ကွန်တိန်နာယာယီအိပ်ဆောင်ကိုမီးရှို့ခဲ့မှု ကြောင့်မီးရှို့သူအမျိုးသားနှင့်အခြားအတူ နေသူအမျိုးသားတစ်ဦးမီးလောင်မှုဖြစ်ပွား

ကွန်တိန်နာယာယီအိပ်ဆောင်ကိုမီးရှို့ခဲ့မှု ကြောင့်မီးရှို့သူအမျိုးသားနှင့်အခြားအတူ နေသူအမျိုးသားတစ်ဦးမီးလောင်မှုဖြစ်ပွား

ဧပြီလ(၂၇)ရက်နေ့ညနေ(၆:၁၅) အချိန်ခန့်က ကျောက်တန်း မြို့နယ် သီလဝဆိပ်ကမ်းလမ်းမကြီးအကွက်အမှတ်(၁၄)တွင် အမျိုးသားနှစ်ဦးမီး လောင်ခံရကြောင်းသတင်းအရ ကျောက်တန်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းဦးစီးအဖွဲ့ သီလဝါ နယ်မြေစခန်းမှူး ရဲအုပ်အောင်ဆန်းကျော် ဦးစီးအဖွဲ့

အေးမြသီတာရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်စိုးအဖွဲ့တို့မှသွား ရောက်စစ်ဆေးခဲ့ကြသည်၊ ဖြစ်စဉ်မှာ ဧပြီလ(၂၇)ရက်နေ့ည (၆:၁၅)နာရီအချိန်ကကျောက်တန်းမြို့နယ် သီလဝဆိပ်ကမ်းလမ်းမကြီးအကွက်အမှတ်(၁၄)တွင်ဖွင့်လှစ်ထားသော FSG Myanmar Security Service Co, Ltd

တွင်လုံခြုံရေး အလုပ်သမားများနေ ထိုင်ရန် ယာယီလုပ်ထားရှိသောကွန်တိန်နာအိပ်ဆောင်အတွင်းနေထိုင်သူ အလုပ်သမား ကိုဖြူရွှေအောင်(၂၃)နှစ်(ဘ)ဦးငဖြူအောင်လုံခြုံရေးသည်အရက်သေစာသောက်စားပြီး အိပ်ဆောင်အတွင်းလုပ်ငန်းသုံးထားရှိသည့် ဓာတ်ဆီပုံးထဲမှဓာတ်ဆီကိုသွန်ချ၍ ၎င်းမီးခြစ်ဖြင့်အိပ်ဆောင်အားမီးရှို့ခဲ့

သောကြောင့်အိတ်ဆောင်အတွင်းအတူ နေထိုင်သူကိုနိုင်နိုင်လင်း(၂၀)နှစ်(ဘ) ကိုကိုနိုင်တွင်မျက်နှာဝဲဘက်ကျောကုန်း/ ဝဲခြေထောက် အရေပြားမီးလောင်ဒဏ်ရာ ကိုဖြူရွှေအောင်တွင်ဦးခေါင်းမှစခန္ဓာ ကိုယ်တစ်ပြင်လုံးအရေပြားမီးလောင်ဒဏ် ရာရှိခဲ့ပြီး၎င်းတို့နှစ်ဦးအားကျောက်တန်း မြို့ပြည်သူ့ဆေးရုံမှတစ်ဆင့်

ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးသို့လွဲပြောင်းကုသ လျက်ရှိကြောင်းသိရသည်၊ မီးလောင်မှုကြောင့်ကွန်တိန်နာအိပ် ဆောင်အတွင်းရှိ အဲယားကွန်း(၁)လုံး ဓာတ်ဆီ(၅)ဂါလံ(၂)ပုံး ဒီဇယ်(၅)ဂါလံ (၂)လုံး နှင့်အသုံးအဆောင်ပစ္စည်းများမီး လောင်ပျက်စီးခဲ့ကြောင်းသိရသည်၊ သို့ဖြစ်၍ ယာယီနေထိုင်ရန်ကွန်တိန်နာ

ဖြင့်ပြုလုပ်ထားသောအိပ်ဆောင်အား မီးရှို့ခဲ့သဖြင့်မိမိအပြင် အခြားသူပါ အပြင်းအထန်နာကျင်ဒဏ်ရာများရရှိ အောင်ပြုလုပ်သူအား ကိုဖြူရွှေအောင် အား သီလဝါ နယ်မြေရဲစခန်းမှအမှု ဖွင့်အရေးယူထားလျှက်ရှိကြောင်းသိ ရသည်၊ လေးစားစွာဖြင့် NoTwoKyauktan နိုးတူး အားခရက်ဒစ်ပေးပါတယ်ခင်ဗျာ