ဆင်းရဲပင်ပန်းနေတဲ့ ကလေးတွေကို တွေ့တိုင်း ငယ် ဘဝ က မပြည့်စုံခဲ့တာတွေကို ပြန်မြင်ယောင်မိတယ် ဆိုတဲ့ ဖြူဖြူထွေး

ဆင်းရဲ ချို့တဲ့ ပင်ပန်းနေတဲ့ ကလေးတွေကို တွေ့တိုင်း ငယ်ဘဝက မပြည့်စုံခဲ့တာတွေကို ပြန်မြင်ယောင်မိတယ် ဆိုတဲ့ ဖြူဖြူထွေး

ရယ်မောပျော်ရွှင်စေတဲ့ ဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေကို ရိုက်ကူးရင်း တစ်နေ့ထက်တစ်နေ့ အောင်မြင်လာခဲ့တဲ့ ဖြူဖြူထွေးကတော့ အခုဆိုရင် ကိုယ်ပိုင်တိုက်၊ကိုယ်ပိုင်ကား အစရှိတာတွေကို ပိုင်ဆိုင်လာပြီး မြင်သူတိုင်း အားကျ ရတဲ့ ဘဝလေးကို ရရှိ နေပြီပဲ ဖြစ်ပါတယ်။

ဖြူဖြူထွေးကတော့ အောင်မြင်မှု ဂုဏ်ပကာသနတွေကိုလည်း ရရှိထားသလို ပြည့်စုံ လုံလောက်တဲ့ ငွေကြေး ဥစ္စာတွေ ကိုလည်း ပိုင် ဆိုင်နေပြီဆိုပေမယ့် မာန်မာနထောင်လွှားခြင်းမရှိပဲ သူမရဲ့ ပကတိပုံစံလေး အတိုင်း ဖြူဖြူစင်စင် ရှိနေဆဲပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ ကလည်း ရိုးသားပြီး ဟန်ဆောင် မှုတွေ ကင်းတဲ့ ဖြူဖြူထွေးကို ပရိသတ်တွေ ကလည်း တကယ့်အနုပညာရှင်ကြီးတစ်ယောက်လို ချစ်ကြတာပဲ ဖြစ်ပါတယ်။ ပစ္စည်းဥစ္စာကြွယ်ဝလာတာနဲ့အမျှ သူမရရှိတဲ့ ပိုက်ဆံလေးတွေနဲ့ အလှူအတန်းတွေကို မကြာခ ဏဆိုသလို ပြုလုပ်လေ့ ရှိတဲ့ ဖြူဖြူထွေး ကတော့ သူမကိုယ်တိုင် ခက်ခဲချို့တဲ့တဲ့ ဘဝကလာခဲ့သူမို့ အလှူကြီးကြီးဖြစ်ဖြစ် သေးသေးဖြစ်ဖြစ် နေ့စဉ်နေ့တိုင်း လုပ်ကိုင်နေလျက်ရှိပါတယ်။

ဖြူဖြူထွေးက အထူးသဖြင့် ချို့တဲ့ ပင်ပန်းနေတဲ့ ကလေး တွေကိုတွေ့တိုင်း ငယ်ငယ်က မပြည့်စုံခဲ့တဲ့ ဘဝလေးကို ပြန်မြင်ယောင်မိတာကြောင့် “သူတို့ ဘဝလေးတွေနဲ့ ငယ်ငယ်က ဖြူဖြူထွေး ဘဝလေးနဲ့က မောင်နှမတွေ လိုပါပဲ တွေ့တိုင်း သူစိမ်းတွေလို မခံစားရဘူး ” ဆိုပြီး သူမရဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောလာပါတယ်။

ဖြူဖြူထွေး က တော့ သူမ ရဲ့ ကုသိုလ် ကံ လေးကြောင့် ကျောင်းကပွဲ ဗီဒီယိုလေး ကနေတဆင့် အခုဆိုရင် နိုင်ငံကျော် ဆယ်လီကြီးတစ်ယောက် ဖြစ်လာတယ် ဆိုပေမယ့် ဘဝမေ့ မသွားတဲ့ အ ချက်လေးကတော့ လေးစားဖွယ်ရာ စိတ်ဓာတ်လေးပါပဲ။

စိတ်ထားလှတဲ့ ဖြူဖြူထွေးတစ်ယောက် ဒီထက်မက အလှူအတန်းတွေကို ပြုလုပ်နိုင်ပြီး အများ အကျိုးသယ်ပိုးနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အား လုံး လည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ကို ပိုင်ဆိုင် နိုင်ကြ ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။ Source : Phyu Phyu Htwe’s Facebook