ထူးဆန်းသော သတ္တုချောင်းကြီးများကို ယူတားပြည်နယ်နှင့် ရိုမေးနီးယားနိုင်ငံတို့တွင်တွေ့ရှိပြီး၊ ကယ်လီဖိုနီးယားတွင် ထပ်မံတွေ့ရှိပြန်

ထူးဆန်းသော သတ္တုချောင်းကြီးများကို ယူတားပြည်နယ်နှင့် ရိုမေးနီးယားနိုင်ငံတို့တွင်တွေ့ရှိပြီး၊ ကယ်လီဖိုနီးယားတွင် ထပ်မံတွေ့ရှိပြန်

မည်သူတို့က လာရောက် စိုက်ထူ ထားမှန်း မ သိရသော ထူးဆန်းသည့် သတ္တုချောင်းကြီးများကို အမေရိကန်ပြည်ထောင်စု ယူတားပြည်နယ် ကျောက်တောင်များအကြားတွင် နိုဝင်ဘာလအတွင်းက ပထမဆုံးတွေ့ရှိခဲ့ပြီး၊ ရိုမေနီးယားနိုင်ငံတွင် ဒုတိယအကြိမ်တွေ့ရှိခဲ့ကာ ယခုအခါ မှာလည်း အမေရိကန် ပြည်ထောင် စု ကယ်လီဖိုးနီးယားပြည်နယ် အတွင်းတွင် တတိယအကြိမ် အဖြစ် ထပ်မံတွေ့ရှိပြနကြောင်း သိရပါသည်။

ကယ်လီဖိုးနီးယားပြည်နယ်အတွက်းရှိ တောင်တစ်လုံး၏ ထိပ်တွင် ယင်းသတ္တုချောင်းကြီး စိုက်ထူထားသည်ကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သတ္တုချောင်းကြီးမှာ ပြောင်လက်နေပြီး ၁၀ ပေအမြင့်ရှိကာ၊ ၁၈ လက်မ ဗျက်အကျယ်ရှိသည်ဟု ဒေသခံတောင်တက်သမားများကပြောသည်။ အလေးချိန်မှာ ခန့်မှန်းချေ ပေါင် ၂၀၀ ခန့်ရှိကြောင်းဆိုပါသည်။

ယူတားပြည်နယ်တွင် နိုဝင်ဘာ ၁၈ ရက်နေ့ကတွေ့ရှိခဲ့သော သတ္တုချောင်းကြီးမှာ ၁၀ ရက်ခန့် အကြာတွင် မူလ နေရာ၌ မရှိ တော့သ လို၊ ရိုမေးနီးယား နိုင်ငံ Batca Doamnei တောင်ထိပ် တွင် နိုဝင်ဘာ ၂၆ ရက်နေ့က တွေ့ရှိခဲ့သော သတ္တုချောင်းကြီးမှာလည်း ၄ ရက်ခန့်အကြာဝယ်ပျောက်ဆုံးသွားခဲ့သည်။

အမေရိကန် မှ Online influencers ၂ ဦး ဖြစ် ကြသည့် Sylvan Christensen နှင့် Andy Lewis ကမူ သူတို့နှစ်ဦး အပါအဝင် လူတစ်စုသည် ယူတားပြည်နယ်မှ သတ္တုချောင်းကြီးကို ဖြုတ်လိုက်ခြင်း ဖြစ်သည်ဟု လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။ သို့ရာတွင်မည်သူတို့က စိုက်ထူခဲ့ကြောင်းကိုမူ ယခုအချိန်အထိ မသိရသေးချေ။ credit : popular news journal

Tags: