အများလျှောက်ဖို့ အတွက် ဆွမ်းခံရင်း လမ်းဖောက်တဲ့ ဦးဇင်း

အများလျှောက်ဖို့ အတွက် ဆွမ်းခံရင်း လမ်းဖောက်တဲ့ ဦးဇင်း

စစ်ကိုင်းတိုင်း တစ်နေရာက လမ်းပေါ်မှာ သပိတ်တစ်လုံးနှင့် ဆွမ်းချိုလေး တစ်လုံးကို ချထားတာ တွေ့ရပါတယ်။

ဘယ်သူကမှလည်း မစေခိုင်း ၊ ဘာ အ ဖိုး အ ခ မှ လည်း မရ ဘဲ ​နဲ့ ရဟန်းတော် တစ်ပါးက ဆွမ်းခံ ကြွချိန် မှာ မိုးရေ နှင့် လမ်းပေါ်မှာ ပြိုကျ နေတာကို ခရီးသွားတွေ အတွက် အန္တရာယ် ဖြစ် မှာ စိုးလို့ ဆိုပြီး ပေါက်တူး တစ်ချောင်းနှင့် လမ်းပြင်နေ လေရဲ့ ။

ကားပေါ်က ဆင်း ပြီးတော့ လျှောက်သင့်တာ လျှောက်၊ လုပ် သင့်တာ လုပ်ပြီးတော့ “တကာကြီး ၊ ဦးဇင်း ရဲ့ မျက်နှာ ပုံ နှင့် ဘွဲ့ ကိုတော့ မတင်ပါနဲ့နော်၊ သံဃာတော်တွေ အားလုံး ဒီလို လုပ်တတ်ကြပါတယ်လို့ပဲ အမှတ်သညာ ပြုကြပါစေ” တဲ့။

စောစောက လမ်းမှာအမှိုက်ရှင်းနေတဲ့ ကိုယ်တော်တစ်ပါးကိုလည်း ကိုယ်နှင့် အတူ ပါလာတဲ့ အဖွဲ့ဝင် တစ်ယောက်က ဝတ္ထုငွေဆင်းလှူတာကို“ဒကာမကြီးလှူချင်ရင်ရှေ့ဂိတ်နားကကျောင်းမှာပဲ သံဃိက ရည်မှန်းပြီး လှူခဲ့လိုက် ပါတော့” တဲ့။

ဘုရား သားတော်များဟာ သံသရာ က လွတ်မြောက်တဲ့ လမ်း ကို ဖော်ထုတ်ပြ သရုံ သာမက ပကတိ လောကမှာ ပိတ်ဆို့နေတဲ့ လမ်းတွေ ကိုပါ ဖြောင့်ဖြူးဖို့ဝါယမစိုက်ထုတ်တော်မူကြတာပါလား ဆိုတဲ့ကြည်ညို စိတ်လေးကို တော့ မျှဝေလိုက် ပါရစေ ။ Credit Aye Nay Win

Tags: