ရုပ်ရှင် လောကထဲကို စဝင်တုန်းက အနှိမ်ခံ အပြောခံ ခဲ့ရတဲ့ သူ့ရဲ့ အဖြစ်ကို ရင်ဖွင့်ခဲ့တဲ့ ထွန်းထွန်း

ရုပ်ရှင်လောကထဲ စဝင်တုန်းက အနှိမ်ခံ အပြောခံ ခဲ့ရတဲ့ သူ့ရဲ့ အ ဖြစ်ကို ရင်ဖွင့်ခဲ့တဲ့ ထွန်းထွန်း

ထွန်းထွန်း ကတော့ အသက် ၁၆ – ၁၇ လောက် ၂၀၀၀ -၂၀၀၁ က EXAMPLEZ မှာ သီချင်းတွေ ဆိုခဲ့ သီချင်း ရေးခဲ့တာ ဖြစ်ပြီး အခုဆို ဘာလိုလိုနဲ့ ဒီအနုပညာလောကထဲမှာ အနိမ့်အမြင့်အတက် အကျ ပုံစံမျိုးစုံ ဘဝမျိုးစုံနဲ့ အနှစ်၂၀ ကျင်လည်ခဲ့ ကာ အားပေးချစ်ခင်ကြတဲ့ ပရိသတ် တွေ ကြောင့်သာ ရပ်တည် နေနိုင်တာ ဖြစ်တယ်လို့ ထွန်းထွန်းက ပြောပါတယ်။

သူ့ကိုယုံကြည်မှုရှိပေးကြတဲ့Production တွေ Producer တွေနဲ့ အမြဲတမ်း ကူညီ စောင့်ရှောက် ပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကြောင့်လည်း ဖြစ်ပါ တယ်လို့ ထွန်းထွန်းက ပရိသတ် တွေကို ပြောပြလာခဲ့ပါတယ် ။

ရုပ်ရှင်လောကထဲစဝင် ဦးကျော်ဟိန်းဆီရောက် တော့လည်း တချို့တွေက “သီချင်းပဲဆိုစမ်းပါ လိုင်းကြောင်ပြန်ပီ” ဆိုတာ မကြားတကြား ပြောတာတွေ, နာမည် တပ် ဒဲ့ စော်ကားခံရတာတွေ ကြားထဲကနေ စိတ် ပိုင်းဖြတ်ပြီး ကြိုးစား လေ့လာ ခဲ့ရတယ် (ခုထိ သင်ယူကြိုးစားနေဆဲပါပဲ)

ခင်ဗျားတို့အထင်မကြီးတဲ့ Rap ဆိုတဲ့ ချာတိတ် တကောင် အနေနဲ့ ပထမဆုံးအကယ်ဒမီရတဲ့သူဖြစ်လာဖို့ ရည်မှန်းချက်ထားခဲ့တယ် ကြိုးစား ခဲ့တယ် ရခဲ့ တယ် ဆိုတဲ့ စာသားလေးနဲ့ အတူ အနု ပညာလောကထဲ ဖြတ်သန်းခဲ့ ရပုံတွေကို ပရိသတ် တွေကို ပြောပြ ခဲ့ပါသေးတယ်နော် ။

ဒါ ကလည်း သူ တစ်ယောက် တည်း တော်နေ တတ် နေ လို့ လုံးဝမဟုတ် ပါဘဲ ဆရာကောင်း လုပ် ဖော် ကိုင်ဖက် ကောင်း Team Work ကောင်းလွန်းလို့ သူ မြှောက်စားခြင်းခံခဲ့ရတာပါလို့လည်း ထွန်းထွန်းက ကိုယ့်ကိုယ်ကို နှိမ့်ချ ရေးသား ထားပါ သေး တယ် ။ ပရိသတ်တွေ က တော့ ဖြစ်ချင် တာကို ဖြစ်အောင် ကြိုးစား နိုင်ခဲ့တဲ့ ထွန်းထွန်း အတွက် ဂုဏ်ပြုစကားလေးတွေ မှတ်ချက်ရေးသားထားကြတာတွေ့ရပါတယ် ။ Source : Htin Aung Tun’s Facebook