လူ့ဘဝအကြွေးကို နွားဘဝနဲ့ လာဆပ်ရတဲ့ မအေးဘုံ (ဖြစ်ရပ်မှန်)

လူ့ဘဝအကြွေးကို နွားဘဝနဲ့ လာဆပ်ရတဲ့ မအေးဘုံ (ဖြစ်ရပ်မှန်)

မိုးဦးကျရာသီ၏ တစ်ခုသော နံနက် အစော တွင်ဖြစ်သည်။မလှလူသည် ရွာဦး ဘုန်းတော်ကြီးကျောင်းမှ အုန်းမောင်း ခေါက်သံ ကြား သည်နှင့် အိပ်ရာမှ ထခဲ့သည်။ခင်ပွန်းဖြစ်သူ ကိုသာလှ ယာတောမသွားမီ ထမင်း ထုပ်ပေးရန် မီးဖိုချောင် ဝင်၍ ချက်ပြုတ်နေစဉ် လှလူရေ ဟေ့…လှလူ၊ခွေးကြည့်ပါဦး။

ခြံတံခါးဆီက ခေါ်သံကြား၍ မလှလူ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။ ဟဲ့…စောစော စီးစီး ဘယ်သူများလဲလို့။ အေးဘုံကိုး။ ဘာအရေးကြီးကိစ္စ ရှိလို့တုန်း ။ ဒီမနက် နှမ်းကြဲ ချင်လို့ နှမ်း နှစ်ပြည်လောက်ချေးပါဦး ။ နောင်ခါ နှမ်းပေါ်ရင် ထုံးစံအတိုင်း ပြန်ပေးပါ့မယ်။ နှစ်စဉ် မျိုးစေ့ ထုတ်ပေးနေကျ လည်းဖြစ်ပြီး သီးနှံပေးချိန်တွင် သုံးဆတိုး ပြန် ပေးရာ မှာ လည်း က တိ တည် သူ ဖြစ်သော ကြောင့် မအေးဘုံကို နှမ်းနှစ်ပြည် ချိန်ပေးလိုက်သည်။

မအေးဘုံသည် ယောင်ပေ ယောင်ပေ ဖြစ်နေသော သားဖြစ်သူ ဖိုးလုံးကို နှမ်းပေါ်လျင် ရှင်ပြုပေးချင်နေသည် ။ သည်နှစ် နှမ်းက မိုးလေညီညွတ်သဖြင့် အတော် ကလေး ကောင်းသည်။တစ်ချို့နေရာ များတွင် အဝါရောင် ဖက် သန်းနေပြီ ။ မကြာမီ ရိတ်သိမ်း ရတော့မည်။မအေးဘုံ စိတ်ကူးယဉ် ထားသည့် အတိုင်း သားတော် မောင် ရှင်ပြုပွဲ နွှဲရတော့မည် ထင်ပါသည်။

ခုတလော မအေးဘုံတစ်ယောက် နေ့စဉ်လိုလို နှမ်းခင်းသွား ကြည့် သည်။ ဒီနေ့နံနက် နှမ်းခင်းမှ စိတ်ကူးယဉ်ပြီး ပြန်လာခဲ့စဉ် အမယ်လေး ဘာကောင် ကိုက်လိုက်မှန်း မသိဘူး။ မအေးဘုံ၏ နှုတ်မှ အလန့်တ ကြား အော်လိုက်သည်။ဝဲဘက် ခြေဖမိုးပေါ်မှ မျက်ခနဲ ဖြစ်သွားခဲ့သည် ။ အနီး ပတ်ဝန်းကျင် ကို ကြည့် လိုက် တော့ မြွေပွေး တစ်ကောင်ကို တွေ့ရသည်။ မအေးဘုံ မျက်လုံးအိမ် တစ်ခုလုံး ပြာဝေသွားခဲ့သည်။ မြင်ကွင်းအားလုံး ပတ်ချာလည်သွားသလား ထင်ရသည် ။ ခန္ဓာကိုယ် ယိမ်းထိုး လာသဖြင့် အံကြိတ် ပြီး ထိန်းထားစဉ် ရုတ်ချည်း ခွေလဲကျသွားခဲ့လေသည်။မကြာမီ မြွေဆိပ်ကြောင့် မအေးဘုံတစ်ယောက် အသက် ပျောက်သွားခဲ့ ပါတော့သည်။

