အချစ်ရေးနဲ့ ပတ်သတ်ပြီး လွန်ခဲ့တဲ့(၄)နှစ်က အပြောကြီးခဲ့တဲ့ သူ့အဖြစ်ကို ဟာသလေးနှောပြီး ပြောပြခဲ့တဲ့ G Fatt

အချစ်ရေးနဲ့ ပတ်သတ်ပြီး လွန်ခဲ့တဲ့(၄)နှစ်က အပြောကြီးခဲ့တဲ့ သူ့အဖြစ်ကို ဟာသလေးနှောပြီး ပြောပြခဲ့တဲ့ G Fatt

အဆိုတော် G Fatt ကတော့ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ G Fatt ကတော့ လူငယ် အဆိုတော် တစ်ယောက်ပီပီ ပွင့်လင်းဖော် ရွေစွာ ပြောဆိုတတ်ပြီး သူ့ရဲ့ပရိသတ်တွေအပေါ်မှာလည်း သူငယ် ချင်းလို မိတ်ဆွေရင်းလို သဘောထားဆက်ဆံတာပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ပရိသတ်တွေကြားမှာ G Fatt ကသီချင်းဆိုကောင်းတဲ့အဆိုတော်တစ်ယောက်အဖြစ်သာမကပဲ ဖော်ရွေပြူငှာတဲ့ အနုပညာရှင် တစ်ယောက် အဖြစ် ကောင်းသတင်း မွှေးတာပဲ ဖြစ်ပါတယ်။

နာမည်ကြီး ပြည်သူချစ် မင်းသမီးနဲ့ လမ်းခွဲ ပြတ်ဆဲပြီးတဲ့ နောက် အချစ်အသစ် မရှာသေးတဲ့ G Fatt ကတော့ အခုအချိန် ထိ တစ် ကိုယ်တည်း Single အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း G Fatt က သူ့ ရဲ့ (၂၀၁၆) ခုနှစ် က ရေးသားထားတဲ့ “သူငယ်ချင်းတွေက ပြောတယ်။ မင်းစိတ်နဲ့ မင်းသဝန်တိုချက်နဲ့ ဘယ်သူနဲ့မှ ဖြစ်မှာမဟုတ်ဘူးတဲ့ ” ဆိုတဲ့ ပို့စ်လေးကို ပြန်တင်ပြီး “(၂၀၁၆) ကတည်းက စွတ်တိုတာ.. (၂၀၂၀) လည်းကျရော FA ဖြစ်ရော” ဆိုပြီး သူ့ကိုယ် သူ အရွှန်း ဖောက် လာတာပဲ ဖြစ် ပါတယ်။

G Fatt ကတော့ လွန်ခဲ့တဲ့ (၄)နှစ်က အချစ်ရေးကိစ္စနဲ့ အပြော ကြီးခဲ့ပြီး (၂၀၂၀) မှာတော့ FA ဖြစ်သွားခဲ့ ရတဲ့ သူ့ကိုယ်သူ အ ရွှန်းဖောက်လာတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း G Fatt တစ်ယောက် အမြန်ဆုံး အချစ်သစ်တွေ့ဖို့ ဆုတောင်းပေးကြ ဦးနော် ။ ဖတ်ရှု ပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။Source : G Fatt’s Facebook

Add a Comment

Your email address will not be published. Required fields are marked *