ဒီဇင်ဘာလ မှာပဲ သားအမိ နှစ်ယောက်စလုံး သိန်းထီဆု ကြီးတွေပေါက်ခဲ့ကြောင်း ဝမ်းသာစွာ ပြောလာတဲ့ စိုးပြည့်သဇင်

သားအမိ နှစ်ယောက်စလုံး သိန်းထီဆု ကြီးတွေပေါက်ခဲ့ကြောင်း ဝမ်းသာစွာ ပြောလာတဲ့ စိုးပြည့်သဇင်

ပရိသတ် တွေက စိုးပြည့်လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင် ကတော့ ငယ်စဉ် ကတည်းက အစ်မ တွေနဲ့အ တူတူ အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။

စိုးပြည့်သဇင် ကတော့ အနုပညာ သက်တမ်း နုနယ်သေးချိန် မှာပဲ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကြီး တစ်ဆုကို ပိုင်ဆိုင်ခဲ့ပြီး အကယ်ဒမီဆုရှင်မင်းသမီးအဖြစ် အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် စိုးပြည့်သဇင်က အသက်(၂၈) နှစ်အရွယ် အိမ်ထောင် ပြုသင့် နေပြီ ဆိုပေမယ့် အချစ်ရေးကို စိတ် မဝင်စားပဲ တစ်ကိုယ် တည်းတစ်ယောက်တည်းသာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။

ချစ်စရာ ကောင်းပြီး စိတ်နေထားကောင်းတဲ့ စိုးပြည့်သဇင်ကတော့ အမြဲတမ်း ကံ ကောင်းခြင်း တွေ နဲ့ သာ ကြုံဆုံရလေ့ရှိပြီး ဒီကနေ့ ဒီဇင်ဘာလ (၁) ရက်နေ့ မှာလည်း ကံကောင်း ခြင်းတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

စိုးပြည့်သဇင်က “ပျော်စရာဒီဇင်ဘာ(၁)ရက်နေ့လေး❤️ စိုးပြည့်ထိုးထားတဲ့ထီတစ်သိန်းဆုပေါက်တယ်…မေမေကလည်းတစ်သိန်းဆုပေါက်တယ်….❤️ Happy 😘😘 Lucky day🥰” ဆိုပြီး သားအမိ နှစ် ယောက် စလုံး သိန်းထီဆု ကြီးတွေ ပေါက်ခဲ့ကြောင်း ဝမ်းသာစွာ ပြောလာပါတယ်။

စိုးပြည့်သဇင်တို့ သားအမိ နှစ်ယောက် စလုံးကတော့ ထူးထူးခြားခြား တိုက်တိုက် ဆိုင်ဆိုင်နဲ့ပဲ ထီဆုကြီးကို အတူတူ ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုးပြည့်နဲ့ ထပ်တူ ဝမ်းသာနေမယ်လို့ ထင်ပါတယ်နော်။ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတနော်။ source:  cele connections