ခေါင်းလောင်းသံ၊ ကြေးစည်သံများနဲ့ ပတ်သက်၍ ထူးဆန်းသော အယူအဆများအကြောင်း

ခေါင်းလောင်းသံ၊ ကြေးစည်သံများနဲ့ ပတ်သက်၍ ထူးဆန်းသော အယူအဆများအကြောင်း

ခေါင်းလောင်း၊ ကြေးစည် နဲ့ ဘာသာရေး အယူအဆများဒီနေ့ ခေါင်းလောင်း အကြောင်းပြောမယ်ဗျ….ခေါင်းလောင်းက မကောင်းတဲ့ဓါတ် မကောင်းတဲ့စွမ်းအင်တွေကိုနှင်ထုတ်ပေးတယ်တဲ့၊

ကျွန်တော် ကတော့ စိတ် ညစ် ရင် ကြေး ခေါင်းလောင်း လေး တီးတယ်။ တယ်လီဖုံး ကနေ စိတ်ညစ်စရာတွေ ဘာတွေ ကြား ပြီးရင် ဖုံးချပြီး တာနဲ့ ခေါင်းလောင်းလေး သုံးလေးခါ ရမ်းလိုက်တာပဲ။

အနည်းဆုံး အသံချိုချိုသာသာကြားရတော့ စိတ်ချမ်းသာသွားတာ အကျိုးရတယ်။ ဘယ် ဘာသာတရား မဆို ကုသိုလ် ကောင်းမှု ကို ခေါင်းလောင်းနဲ့ တွဲ သုံးကြတယ် ။ ခေါင်းလောင်းဟာ ကောင်းမှုနဲ့ ဆက်စပ်တာ များပါတယ် ။ အသံရဲ့ ဖရီကွင်စီမှာ အားရှိတယ် ဆိုတာ လူတိုင်း လက်ခံတယ်။ ဒရမ်တီးရင် စိတ်ဓါတ်ကြွတယ်၊ စစ်ချီတဲ့အခါ ဒရမ်တီးကြတယ်။

နားစည်က နာဗ်ကြောက ဦးဏှောက်ဆီ သွားတယ်၊ သူက စားတာ သောက်တာ stress ချတာ ဟိုမုန်းထုတ်တာ ၊ စိတ်ကို ပူလောင် အေးချမ်းစေတာ တွေ လုပ်ပေးတယ် ။ သူ့ကြောင့် သွေးတိုး သွေးကျတယ်၊ နှလုံးခုန်မြန်စေ နှေးစေတယ်။

သူကြိုက်တဲ့ အသံ ဖရီကွန်စီ မှန်မှန်ကို ကြားရရင် ဦးဏှောက်က လူရဲ့စိတ်ကို ပြေလျော့စေတယ်။ သီချင်းတို့ ခေါင်းလောင်းသံတို့က အဲ့လိုအစွမ်းရှိတယ်။ အသံ နဲ့ ဆေးကုလို့လည်းရတယ် ဆိုတာ သိပ္ပံက လက်ခံထားတယ်။ အခုထက်ထိစမ်းသပ်ဆဲပဲ။ တချို့ကိစ္စတွေက အလွန်လှို့ဝှက်တယ်။

Spa သွားရင် ကြေးစည်သံ ခေါင်းလောင်းသံ စောင်းသံ ပလွေသံ ပါတဲ့ ဂီတ ငြိမ့်ငြိမ့်လေး ကြားတာနဲ့ အကြောတွေ ပြေ သွား တာပဲမဟုတ်လား ။ ကင်ဆာလူနာတွေ ဘာတွေကို သာယာတဲ့အသံတွေပေးထားရင် ကောင်းတဲ့ ဆဲလ်တွေ ပြန် ရှင်လာစေတဲ့ နိုက်ထရပ်စ်အောက်ဆိုဒ် ဓါတ်ထွက်လာတယ် လို့သိပ္ပံက တွေ့ထားတယ်။

နောက်ခေါင်းလောင်းက တုန်ခါတော့ လှိုင်းတွေ အထပ်ထပ် ထွက်တယ်၊တချို့လှိုင်းတွေဟာ မကောင်းတဲ့သရဲတစ္ဆေတွေက ကြောက်တယ် မနေနိုင်ဘူး ပြောကြတယ်။ အသံသာတဲ့ခေါင်းလောင်း တွေဟာ စိတ်ကို ကြည် နူး စေတယ် ၊ စေတီတွေပေါ် ခေါင်းလောင်းသံဟာ ကုသိုလ်ကောင်းမှုနဲ့တွဲ ကြားပြီးကြားနေကျဆိုတော့ ကြားယုံနဲ့ ကုသိုလ်စိတ်ဖြစ်တယ်။

