ငွေနှစ်ထောင်အကြွေးကြောင့် နွားဘဝနဲ့ပြန်ဆပ်ခဲ့ရတဲ့ကိုသာမောင် (ဖြစ်ရပ်မှန်)

ငွေနှစ်ထောင်အကြွေးကြောင့် နွားဘဝနဲ့ပြန်ဆပ်ခဲ့ရတဲ့ကိုသာမောင် (ဖြစ်ရပ်မှန်)

လွန်ခဲ့သော နှစ်ပေါင်း( ၃၀ )ခန့်က ဖြစ်ရပ်မှန်ပါ ။ လူတို့သည် သံ သရာကြွေးကို ပေါ့ပေါ့လေးထားပြီး မကြောက်တတ်ကြ မိမိတို့ယူ ထားသော အကြွေးမှန်သမျှ ကျင်လည်ရသည့် ဘဝအဆက်ဆက် ၌နွားခြေရာနောက်ကို လှည်းဘီးပါသလို တကောက်ကောက် လိုက် ပါသွားသည်ကို မေ့လျော့ နေကြ၏။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ခန့်က ကိုသာမောင်သည် သူငယ် ချင်းတစ်ယောက်နှင့် အင်းတစ်ခုကို လေလံဆွဲရန် အတွက် ဘကြီးဘိုးထွန်းထံမှ ငွေ နှစ်ထောင် ချေးငှားခဲ့ ပါတယ်။ဘကြီးက အတိုးပင်မယူပဲချေးပေးခဲ့ရာ အင်းပေါ်ခါနီး ဗွေဖောက်ပြီး လောင်းကစား ဖက်လာရာက မရှုံးသင့်ပဲ ရှုံးခဲ့တဲ့ အတွက် အကြွေး ကိစ္စကို စိတ်ပူပြီး သာမောင်တစ်ယောက် အိပ်ယာထဲ ဘုံးဘုံးလဲ ပါတော့တယ် ။ ဘကြီးဘိုးထွန်းက အကြွေးကို ဖြေးဖြေးခြင်းဆပ်ဖို့နဲ့ ကျန်းမာရေးကိုသာ ဂရုစိုက်ရန်ပြောပီး ဆေးဖိုးကိုပင် ထုတ်ပေးခဲ့ပါသေးတယ်။ကိုသာမောင့်စိတ်ထဲမှာ ဒီအကြွေးကို သူဘယ်လိုမှ မဆပ်နိုင်တော့ဟု ယူဆပြီး စိတ်လျော့လိုက်တဲ့နောက်မှာ ဘဝတစ်ပါး ကူးပြောင်းသွားပါတယ် ။

( ထိုခေတ်က ငွေနှစ်ထောင်သည် အလွန်တန်ဖိုးရှိပါသည် ) ကိုသာမောင်မှာ သားသမီး လေးဦး ကျန်ခဲ့ပြီး ဇနီး ဖြစ်သူ မှာလည်း စိတ်ထောင်း ကိုယ်ကြေဖြစ်ကာ သေဆုံးသွားခဲ့ပြန်ပါတယ်။သားအကြီးဆုံးကိုစိုးနှင့် ညီဖြစ်သူတို့ဟာ ညီ မလေးနှစ်ယောက်ကို ဆက်လက် စောင့်ရှောက်ခဲ့ရာက မောင်နှမများ အသီးသီးအိမ်ထောင်ကျပြီးစီးပွါးရေး တိုးတက်ကောင်းမွန် လာခဲ့ပါတယ် ။တစ်နေ့မှာတော့ ကိုစိုးနှင့် မောင်နှမ များဟာ ဘကြီး ဘိုးထွန်းကို အလွန်ဒေါသ ဖြစ်စရာ ပေါ်ပေါက်ခဲ့ ပါတယ် ။

