သွားဆရာဝန်မလေး ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော် ပြောပြတဲ့ ခက်ခဲ ပင်ပန်းစွာ သုံးဘီးမောင်းပြီး ဆရာဝန် ဖြစ်အောင် ကျောင်းထား ပေးခဲ့တဲ့ ဖခင်ကိုအကြောင်း

ခက်ခဲ ပင်ပန်းစွာ သုံးဘီးမောင်းပြီး ဆရာဝန် ဖြစ်အောင် ကျောင်းထားပေးခဲ့တဲ့ ဖခင်ကိုအကြောင်း ဂုဏ်ယူစွာဝင်ကြွားစွာ ထုတ်ဖော်ပြောပြတဲ့ သွားဆရာဝန်မလေး

သွား ဆရာဝန်မလေး တစ်ဦးဟာ သုံးဘီး မောင်းပြီး ကျောင်းထားပေးခဲ့တဲ့ ဖခင်ကြီးကို ဂုဏ်ယူစွာ ထုတ်ဖော်ခဲ့တာပါ။ ယခု လက်ရှိအချိန် မှာ သူမ ဟာ သွား ဆရာဝန် တစ်ယောက် အဖြစ် ဘဝ ကို လျောက်လှမ်းနေပြီ ဖြစ်တဲ့ အမျိုးသမီး တစ်ယောက်ကတော့ သူမရဲ့ ဖခင် ကို ဂုဏ်ယူစွာနဲ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သူမရဲ့ဖခင်ဟာ ညီမဖြစ်သူကိုလည်း ဆေးဝါးကျွမ်းကျင် ဘာသာ ရပ်နဲ့ ကျောင်းပြီးအောင် ထားပေးခဲ့သူပါဖြစ်ပါတယ်။သူမ အမည်ကတော့Marga Santiago Suobiron ဖြစ်ပါတယ်။ သူ မရဲ့ဖခင်ဟာ မိသားစု မပြေလည်တဲ့ကြားက ခက်ခဲရုန်းကန်ပြီး သူ မတို့ ညီအစ်မနှစ်ယောက်ကို ကျောင်းပြီးအောင် ထားခဲ့သူပါ။

သူမ ဖခင်ဟာ သုံးဘီး ကိုတောင် အငှား မောင်းရတဲ့ ဘဝနဲ့ သူတို့ညီအစ်မ နှစ်ယောက်ကို ကျောင်းပြီးအောင် ထားခဲ့သူဖြစ်ပါတယ်။ Marga ဟာဖခင်ကိုကျေးဇူးတင်ကြောင်း လူမှုကွန်ရက်စာမျက် နှာပေါ်ကနေ တစ်ဆင့် မျှဝေခဲ့တာပါ။

ခုလို သူမရဲ့ လုပ်ရပ်ကို လူသိန်းပေါင်း များစွာက သတိ ထားမိခဲ့သလို ၊ လူမှုကွန်ရက်မှာ သူမဟာ နာမည်ကြီး လာပါတော့ တယ်။Marga အနေနဲ့ လေယာဉ်မယ် ဖြစ်ချင်ခဲ့ပေမယ့် မိခင်ကတော့ ဘဏ် တစ်ခုခုမှာ စာရင်းကိုင် ဖြစ်ဖြစ် လုပ်စေချင်တယ် လို့ ဆိုပါတယ်။

ဒီအကြောင်းကိုပဲ ဒေသခံမီဒီယာတွေက ပြန်လည်ဖော်ပြပေးခဲ့တာကြောင့် လူမှုကွန်ရက်မှာ သူမဟာ နာမည်ကြီး လာပါတော့ တယ်။Marga အနေနဲ့ လေယာဉ်မယ် ဖြစ်ချင်ခဲ့ ပေမယ့် မိခင်ကတော့ ဘဏ် တစ်ခုခုမှာ စာရင်းကိုင် ဖြစ်ဖြစ် လုပ်စေချင် တယ်လို့ ဆိုပါတယ်။ သို့သော်လည်း သူမက သင်္ချာ ဘာသာရပ်မှာ အားနည်းတဲ့အတွက် အဲဒီနှစ်ခု စလုံးနဲ့ မနီးစပ်ခဲ့ဘဲ၊ သူမရဲ့ ဖခင်ဖြစ်စေချင်တဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်း များသွားခဲ့တာဖြစ်ပါတယ်။

အစပိုင်း မှာတော့ ဖခင် တိုက်တွန်းချက်ကို သူမက လက် မခံခဲ့ပါဘူး။ အားလုံး သိတဲ့ အတိုင်း သွား/ဆေးတက် ဖို့ဆိုတာ တော်ရုံစ ရိတ်စက တက်နိုင်ရုံနဲ့ မဖြစ်နိုင် လို့ပါ။ ဖခင်က သွား/ဆေးတက်ဖို့ကိုသာ ရွေးချယ်ဖို့ တိုက်တွန်း ခဲ့ပြီး ငွေရေး ကြေးရေး စိတ် မပူဖို့ တိုက်တွန်းပြောဆိုခဲ့တပါ။ ဒီလိုနဲ့ သွား/ဆေးကို ရွေးချယ်ဖြစ်ခဲ့တာပါ။ Marga ရဲ့ဖခင်ဟာ တောင်သူလုပ်ငန်းကို မနက်(၄)နာရီမှာ ထပြီးလုပ်ပါတယ်။ (၆)နာရီမှာ အိမ်ပြန်လာပြီး၊ မနက်စာစား (၇) နာရီဆို သုံးဘီးနဲ့ ငွေရှာ ထွက်ပါတယ်။

သူမတို့ မိသားစု ကို တခြားသူတွေက အကူအညီတွေ ပေးကြတာ မှန်ပေမယ့် ဖခင် ဖြစ်သူရဲ့ ဇွဲလုံံ့လနဲ့ ဝီရိယသာ မရှိဘူးဆိုရင် သူမတို့ ညီအစ်မတွေ ဘာ ရယ် ဆို တာ ဖြစ် လာ မှာ မ ဟုတ် ဘူး လို့ ပြောပါတယ် ။ ချုချိန်မှာ Marga ဟာ ဖိလစ်ပိုင်နိုင်ငံ၊ Iloilo မြို့က နာမည်ကြီး ဆေးတက္ကသိုလ် ဖြစ်တဲ့ Iloilo Doctors College ကနေ ဒေါက်တာဘွဲ့ ရယူနိုင်ခဲ့ပါပြီ။

သူမရဲ့ ဖခင်ကို ဂုဏ်ပြုကြောင်း တင်ခဲ့တဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်ဟာ တ ခြားသူတွေ အတွက် အားကျစရာ အတုယူ စရာ ဖြစ်ခဲ့ပြီး၊ လိုက်ခ်ပြုလုပ်သူ (၃၄၀၀၀)ရှိခဲ့ပြီး ပြန်လည်မျှဝေသူ (၁၂၀၀၀)အထိ ရှိခဲ့ပါတယ်နော်။ Credit

Tags: