လူနာ တစ်ယောက် ဖြစ်နေပေမယ့်လည်း အုပ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ဧရာဝတီစင်တာမှာ လုပ်အားပေးကူညီပေးနေတဲ့ နေလင်း

လူနာ တစ်ယောက် ဖြစ်နေပေမယ့်လည်း အုပ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ဧရာဝတီစင်တာမှာ လုပ်အားပေးကူညီပေးနေတဲ့ နေလင်း

နိုင်ငံကျော် ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် ဖြစ်တဲ့ သရုပ်ဆောင်နေလင်း ကတော့ ရုပ်ရှင်၊ ဗီဒီယို၊ ဇာတ်လမ်းတွဲ၊ ကြော်ငြာစတဲ့ အနုပ ညာ လှုပ်ရှားမှုတွေမှာ ကျရာ ဇာတ်ကောင်တိုင်းကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင် နိုင်တဲ့သူ တစ်ယောက် ပဲဖြစ်ပါတယ်။

နေလင်း ကတော့ လက်ရှိမှာ Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရတာကြောင့် ရန်ကုန် ဧရာဝတီ ကိုဗစ် စင်တာမှာ ဆေးကုသမှုကို ခံ ယူနေရတာပဲ ဖြစ်ပါတယ်။

နေလင်း ကတော့ ကိုဗစ်လူနာ တစ်ယောက် ဖြစ်နေ ပေမယ့် လည်း သူရောက်ရှိ နေတဲ့ ဆေးရုံမှာ တတ် နိုင် သ လောက် လုပ်အားပေးကူညီပေး နေတဲ့ အကြောင်းကို အခုလိုပဲ ပြောပြလာခဲ့ ပါတယ်။

“မိမိ ရောက်ရာ ပတ်ဝန်းကျင်မှာ အုတ်တစ်ချပ် သဲတစ်ပွင့် ။ အိမ်မှာနေကြပါ ။ Mask တပ်ကြပါ ။ လက်ဆေးကြပါ ။ အားလုံးပဲ နေကောင်း ကျန်းမာကြပါစေ။ ကပ်ဆိုး ကြီးလည်း အမြန် ဆုံး ပြီး ဆုံးပါစေ ခင်ဗျာ 🙏🙏🙏” ဆိုပြီး ဆုမွန်ကောင်း တောင်းလာခဲ့ပါတယ်။

နေလင်း က တော့ ကိုဗစ်ရောဂါပိုး ကူးစက် ခံထားရ တယ် ဆို ပေမယ့်လည်း စိတ်ကို အေးအေး ချမ်းချမ်းနဲ့ သူတတ်နိုင် သလောက် အလုပ်လေးတွေ ကူညီလုပ်ကိုင်ပေးရင်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နေလင်းတစ်ယောက် အမြန်ဆုံး နေကောင်း သက်သာပါစေလို့ ဆုမွကောင်း တောင်းပေးကြပါဦးနော်။ပရိသတ်ကြီးအားလုံး ကိုလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ် နေ့ ဖြစ်ကြ ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ် ။ Source: Nay Linn’s fb