သည်နေ့ည ဘယ်လိုဖြစ်နေသည် မသိ။မလှလူတစ်ယောက် အိပ်၍ မပျော်ပဲ ဖြစ်နေသည်။ညလုံးနီးပါး မျက်စိများကကြောင်နေသည်။လင်းခါနီးလောက်မှ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။လှလူငါ ညည်းတို့နဲ့ လာနေမယ်နော် ညည်းကြိုက်သလို ခိုင်းပါအေ ငါချေးထားခဲ့တဲ့ နှမ်းနှစ်ပြည်အတွက် အကြွေးလာဆပ်တာပါ။ အသံက မအေးဘုံ အသံ ။ မြင်ရသည့် မြင်ကွင်းက အေးဘုံမဟုတ်ပါ။ ချိုနှစ်ဖက်ထောင်ပြီး ထိပ်၌ အဖြူအမည်း ရောစွက်ထားသည့် နွားမကြီးတစ်ကောင် ဖြစ်နေသည်။

နံနက် မိုးလင်းပြီ ဖြစ်၍ မလှလူ အိပ်ရာမှ ထ ခဲ့သည် ။ ရေဆာနေသဖြင့် ရေအိုးစင်မှရေကိုတဝကြီး သောက်အပြီး အေးဘုံရယ် နှမ်းနှစ်ပြည်အတွက် နဲ့တော့ နွားအဖြစ်နဲ့လာပြီး အကြွေးမဆပ်ပါနဲ့။ငါ ကျေနပ်ပါတယ်။ အို…ဘုရား…ဘုရား…တပည့်တော်မ အိပ်မက် မဟုတ်ပါစေနဲ့။လွဲပါစေ ဖယ်ပါစေ။မကြာမီ မလှလူတို့အိမ်က နွား မကြီး မွေးပြီး သားတင်သွားခဲ့သည်။တိုက်ဆိုင်မှုဟု ဆိုရမည်လား မသိ။ အဲ့ဒီ နွားမကြီး မွေးသော နွားကလေးမှာ အိပ်မက်ထဲက နွား မလေးအတိုင်း ပုံတူ မွေးလာခဲ့လေသည် ။ မလှလူသည် မအေးဘုံတစ်ဖြစ် လဲ နွားမလေးကို ဘာမှ မခိုင်းပဲ ဘေးမဲ့ပေး ထားခဲ့သည်။သို့သော် နွားမလေးကအလကားမနေပဲ အိမ်ရှိ ပစ္စည်းများကိုစောင့် ရှောက်သည်။

ည ည ဆို အိပ်သည် မရှိ ။ ချွတ်ချွတ် သံကြားတိုင်း ခေါင်းထောင်ကြည့်ခဲ့သည်။ နွားမလေးသည် မလှလူတို့ မိသားစု အပေါ် လူတစ်ဦး တစ်ယောက် ပမာ အလိုက်သိစွာဖြင့် သံသရာ ကြွေး ပြန်လည်ပေးဆပ် နေခဲ့သည်။ ပုဂ္ဂိုလ်ရေး အရ တင်ရှိနေသော အကြွေးကားကြောက်စရာပင် ဖြစ်ပါ တော့ သတည်း ။ တင်ရှိနေသော အကြွေးကား ကြောက်စရာပင် ဖြစ်ပါတော့ သတည်း ။ Credit: အရှင်ပုည( ဝကုန်း )