စေတီတွေက ခေါင်းလောင်း တွေကို ထိုးရင် လှိုင်သံ ကြောင့် ဥုံဆိုတဲ့အသံ ထွက်တယ်လို့ ဆိုတယ် ။ ဥုံဆိုတဲ့အသံဟာ အသံထဲမှာ စင်္ကြာဝဠာရဲ့ အသံ၊ အင်အားအကြီးဆုံးအသံလို့ တိဘက်တို့ ဟိန္ဒူဘာသာတို့ကယူဆကြတယ်။ အဲ့ဒီအသံလှိုင်းဟာ ကိုယ့်ကုသိုလ်ကို အနန္တစင်္ကြာဝဠာ အထိ ရောက် စေတယ်တဲ့။

ရှေးအယူအဆတွေ ပြောပြ တာပါ ။ နောက် ခေါင်းလောင်းမှာ စပ်ထားတဲ့ ကြေးနီ ကြေးဝါ ဆိုတာတွေက လျှပ်ကူးတာမြန်တဲ့ သတ္တုဓါတ်တွေ၊ မီးကြိုးမှာလည်း အဲ့ဒီကြေးကြိုးတွေသုံးတယ်၊ စွမ်းအင်စီးဆင်းတာအလွန်မြန်တယ်။ ကောင်းတဲ့ အသံ၊ ဓါတ်တွေဟာ မြန်မြန် နဲ့ဝေးဝေးရောက်တယ်။

ခေါင်းလောင်းပုံကို သက္ကတဘာသာနဲ့အနန္တ လို့ခေါ်တယ်၊ သေခြင်းမရှိ ရှင်ခြင်း မရှိ အဆုံးအစ မဲ့တဲ့သဘောတဲ့။ ခေါင်းလောင်းထဲကအသံ မည်တဲ့ အချောင်းလေးကို သူရဿတီ စောင့်တယ် လို့ ဟိန္ဒူတွေက ယုံတယ် ။ ခေါင်းလောင်း တီးရင် မကောင်းတဲ့ energy တွေပြေးတယ်၊ကောင်းတဲ့ နတ်ကောင်းနတ်မြတ်စောင့်ရှောက်တယ်လို့ ဟိန္ဒူကယုံတယ်၊ တိဘက်ကလည်းယုံတယ်။

ချီးယားလုပ်ပြီး ဖန်ခွက် နှစ်ခွက်ကို ချွင်ကနဲထိလိုက်ရင် အသံရဲ့ ဖရီကွန်စီ ကြောင့် မကောင်းတဲ့ မိစ္ဆာတွေ ထွက်ပြေး ကုန်တယ်လို့ အ နောက် တိုင်း က ယုံတယ် ။ စိတ်ဝင်စား စရာပါပဲ ။

ခေါင်းလောင်းတီးရင် ခန္တာကိုယ်ချက်ကရာခုနှစ်ခု ပွင့် လာတယ် ဘယ်ဦးဏှောက်အခြမ်းနဲ့ ညာဦးဏှောက်အခြမ်း ချိန်သီးလွဲနေတာ ပြန်တည့်စေတယ်၊ခေါင်းလောင်းသံကြောင့်ဘဲ မကောင်းကြံစည်နေတဲ့အတွေး လွင့်စင်သွားတယ်။

ခေါင်းလောင်းသံကြောင့် အတွေးတွေလွင့်နေရာကနေ ပစ္စုပ္ပါန်ကို ပြန်ရောက်လာစေပါတယ် စိတ်ကိုတည်ငြိမ်စေတယ်လို့ ဆိုကြပါတယ်။ ကျွန်တော်ကတော့ သိပ္ပံနယ်လွန်တွေ ယုံတယ် မယုံဘူး အများကြီးမစဉ်းစားပါဘူနော်။

ကိုဗစ်အချိန်မှာစိတ်မချမ်းသာတာတွေကြားရရင် ဂိုက်လုပ်တုန်းက ဝယ်ထားတဲ့ ခေါင်းလောင်း တလုံးမဟုတ် တလုံး တီးတယ်။ ဘုရားရှိခိုးပြီး ကြေးစည်ထုတယ်။ လုပ်ကြည့်ပါ့လား။ အသံသာယာတော့ အနည်းဆုံးစိတ်ချမ်းသာလာပါလိမ့်မယ်ဗျာ။

source:ကျော်စွာမင်း (ပုဂံ)