ဘဝထဲက ထွက်ခွာ သွားတာ (၂) နှစ်တိတိရှိခဲ့ပေမယ့် ကျေးဇူးရှင်ဖေဖေကို အမြဲသတိရနေတယ်ဆိုတဲ့ လင်းဇာနည်ဇော်

ဘဝထဲက ထွက်ခွာ သွားတာ (၂) နှစ်တိတိရှိခဲ့ပေမယ့် ကျေးဇူးရှင်ဖေဖေကို အမြဲသတိရနေတယ်ဆိုတဲ့ လင်းဇာနည်ဇော်

နိုင်ငံကျော် အကယ်ဒမီ မင်းသမီးတစ်ယောက် ဖြစ်တဲ့ လင်းဇာနည်ဇော် ကတော့ အနုပညာ မျိုးရိုးကနေ ပေါက်ဖွား လာခဲ့တဲ့ သူတစ်ယောက် ဖြစ်ပြီ အာပေးတဲ့ ပရိတ်သက် အခိုင်အမာ ရရှိထားသလိုသူမရဲ့ သမီးလေး မြူလင်းကိုကို ကလည်း အမေ့လိုပဲ အနုပညာကို ဝါသနာပါသူ တစ်ယောက်ဖြစ်ပါတယ်။

လင်းဇာနည်ဇော်တို့ မောင်နှမတွေက သူတို့ရဲ့ ဖခင်ကြီး ဒါရိုက်တာ ဦးခင်ဇော် နာမည်နဲ့ UKZ ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ဦးစီးနေသလို အခြား စားသောက်ကုန် လုပ်ငန်းတွေ ကိုလည်း တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။ ဦးခင်ဇော်ကတော့ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်ကပဲ ကွယ်လွန် သွားခဲ့တာ ဖြစ်ပြီး လင်းဇာနည်ဇော်တို့ မောင်နှမ တွေ ကတော့ ဖခင် ရဲ့ ကျန်ရစ် ခဲ့တဲ့ အလုပ် တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ (၃) ရက်နေ့ကတော့ ဦးခင်ဇော်ကွယ်လွန်ခြင်း (၂)နှစ်ပြည့်တဲ့ နေ့လေးဖြစ်ပြီး လင်းဇာနည်ဇော် ကတော့ ကျေးဇူး ရှင်ဖေဖေကို မသိစိတ်နဲ့ သတိရနေကြောင်းကို ”ဖေဖေ… (၂) နှစ်တိတိပြည့်ပြီ ။ ဆပ်မကုန်တဲ့ ကျေးဇူးတွေနဲ့ အတူ သမီးတို့ ရင်ထဲ၊ အသိစိတ်ထဲမှာ ဖေဖေအမြဲရှိတယ်။ မသိစိတ်နဲ့တော့သတိအရမ်းရတယ်😭😭😭” ဆိုပြီး သတိရလွမ်းဆွတ် နေကြောင်းကို ရင်ဖွင့်ပြောဆိုလာတာပဲ ဖြစ်ပါတယ်။

လင်းဇာနည်ဇော် ကတော့ သမီးလေး မြူလင်းကိုကို ကိုလည်း ရင် အုပ်မကွာ စောင့်ရှောက် နေရသလို မိသားစု တာဝန်တွေ ကိုလည်း နိုင်သလောက် ထမ်းဆောင်နေ သူမို့ သွားလေသူ ဖခင်ကြီးက စိတ် ချလက်ချ ရှိမှာ သေချာပါတယ် ။ ပရိသတ်ကြီး အားလုံးကိုလည်း သာယာ ပျော်ရွှင် တဲ့ နေ့လေး တစ်နေ့ ဖြစ်ကြ ပါစေလို့ဆု တောင်းပေးလိုက်ပါတယ် ။ Source: Lin Zarni Zaw’s fb

Add a Comment

Your email address will not be published. Required fields are marked *