ဘကြီးဘိုးထွန်းဟာ သူ့အိမ်ကနွားလေးကို သာမောင်လို့ ခေါ်ဆိုတာကြောင့် ဖြစ် ပါ တယ် ။ မောင် နှမ တွေ မ ကျေ နပ် တာနဲ့ ဘကြီးဘိုးထွန်းအိမ် သွားပြီး မေးမြန်း ကြတဲ့ အခါ …အေးကွာ ငါလည်း စိတ်မကောင်းတာ အမှန်ပဲ ဒီ နွားပေါက်လေးကို ပန်းဘဲစုမှာ ကြွေးသွား တောင်းရင်း ကြိုက်လို့ ငါ့ညီဆီ ကနေ ဝယ်ခဲ့တာ ဝယ်ပြီး ငါ့သူငယ်ချင်းအိမ်မှာ နွားလေးကိုချည်ထားခဲ့တယ်။ ငါ ပြန်လာတော့ ချည်တိုင်မှာ မရှိတော့ဘူး လိုက်ရှာတော့လည်း မတွေ့တာနဲ့ အိမ်ကိုပြန်လာ ခဲ့တယ်။

အံ့သြစရာကောင်းတာက ငါ အိမ်ကိုရောက်တော့ နွားလေးက နွားတင်းကုပ်မှာ ရောက်နေတယ်။ စဝယ်ကတည်းက ငါ့ကိုလည်းတွေ့ရော ပယောပရီလုပ်နေတာ ငါလည်း မင်းတို့အဖေများ ဝင်စားသ လားဆိုပြီး ဟေ့ကောင် သာမောင်ကြီး လို့လည်း ဆို ရော ငါ့ဆီကို တန်းပြေးလာတာပဲ ။ ဟာဗျာ…ဘိုးလေးကလဲ… မဖြစ်နိုင်တာဗျာ အဖေကနွားဘဝရောက်မလားဗျ …အေးပါကွာငါကလည်း အဖြစ်ကို ပြောပြ တာပါ ငါလည်း စိတ်မကောင်း ပါဘူး မင်းတို့ အဖေက သိပ်ရိုးတာ ဒါကြောင့်သူပိုက်ဆံလာချေးတော့ လွယ်လွယ်ကူကူ ငါ ချေးပေးခဲ့ တာပေါ့။

ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဘိုးလေးရာ…ဒီနွားကို အဖေ့ နာမည် မခေါ် ပါနဲ့ ဗျာ …အေး… ငါလည်း တခြား နာမည် ပေးပြီး ခေါ်ပါတယ် မလှုပ် ဘူးကွ သာမောင် လို့ ခေါ်လိုက်လို့ ကတော့ ကြားတဲ့နေရာက ပြေးလာတာပဲ ။ ဆက်ပြောလျှင် မောင်နှမတွေ ဒေါသပါ လာတော့မှာသိတဲ့တွက် စကားဖြတ်ပြီး ပြန်လာခဲ့ကြပါတယ် ။ညီမဖြစ်သူကတော့လုံးဝမကျေနပ် အဖေ့နာမည်နွားကို ပေးထားတာ ဒါ အဖေ့ သိက္ခာကို ချနေတာ သမီး အနေနဲ့ အဖေ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ရမှာပဲ ။

ကဲ…ဒါဆို နင်တို့ ဒီလောက်တောင် ဖြစ်နေကြတာကျေးရွာ တရား သူကြီးအဖွဲ့ကို တိုင်ကြရအောင် ကျေးရွာလူကြီးနှင့်အဖွဲ့ဟာ ကိုသာမောင့် ကိစ္စကို အမျိုးမျိုး တိုင်ပင် ပီးတဲ့ခါ လယ်ထဲသွားပီးကိုစိုးတို့ မောင်နှမတွေ ဘကြီး ဘိုးထွန်းနဲ့ ကိုသာမောင် ဝင်စားတဲ့ နွားလေးကိုပါခေါ်ပြီးဖြေရှင်းပါတယ် ။နှစ်ဦးနှစ်ဖက် ကျေးရွာလူကြီးများ၏ အဆုံးအဖြတ်ကို နာခံပါမယ်လို့ ကတိပြုပီးတဲ့ ခါမှာ ဦးဘိုးထွန်းကို ပထမဆုံး နွားလေးကို ခေါ်ခိုင်းစေ ပါတယ် ။

