Utah ပြည်နယ် ကန္တာရထဲတွင် တွေ့ရှိရသော အ မျိုး အမည် မသိ သတ္တု ချောင်းကြီး ပြန် လ ည် ပျောက်ကွယ်သွား

Utah ပြည်နယ် ကန္တာရထဲတွင် တွေ့ရှိရသော အမျိုးအမည် မသိ သတ္တု ချောင်းကြီး ပြန်လည် ပျောက်ကွယ်သွား

နိုဝင်ဘာလ ၁၈ ရက်နေ့က အမေရိကန် ပြည်ထောင်စု အများပြည်သူလုံခြံရေးကို လေကြောင်းမှ စောင့်ကြည့်ရေးဗျူရိုမှ အရာရှိများ Utah ပြည်နယ်အတွင်း ရဟတ်ယာဉ်ဖြင့် လှည့်လည်စစ်ဆေးစဉ် ပြည်နယ် အရှေ့တောင်ဖက် ယွန်းယွန်း တစ်နေရာ ကန္တာရ ထဲတွင် တွေ့ရှိခဲ့ရသော ပြောင်လက်နေသည့် သတ္တုချောင်းကြီးမှာ ယခုအ ခါ ပြန်လည်ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ယင်းဗျုရိုမှ သတင်းထုတ်ပြန်သည်။

ယင်း သတ္တုချောင်းကြီးအား မည် သူ က ပြန် လည် ဖယ်ရှားသွားသည်ကို မသိ ရ သော်လည်း ပြီး ခဲ့ သည့် သောကြာနေ့ ဖြစ် သည့် နိုဝင်ဘာ ၂၇ ရက်နေ့ ညပိုင်းက ပျောက်ကွယ် ခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူတို့ကဆိုသည်။

မိမိတို့နယ်မြေအတွင်း မည်သူက တရားမဝင် လာရောက်စိုက်ထူးထားသည်ကို မသိရသော သတ္တုချောင်းကြီးသည် ယခုအခါ မရှိတော့ပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု အများပြည်သူလုံခြံရေးကို လေကြောင်းမှ စောင့်ကြည့်ရေးဗျူရို တရားဝင်သတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ ယင်းသတ္တုချောင်းကြီးကို မိမိတို့ဗျူရိုအပါအဝင် အခြားတာဝန်ရှိအဖွဲ့အစည်းများက ဖယ်ရှားခဲ့ခြင်းမဟုတ်ပဲ ပုဂ္ဂိုလ်တစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့တစ်ဖွဲ့က ပြန်လည်ဖယ်ရှားသွားခြင်းဖြစ်ဟန်တူကြေင်း၊ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကန္တာရ အတွင်း လူသူ နေထိုင်ခြင်း မရှိသော အနီရောင် ကျောက်တောင်များ အလယ် မြေပြင်ပေါ်တွင် ပြောင်လက် နေသော သတ္တုချောင်းကြီး တစ်ခုကို စိုက်ထူထားခြင်းဖြစ်ကာ၊ သတ္တုချောင်းကြီးသည် ၁၀ပေမှ၁၂ခန့်ရှည်မည်ဟု အမေရိကန်ပြည်ထောင်စု အများပြည်သူလုံခြံရေးကို လေကြောင်းမှ စောင့်ကြည့်ရေးဗျူရိုမှ အရာရှိများကပြောကြားခဲ့သည်။ credit: Popular News Journal

Tags:

Add a Comment

Your email address will not be published. Required fields are marked *