လေဖြတ် ဝေဒနာ ခံစားနေရသူများ အတွက် နည်းလမ်းကောင်း

လေဖြတ် ဝေဒနာ ခံစားနေရသူများ အတွက် နည်းလမ်းကောင်း

လေဖြတ် ဝေဒနာကို ခံစားနေသောသူများ သည် ပင်ပန်းဆင်းရဲစွာ ခံစားရ ပါသည်။ ပြုစု နေရသော မိသားစုများ မှာလဲ အင်မတန်မှ ဒုက္ခ ရောက်ပါသည် သို့ဖြစ်ပါ၍ ဆေး ဖော် နည်းလေး မျှဝေလိုက် ပါသည် ဆေးဖော်ရန် လိုအပ်သောပစ္စည်းများ

၁ အုန်းသီး ရင့်ရင့်တစ်လုံး

၂ ထနှောင်းခေါက် နှင့် ချက်သော တောအရက် ဦးရည်

၃ ဆေးဖော်နည်းမှာ အုန်းသီး၏ နတ်သမီးပေါက် အနားကို ဓားနှင့် ရှက် ၍ နတ်သမီးပေါက် ကို ဖောက်ပြီး အုန်းရည် များ ထုတ်ပြစ်ရပါမည် ၎င်းနောက်အရက်ဦးရည်ကို အုန်းသီးထဲတွင် အပြည့် ထည့် ၍ အပေါက်ကို သင့်တော်ရာဖြင့် လုံအောင်ပြန်ပိတ်ပါ

ပိတ်ပြီးသော အုန်းသီး ကို မြေကြီးထဲကို တောင်ဝက်လောက် တူး ၍ (၇)ရက် တိတိ မြုတ်ပါ (၇)ရက်ပြည့်လျှင် ပြန်ဖော်၍ အုန်းသီး ထဲ မှ အရက်များ ကို ပြန်ထုတ်ပြီး ပုလင်းထဲ ပြန်ထည့်၍ သောက်သုံး လို့ရပါပြီ

ဆေးနည်းအညွှန်း တစ်ခါသောက် လဖက်ရည် အကြမ်းပန်းဂံ တစ် လုံး တစ်နေ့ တစ်ကြိမ် ဆေးသောက်ပြီး လျှင် လူနာ၏ ကိုယ်တွင်းမှာ စိုးစိုး စစ်စစ် ဖြစ်တတ် ပါ သည် ဆိုးရိမ်စရာ မရှိပါ ဘေးထွက်ဆိုးကျိုးမရှိပါ ထွက်လာသော ချွေးများကို သုတ်ပြစ်၍ အဝတ်အ သစ်လဲပြစ်ပါ လေဖြတ် ထားသော နေရာများကိုလဲ လိမ်းပေး၍ ရပါသည် မှတ်ချက် ၎င်းဆေးနည်းသည် မိုးကုတ်ဆရာတော် ဘုရားကြီး ချီးမြှင့်သော ဆေးနည်း ဖြစ်ပါသည် ။ မူရင်းရေးသား ဖော်ပြ သူအားလေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Add a Comment

Your email address will not be published. Required fields are marked *