ရင်နင့်စရာ နောင်တတွေ ကြုံရတော့မည့် ဆဲဆဲ ကံကောင်းသွားတဲ့ ကလေးမိခင်

ရင်နင့်စရာ နောင်တတွေ ကြုံရတော့မည့် ဆဲဆဲ ကံကောင်းသွားတဲ့ ကလေးမိခင်

ဆိုရှယ်မီဒီယာတွေပေါ်မှာ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး အဖြစ်ဆိုးတွေ ကြုံတွေ့ရတဲ့သတင်းကို မကြာခဏဆိုသလို တွေ့မြင်ရနေပါတယ်။ တော်တော် များများ ကိစ္စတွေဟာ မိဘတွေရဲ့ ပေါ့ဆမှုကြောင့်ဖြစ်ပေါ်တာများပါတယ်။မကြာသေးမီကလည်း မိဘတွေရဲ့ ပေါ့ဆမှုကြောင့် Facebook ပေါ်မှာ ကလေးငယ်နဲ့ ပတ်သက်တဲ့ သတင်းဆိုးတစ်ခုပေါ်ထွက်ခဲ့ပါသေးတယ်။

ဒါကတော့ လေးဘက်ထောင့်သွားတတ်တဲ့အရွယ်ကလေးငယ်တစ်ဦးဟာ နေ့ခင်း ဘက် မိဘ တွေ အိပ်ပျော်နေတဲ့အချိန် ကားလမ်းမကြီးအလယ်ကို ရောက်သွားတဲ့ သတင်းပါပဲ။ ကံကောင်းစွာနဲ့ပဲ ထိုလမ်းမမှာ မောင်းနှင်လာတဲ့ ကားသမားကောင်လေးတစ်ဦးကတွေ့လို့ သူ့ကားကိုစက်သက်ပြီး ကလေးကို ကောက်ယူခဲ့ပါတယ်။

အဲ့ဒီနောက် ကားလမ်းဘေးရှိ အနီးနားကအိမ်တွေကို လိုက်လံမေးကြည့်ရာ မမျှော်လင့် ဘဲ အိမ်ဘေး ဘက် အဖီ အောက် သစ်သားကွက်ပျစ် ပေါ်မှာ အိပ်စက် နေတဲ့ လင်းမယားရဲ့ ကလေးဖြစ်နေပါတယ်။ သူ့ရဲ့ ကလေးကို လာပြန်ပို့တဲ့ အခါ မိခင်ဖြစ်သူက အလွန်အံ့အားသင့်သွားပြီး ကြောက်လန့်သွားပါတယ်။

ကလေးဟာ သူမနဲ့ အတူ အိပ်စက် နေရင် သူမအိပ်ပျော်သွားတုန်း ထွက်သွားခဲ့တာ ဖြစ်ပါတယ် ။ အခုလို လူကောင်း တွေနဲ့ တွေ့ဆုံခဲ့တာ အရမ်းကို ကံကောင်းပြီးတကယ်လို့ သူ့သားသမီးတာ တစ်ခုခုဖြစ် ခဲ့ ရင် သူ့ဘဝ တစ်ခုလုံး နောင်တ ရလို့ ဆုံးမှာ မဟုတ်ဘူး လို့ ကလေးရဲ့ မိခင်ဖြစ်သူက ဆိုပါတယ်။

လေးဖက်ထောက် သွားတတ်တဲ့ အရွယ်၊ လမ်းစလျှောက်တတ်တဲ့အရွယ်မှာ ကလေးတွေကို ယခင်ကပိုပြီး ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အိမ်ထဲမှာ အတူတူနေရင်းနဲ့တောင်း ခဏလေးသတိလက်လွတ်ဖြစ်မိတာနဲ့ သင့်ကလေး အနာတရ တစ်ခုခု ဖြစ်နေတတ် ပါတယ်။ ယ ခင်တုန်းကလည်း အိမ်မှာ ကလေး အချင်းချင်း ဆော့နေရာ ကနေ သတိ မထားမိလိုက်တဲ့ အခါ အိမ်မှာ ရှိတဲ့ စဉ့်အိုးထဲ ပြုတ်ကျပြီး သေဆုံးနေတဲ့ အဖြစ်ဆိုးမျိုးတွေ ရှိပါတယ်။

ဒါ့ကြောင့် သင့်အနေနဲ့တစ်ခုခုလုပ်နေတဲ့အခါ၊ အိပ်တဲ့အခါ၊ အပြင်သွား ခဏ သွားတဲ့ အ ခါ စိတ် ချ ယုံကြည် ရတဲ့သူ တစ်ဦး နှစ်ဦးလောက် ထံမှာ အပ်ပြီးမှ ပြုလုပ်ပါ ။ ဒါတောင် အချိန် အကြာကြီးပစ်ထားခဲ့လို့မရပါဘူး။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးဟာ ကိုယ်ကလွဲပြီး ဘယ်သူနဲ့မှ ပိုပြီး အဆင်မပြေနိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။ credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *