ဗိုလ်တထောင်စေတီတော်အတွင်း သာသနာတော်ထွန်းကားပြန့်ပွားစေဖို့ အလှူငွေ သိန်း (၂၀) လှူဒါန်းခဲ့တဲ့ သီဟသုဓမ္မမဏိဇောတဓရ ခန့်စည်သူ

ဗိုလ်တထောင်စေတီတော်အတွင်း သာသနာတော်ထွန်းကားပြန့်ပွားစေဖို့ အလှူငွေ သိန်း (၂၀) လှူဒါန်းခဲ့တဲ့ သီဟသုဓမ္မမဏိဇောတဓရ ခန့်စည်သူ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ရဲ့ ဂုဏ်ပြု ချီးမြှင့်ဘွဲ့ ရထားတဲ့ သီဟသုဓမ္မမဏိဇောတဓရ ခန့်စည်သူ ကတော့ တစ် ကိုယ် တည်း လူပျိုကြီး ပီပီ မိဘ နှစ်ပါးကို လုပ်ကျွေးပြုစုရင်း အ လှူ အတန်း တွေကို အမြဲတမ်း ပြုလုပ်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခန့်စည်သူကတော့ မေတ္တာ သင်္ဂဟ ပရဟိတ အဖွဲ့ကိုလည်း ဦးဆောင်နေသူတစ်ယောက် ဖြစ်ပြီး ကိုဗစ်ကာလမှာလည်း လိုအပ်နေတဲ့ နေရာတွေ မှန်သမျှကို ထောက်ပံ့ ကူညီ လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။

မနေ့ကနိုဝင်ဘာလ(၂၈)ရက်နေ့မှာလည်း ခန့်စည်သူကသိန်း (၂၀) လှူဒါန်းခဲ့တဲ့ အလှူလေးကို “ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီး အတွင်းရှိ မဂ္ဂင် ဓါတုစေတီတော်ကြီး၏ ထီးတော်(၁)ဆူနှင့် အရံစေတီတော် (၈)ဆူအတွက် ထီးတော်များတင်လှူပူဇော်လှူဒါန်းခဲ့ခြင်းနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ အဆောက်အဦများတည်ဆောက်ရေးအတွက် အလှူငွေ ကျပ်သိန်း(၂၀) လှူဒါန်းခဲ့ပါတယ်။

လှူဒါန်းမှု အစုစုတို့ အတွက် နတ် ၊ လူ သာဓုခေါ်ပါစေသော်… 🙏🙏🙏” ဆိုပြီး သူ့ရဲ့ ကုသိုလ်လေးကို မျှဝေပေးလာပါတယ်။ ခန့်စည်သူကတော့ အလှူရေစက် လက်နဲ့မကွာ လှူဒါန်းရင်း တစ်ကိုယ် တည်း လူပျိုကြီး အ ဖြစ် အပူ အပင် ကင်းကင်း ရှိနေတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ခန့်စည်သူရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓု ခေါ်ဆို ပေးကြ ပါဦးနော် ။ ဖတ်ရှု ပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ပါတယ် ။ Source: Kyaw Soe Win’s fb