အသည်း မကွဲ စေချင်လို့ဆိုပြီး ချစ် သူနှစ်ယောက်လုံးကို တစ်ပြိုင်ထဲ လက်ထပ်ခဲ့တဲ့ အမျိုးသား

ချစ်သူ ကောင်မလေး တွေကို အသည်း မကွဲ စေချင်လို့ဆိုပြီး ချစ် သူနှစ်ယောက်လုံးကို တစ်ပြိုင်ထဲ လက်ထပ်ခဲ့တဲ့ အမျိုးသား

တစ်ချို့ လူတွေများ ကတော့ ရည်းစား မရှိလို့ fa single ဘဝကနေ မကျွတ်မလွတ် နိုင်ဖြစ်ပေမဲ့ ဒီအမျိုးသာ ကတော့ပုံမှန် လူတွေထက် ပိုလွန်သွား ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ West Kalimantan ပြည်နယ်မှာ နေထိုင်လျက်ရှိတဲ့ အမျိုးသား တစ်ဦးဟာ သူ၏ ချစ်သူကောင် မလေးနှစ် ယောက်စလုံး နာကျင်ခံစား သွားရမှာ ဆိုး၍ ချစ်သူကောင် မလေး နှစ်ယောက်လုံ နဲ့ မကြာခင် က မှ လက်ထပ် မင်္ဂလာပွဲကို တစ်ပြိုင် တည်း ကျင်းပသွားခဲ့ ပါတယ်။

မင်္ဂ လာ ပွဲ ကို တော့ West Kalimantan ပြည် နယ် က Dusan Pangkalan Padan တွင် ကျင်းပပြုလုပ်ခဲ့ တာဖြစ်ပြီး သတို့သမီး နှစ်ယောက်လုံး ကို Rp 10,000 (မြန်မာငွေ 1000 ကျပ်ဝန်း ကျင်) ဖြင့်သာ တင်တောင်းခဲ့ ကြောင်း သိရှိရပါတယ်။

အဆိုပါလက်ထပ် မင်္ဂလာပွဲသို့ မိသားစုဝင် အကုန်လုံးတက်ရောက် ခဲ့ကြပြီး သတို့သား သတို့သမီး များ ပျော်ရွှင် စေ ရန် အတွက် ဆု တောင်း ကောင်း ချီးပေးခဲ့ ကြကြောင်း သိရှိရပါတယ် ။

သတို့သားကတော့ ‘ သူတို့တွေ နာကျင်ခံ စားရမှာကို မမြင်ရက်လို့ နှစ်ယောက်လုံးနဲ့ တစ်ပြိုင်တည်း လက် ထပ်ဖို့ ဆုံးဖြတ်လိုက် တာပါဟူ၍ ပြောပြသွားခဲ့ပါတယ်။

၎င်းတို့၏ မင်္ဂလာပွဲ video ဟာအခုချိန်မှာ တော့ အတော် လေးကို ရေပန်းစား နေခဲ့ ပြီး လူ အများ၏ တုံ့ပြန်ချက် အမျိုး မျိုး ကိုလည်းရရှိ ခဲ့ပါတယ်။

အဆို ပါ video ထဲ မှာတော့ သတို့သား ဟာ သတို့သမီး နှစ်ဦး လုံး၏ ကြားထဲတွင် ထိုင် နေခဲ့ ပါတယ် ။ မင်္ဂလာ ပွဲမှာ တော့ ၎င်းတို့၏ ဦးခေါ င်းကို အပြာရောင် ပိတ်စဖြင့် လွှမ်းခြုံ ထားခဲ့ပြီး သတို့ သမီးတွေ ဟာလည်း video ထဲမှာ ပြုံးပျော်နေကြ ပါတယ်။ ခရက်ဒစ်