အထူး စိတ်ဝင်စား ကြတဲ့ အတွက် လာကြည့်တဲ့ လူတွေ ကလည်း အနီးနားက ရွာတွေပါ အုံးအုံးထ နေအောင်ပါပဲ ။ဦးဘိုးထွန်းက ရွှေနီရေ လာလာ…ထိပ်ကွက်ရေလာခဲ့ လာခဲ့ စသဖြင့် နွားနာမည်တွေကို ဘယ်လိုပဲ ခေါ်ခေါ် နွားလေးက တုပ်တုပ်မျှ မလှုပ် ။ သာမောင်ရေလို့ ခေါ်လိုက်တာနဲ့ ချက်ချင်း အပြေးအလွှားရောက်လာတာကို ကြည့်နေတဲ့သူတွေအား လုံး အံ့သြစွာ မြင်တွေ့ကြရ ပါတယ် ။

သည့်နောက် ကိုသာမောင်ရဲ့ သားသမီး မောင်နှမ လေးယောက်ကို အပြင်လူ( ၂၀ )နဲ့ရောပြီး တန်းစီ ခိုင်းထားလိုက်ပါတယ် ။ကဲ မင်း သာမောင်ကြီး ဝင်စားတာ မှန်လျှင် တန်းစီထားတဲ့ အထဲက မင်းရဲ့သားကြီးဆီ သွားနမ်းစမ်းလို့ ပြောလိုက်တဲ့ ခါမှာ နွားလေးဟာ သူ့သား ကိုစိုးရှေ့ တည့်တည့်သွားပီး နမ်းပါ တော့တယ် ။

သား ကိုတရှုံ့ရှုံ့နမ်းရင်း မျက်ရည်တွေပါ တဖြိုင်ဖြိုင် စီးကျလာပါတယ် ။ လာကြည့်ကြတဲ့ ပရိသတ် ကြီးလည်း ကိုသာမောင့် အဖြစ်ကိုမြင်ပီး ဝမ်းနည်းလွန်းလို့ မျက်ရည်ကျတဲ့ လူကကျ ငိုတဲ့လူက ငို … အဲသည် နောက် နွားလေးဟာ လူအများကြီး ကြားထဲက သမီးဖြစ်သူထံကိုစိုက်စိုက်မတ်မတ်သွားပီး နမ်းရှုံ့လိုက်တဲ့ အခါမှာတော့ အောင်မလေး အဖေရဲ့… သမီး ရင်ကွဲပါပြီ ဖြစ်မှ ဖြစ်ရလေအဖေရယ်ဆိုပီး ချုံးပွဲချ ငိုပါတော့တယ်။

နွားလေးကို ဖက်ပြီး ငိုကြွေးလိုက်တဲ့ အသံဟာမြင်ရသူအပေါင်းရဲ့ ရင်ထဲမှာ ဆို့တက်သွားပြီး ယောကျာ်းရင့်မာကြီး တွေတောင် မျက် ရည်တွေစီးကျ လာစေခဲ့ပါတယ် ။ ဤအဖြစ် အပျက်ဟာ သံဝေဂယူစရာ ကောင်း သ လို ကိုသာမောင် ဟာ ဖခင် တစ်ဦး အနေဖြင့် မိသားစုရဲ့ စားဝတ်နေရေးအတွက် ရုန်းကန်ရင်း အကြွေးမပေးနိုင်တဲ့တွက် အပါယ်ဘုံသို့ ကျရောက်ရခြင်း။

အကုသိုလ်ကံ ပေးဆပ်ရတဲ့ခါ ပြုလုပ်သူ သာလျှင်ပေးဆပ်ရခြင်း။ အဆိုပါအတိတ်က အကုသိုလ်ကံသည် ဘဝပေါင်းမည်မျှထိ လိုက် လံ အကျိုးပေးမည်ကို မသိခြင်း။ ဒါကြောင့်… သူတစ်ပါးအကြွေးယူပြီးပြန်မဆပ်သူသူများအနေနဲ့ သံဝေဂနဲ့ဆင်ခြင်နိုင်စေဖို့အတွက် တင်ပြလိုက်ပါတယ်။ တရားရတနာ