ဘားအံမြို့တွင် ကမ္ဘာ့ ပထမဆုံး စူဠာမဏိပတ္တမြားစေတီကို ကျပ်သိန်းသုံးသောင်းကျော် အကုန်အကျခံ ၍ တည်ထားကိုးကွယ်မည်

ဘားအံမြို့တွင် ကမ္ဘာ့ပထမဆုံးစူဠာမဏိပတ္တမြားစေတီကို ကျပ်သိန်းသုံးသောင်းကျော် အကုန်အကျခံ ၍တည်ထားကိုးကွယ်မည်

ကမ္ဘာပေါ်တွင် ပထမဆုံး ဖြစ်လာမည့် စူဠာမဏိ ပတ္တမြားစေတီကို ကျပ် သိန်း သုံးသောင်းကျော် အကုန် အကျ ခံကာ ကရင်ပြည်နယ် ဘားအံမြို့နယ် အတွင်းတည်ထားကိုးကွယ်မည်ဖြစ်ကြောင်း ကမ္ဘာလုံးကျောင်းတိုက် အနန္တမေတ္တာအခမဲ့ဆေးခန်း နာယကဆရာတော် ဦးဝါသေဌက မိန့်ကြားသည်။

အဆိုပါ စေတီသည် ဉာဏ်တော်အမြင့် ၁၈ ပေ ခွဲ ရှိ မည် ဖြစ် ပြီးဘားအံမြို့ စက်မူဇုန်ရှိ မြေ ၇ ဧကတွင် တည်ထားရန် ကရင်ပြည် နယ် အစိုးရထံ မြေလွတ်မြေရိုင်းလျှောက်ထားပြီးဖြစ်ကြောင်းနှင့် ပတ္တမြား စေတီကို မိုးကုတ်ကျောက် များဖြင့် မိုးကုတ်မြို့တွင် ပြု လုပ်လျက် ရှိကြောင်း သိရသည်။

“မြေ အသုံး ပြုခွင့် က အဆင့်ဆင့် လျှောက်ထား ရမှာ ဖြစ်တော့ အသုံးပြုခွင့်ရဖို့ တစ်နှစ်လောက် ကြာမယ် ။ ဒါကြောင့်လောလော ဆယ်ဆယ် ဘားအံမြို့ ၊ ရတနာဒီပ အမှတ် ၉ရပ်ကွက်ရှင်ဖြူ ရှင်လမ်းကမ္ဘာလုံးကျာင်းတိုက်ဝန်းထဲမှာပဲ ယာယီတည်ထားကိုး ကွယ်မှာပါ။စေတီတစ်ခုလုံးကို ပတ္တမြားတွေ ကပ်ပြီး ပူဇော်မှာပါ။ အခုစေတီအတွက်ပတ္တမြားတွေက ဒီနှစ်အတွင်းမှာ ပြည့်စုံသလောက်ဖြစ်မှာပါ”ဟု ဆရာတော်ကမိန့်ကြားသည်။

စေတီတည်ထားပြီးပါက စေတီနှင့် ငါးပေအကွာတွင် မှန်တစ်ထပ်ကာရံမည်ဖြစ်ပြီး ရှစ်ပေအကွာတွင် သံဇကာများကာရံကာ ရှစ်ပေခွဲအကွာတွင် လူပတ်လမ်းပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် သာသနာ့နယ် မြေအတွင်း နိုင်ငံခြားခရီးသွားများနားခိုနိုင်သောအဆောင်များ၊ပြည်တွင်း ခရီးသွားများ ညအိမ် တည်းခို နိုင်သော အဆောင်များ တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

“စေတီတော် တည်ဆောက်ရေး လုပ်ငန်း တွေ ကို ၂၀၁၉ ခုနှစ်က တည်းကစတင်ဆောင်ရွက်လာတာ အခု ၂၀ ရာခိုင်နှုန်းလောက်ပြီးနေပါပြီ ။ ပတ္တမြားတွေကို လေ့လာ နိုင်အောင်ရယ် ။ သာသနာကို တန်ဖိုး ဖြတ်လို့မရတဲ့အတွက်၊ဘုရားဂုဏ်တော်ကို တန်ဖိုးဖြတ်လို့မရတဲ့ အတွက် ရတနာ တွေနဲ့ စီချယ်ပြီး ကိုးကွယ် တာပါ”ဟု ဆရာ တော်က ထပ်မံမိန့်ကြားသည်။ ရှိန်းဝင်းထိုက်(ဓာတ်ပုံ-ဦးဝါသေဌ) credit: pyi myanmar

Tags: