မြန်မာနိုင်ငံ အတွင်းရေးမှူးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တဲ့ ကြော်ငြာတစ်ခုနဲ့ ပက်သတ်ပြီး အနူးအညွတ် ပြန်လည်တောင်းပန်လိုက်တဲ့ ဖြူဖြူထွေး

မြန်မာနိုင်ငံ အတွင်းရေးမှူးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တဲ့ ကြော်ငြာတစ်ခုနဲ့ ပက်သတ်ပြီး အနူးအညွတ် ပြန်လည်တောင်းပန်လိုက်တဲ့ ဖြူဖြူထွေး

အွန်လိုင်းဆယ်လီ တစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေးကတော့ နောက် ပိုင်းမှာအွန်လိုင်းကြော်ငြာလေးတွေကို ရိုက်ကူးလာခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင် လာခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ဖြူဖြူထွေးက ဒါရိုက်တာ စတီးလ်ရိုက်ကူးတဲ့ ကြော်ငြာတစ်ခုမှာပါဝင် သရုပ်ဆောင်ခဲ့ပြီး အွန်လိုင်းပေါ် တင်ခဲ့ရာ ထိုကြော် ငြာ ထဲ က ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်ချက် တွေက အတွင်း ရေးမှူးတွေရဲ့ ကျင့်ဝတ်နဲ့ မညီညွတ်သော ကိုယ်အမူအယာ၊ နှုတ်အမူ အ ယာတွေ အပြင် လုပ်ငန်း ခွင်ရှိ လုပ်ဖော် ကိုင်ဖက် များကို ပြောဆိုဆက်ဆံပုံများ ပါဝင်တာကြောင့် မြန်မာနိုင်ငံအတွင်းရေးမှူးအသင်းက ရှုံ့ချကြောင်း စာထုတ်ပြန်ခဲ့ တာပဲ ဖြစ်ပါတယ်။

ထိုကိစ္စနဲ့ ပက်သတ်ပြီး ဖြူဖြူထွေးက “ဒီကြော်ငြာလေး ကတော့ Director သင်ပေးတဲ့ အတိုင်း လုပ်ဆောင်ခဲ့ရတာပါ ဒီလို ရိုင်း စိုင်းတဲ့ အပြုအမူ မျိုးဖြစ်ခဲ့ရင် သမီး အနေနဲ့ တောင်း ပန်ပါ တယ် 🙏🙏🙏 ဇာတ်လမ်းဇာတ်ညွန်း သမီးကိုယ်တိုင်ရေးစပ်ထားတာ မဟုတ်တော့ Secretary တစ်ယောက် ရဲ့ နေထိုင်မှု့ အဆင့် အ တန်းကို သမီးလေ့လာမထား မိပါဘူး။အဲ့ဒါကြောင့် သမီးရဲ့ သရုပ် ဆောင်မှုဟာ Secretary ဝန်ထမ်းတွေ အပေါ် ဂုဏ်သိက္ခာ ထိခိုင်မှုကြောင့် သမီး အနေနဲ့ အနူး အညွှတ် တောင်းပန် အပ်ပါတယ်ရှင်။နောက်နောင် ဒါမျိုးမဖြစ်အောင်လဲ ဇာတ်ညွှန်းကိုသေချာ ဖတ် ဂရုစိုက်ပြီး သရုပ်ဆောင်ပါ့မယ်🙏🙏🙏” ဆိုပြီး အနူးအ ညွတ် ပြန်လည်တောင်းပန်လာခဲ့ ပါတယ်။

ဒါရိုက်တာ စတီးလ် ရိုက်ကူးခဲ့ပြီး ဖြူဖြူထွေး သရုပ်ဆောင် ခဲ့တဲ့ ကြော်ငြာ တွေက တော့ မြန်မာ နိုင်ငံ အတွင်း ရေးမှူး တွေရဲ့ ဂုဏ် သိက္ခာကိုထိခိုက်စေခဲ့တာကြောင့် အတွင်းရေးမှူးတွေရဲ့ ဝေဖန်မှုကို ပြင်းပြင်း ထန်ထန် ခံနေရတာပဲ ဖြစ်ပါတယ် ။ ဖြူဖြူထွေးရဲ့ ဖြေရှင်းတောင်းပန်လာမှုကြောင့်လုပ်ငန်းခွင်ထဲက အတွင်းရေးမှူးတွေနဲ့တကွ ပရိသတ်ကြီးလည်း နားလည် ခွှင့်လွှတ်ပေးကြမယ် လို့ မျှော်လင့်ပါတယ်။ ပရိသတ်ကြီးအား လုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြ ပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ်။ Source : Cele Connections

Add a Comment

Your email address will not be published. Required fields are marked *