖြစ်ကုန်ပါတယ်။ ရိုးရွိုက်ကားတွေ အမှိုက်ကားဖြစ်သွားပြီဆိုတဲ့ ဒီအကြောင်း နဲ့ ရိုးရွိုက် ကုမ္ပဏီ ဟာ ကား၀ယ် သူကို နှိမ့်ချ ဆက်ဆံတယ်ဆိုတဲ့ အကြောင်းဟာ တဖြည်းဖြည်းနဲ့ အခြားနိုင်ငံတွေကိုပါ ပြန့်နှံ့ခဲ့ပြီး နောက်မှာ ရိုးရွိုက် ကုမ္ပဏီဟာ အရှက်ရ ခဲ့ရပါတယ် ။ အကြောင်း အရင်းကို ရှာဖွေတဲ့ အခါမှာတော့ သူတို့ ၀န်ထမ်းဟာ မဟာရာဇာကို စော်ကားခဲ့ တာကြောင့် ဆိုတာသိသွားခဲ့ပါတယ်။

ဆက်ပြီး ကုမ္ပဏီ နာမည် ပျက်မှာကို စိုးရိမ်ကြတဲ့ တာ၀န်ရှိသူတွေဟာ ဆက်ပြီး ရိုးရွိုက်ကားတွေကို အမှိုက်ကားမလုပ်ဖို့ မဟာရာဇာကို တောင်းပန်ခဲ့ပြီး လက်ဆောင် အနေနဲ့ နောက်ထပ်ကား ၆ စီးကို ပေးခဲ့ပါတယ်။ မဟာရာဇာကလည်း ကုမ္ပဏီ တာ၀န်ရှိသူတွေ သင် ခန်းစာ ရသွားပြီလို့ ယူဆတာကြောင့် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီး ရိုးရွိုက်ကားတွေကို အမှိုက်ကားအဖြစ်မှ ရပ်တန့်စေခဲ့ပါတယ်။ ဒါပေမယ့် ရိုးရွိုက်ကားတွေဟာ အမှိုက်ကား ဖြစ်ခဲ့တယ်ဆိုတဲ့ အ ကြောင်းကတော့ ယခုထက်တိုင်ပြောနေကြဆဲဖြစ်ပါတယ်။( မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်ခင်မျာ )